ဘယ်လ်ဂျီယံ နဲ့ ဒိန်းမတ် ပွဲစဉ်မှာ အဲရစ်ဆင်ကို အားလုံး ငြိမ်သက် ဂုဏ်ပြုမယ်လို့ ပြောတဲ့ လူကာကူ

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ နဲ့ သူ့ရဲ့ အသင်းဖော်တွေဟာ ဒိန်းမတ် လက်ရွေးစင် ကစားသမားတွေနဲ့ အတူ ဆေးရုံ တက်နေရတဲ့ အဲရစ်ဆင်ကို ဒိန်းမတ် နဲ့ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ အားလုံး ဂုဏ်ပြုပေးမှာ ဖြစ်ပါတယ်။

လူကာကူက ဒိန်းမတ်အသင်း နဲ့ ဘယ်လ်ဂျီယံအသင်းတို့ ကစားမယ့် ပွဲစဉ်မှာ ပွဲစလို့ (၁၀) မိနစ်မှာ ဘောလုံးကို ကွင်းပြင်ဘက် ကန်ထုတ်ပြီး အဲရစ်ဆင်ကို အားလုံး ငြိမ်သက် ဂုဏ်ပြုသွားကြမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒိန်းမတ်အသင်း နဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ယနေ့ည၊ (၁၀း၃၀) အချိန်မှာ အုပ်စု ပွဲစဉ် (၂) ကစားမှာ ဖြစ်ပြီး အုပ်စု ပွဲစဉ် (၁) မှာ ဘယ်လ်ဂျီယံအသင်းက နိုင်ပွဲ ရရှိခဲ့ပေမယ့် ဒိန်းမတ်အသင်းကတော့ ရှုံးပွဲသာ ရရှိခဲ့ပါတယ်။

ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဖင်လန်အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စု ပွဲစဉ် (၁) မှာ ကွင်းအတွင်း သတိမေ့ပြီး နှလုံးဖောက်ခဲ့တာကြောင့် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပြီး လက်ရှိမှာ ဆေးရုံတက်နေရပါတယ်။

ကွင်းလယ်လူ အဲရစ်ဆင်ဟာ လက်ရှိမှာ နှလုံးဖောက်တာကနေ ပြန်လည် သက်သာလာနေပြီး ယနေ့ည ဒိန်းမတ် နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ပွဲစဉ်ကို ဆေးရုံက ကုတင်ပေါ်ကနေ ကြည့်မယ်လို့ TheSun သတင်းက ဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကတော့ ယနေ့ည ဒိန်းမတ် နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ပွဲကစားချိန် (၁၀) မိနစ်မှာ ဘောလုံးကို ကွင်းဘေး ကန်ထုတ်ပြီး အဲရစ်ဆင်ကို ဂုဏ်ပြုပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး လူကာကူက “ကျွန်တော်တို့ (၁၀) မိနစ်မှာ ဘောလုံးကို ကွင်းဘေးကန်ထုတ်ပြီး ကစားနေတာကို ရပ်ပါမယ်။ ဒီဟာက အဲရစ်ဆင်ကို ဂုဏ်ပြုမှု နဲ့ အားပေးမှု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကတော့ အရေးကြီးဆုံး အရာပါ။”

“ကျွန်တော် ဆေးရုံကို သွားပြီး အဲရစ်ဆင်ကို သွားတွေ့ချင်ပါတယ်။ ကျွန်တော် ပွဲပြီးရင် အဲရစ်ဆင်ကို အားပေး စကားပြောပါမယ်။ ဒါပေမယ့် အခုတော့ သူ့ကို မိသားစုနဲ့ အချိန် ပေးရပါမယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

Zawgyi

ဘယ္လ္ဂ်ီယံ နဲ႔ ဒိန္းမတ္ ပဲြစဥ္မွာ အဲရစ္ဆင္ကုိ အားလုံး ၿငိမ္သက္ ဂုဏ္ျပဳမယ္လုိ႔ ေျပာတဲ့ လူကာကူ

ဘယ္လ္ဂ်ီယံ တုိက္စစ္မွဴး လူကာကူ နဲ႔ သူ႔ရဲ႕ အသင္းေဖာ္ေတြဟာ ဒိန္းမတ္ လက္ေရြးစင္ ကစားသမားေတြနဲ႔ အတူ ေဆးရုံ တက္ေနရတဲ့ အဲရစ္ဆင္ကုိ ဒိန္းမတ္ နဲ႔ ဘယ္လ္ဂ်ီယံ ပဲြစဥ္မွာ အားလုံး ဂုဏ္ျပဳေပးမွာ ျဖစ္ပါတယ္။

လူကာကူက ဒိန္းမတ္အသင္း နဲ႔ ဘယ္လ္ဂ်ီယံအသင္းတုိ႔ ကစားမယ့္ ပဲြစဥ္မွာ ပဲြစလုိ႔ (၁၀) မိနစ္မွာ ေဘာလုံးကုိ ကြင္းျပင္ဘက္ ကန္ထုတ္ၿပီး အဲရစ္ဆင္ကုိ အားလုံး ၿငိမ္သက္ ဂုဏ္ျပဳသြားၾကမွာ ျဖစ္တယ္လုိ႔ ေျပာသြားပါတယ္။

ဒိန္းမတ္အသင္း နဲ႔ ဘယ္လ္ဂ်ီယံအသင္းတုိ႔ဟာ ယေန႔ည၊ (၁၀း၃၀) အခ်ိန္မွာ အုပ္စု ပဲြစဥ္ (၂) ကစားမွာ ျဖစ္ၿပီး အုပ္စု ပဲြစဥ္ (၁) မွာ ဘယ္လ္ဂ်ီယံအသင္းက ႏုိင္ပဲြ ရရွိခဲ့ေပမယ့္ ဒိန္းမတ္အသင္းကေတာ့ ရႈံးပဲြသာ ရရွိခဲ့ပါတယ္။

ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆင္ဟာ ဖင္လန္အသင္းကုိ (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အုပ္စု ပဲြစဥ္ (၁) မွာ ကြင္းအတြင္း သတိေမ့ၿပီး ႏွလုံးေဖာက္ခဲ့တာေၾကာင့္ အေရးေပၚ ေဆးကုသမႈ ခံယူခဲ့ရၿပီး လက္ရွိမွာ ေဆးရုံတက္ေနရပါတယ္။

ကြင္းလယ္လူ အဲရစ္ဆင္ဟာ လက္ရွိမွာ ႏွလုံးေဖာက္တာကေန ျပန္လည္ သက္သာလာေနၿပီး ယေန႔ည ဒိန္းမတ္ နဲ႔ ဘယ္လ္ဂ်ီယံတုိ႔ရဲ႕ ပဲြစဥ္ကုိ ေဆးရုံက ကုတင္ေပၚကေန ၾကည့္မယ္လုိ႔ TheSun သတင္းက ေဖာ္ျပခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံ တုိက္စစ္မွဴး လူကာကူကေတာ့ ယေန႔ည ဒိန္းမတ္ နဲ႔ ဘယ္လ္ဂ်ီယံတုိ႔ရဲ႕ ပဲြကစားခ်ိန္ (၁၀) မိနစ္မွာ ေဘာလုံးကုိ ကြင္းေဘး ကန္ထုတ္ၿပီး အဲရစ္ဆင္ကုိ ဂုဏ္ျပဳေပးသြားမွာ ျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တုိက္စစ္မွဴး လူကာကူက “ကြ်န္ေတာ္တုိ႔ (၁၀) မိနစ္မွာ ေဘာလုံးကုိ ကြင္းေဘးကန္ထုတ္ၿပီး ကစားေနတာကုိ ရပ္ပါမယ္။ ဒီဟာက အဲရစ္ဆင္ကုိ ဂုဏ္ျပဳမႈ နဲ႔ အားေပးမႈ ျဖစ္ပါတယ္။ ဒီလုပ္ရပ္ကေတာ့ အေရးႀကီးဆုံး အရာပါ။”

“ကြ်န္ေတာ္ ေဆးရုံကုိ သြားၿပီး အဲရစ္ဆင္ကုိ သြားေတြ႔ခ်င္ပါတယ္။ ကြ်န္ေတာ္ ပဲြၿပီးရင္ အဲရစ္ဆင္ကုိ အားေပး စကားေျပာပါမယ္။ ဒါေပမယ့္ အခုေတာ့ သူ႔ကုိ မိသားစုနဲ႔ အခ်ိန္ ေပးရပါမယ္”လုိ႔ ေျပာၾကားသြားတာ ျဖစ္ပါတယ္။