ဘယ်သူ့ကိုဖြစ်ဖြစ် ဘယ်နေမှာမဆို အနိုင်ယူနိုင်တဲ့ယုံကြည်မှု မန်ယူမှာ ရှိနေတယ်လို့ ဆိုးလ်ရှားဆို

ပြီးခဲ့တဲ့အင်္ဂါညမှာ ဝုဗ်ကိုအနိုင်ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာတက်လှမ်းနိုင်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားက ဘယ်သူ့ကိုဖြစ်ဖြစ် ဘယ်နေရာမှာမဆို အနိုင်ယူနိုင်တဲ့ယုံကြည်မှု မန်ယူမှာ ရှိနေပြီလို့ ဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဘောလုံးရာသီရဲ့ ၁၅ ပွဲသာရှိသေးလို့ ချန်ပီယံစိန်ခေါ်နိုင်သူအဖြစ် မန်ယူကိုပြောဖို့ကတော့ စောလွန်းနေသေးတယ်လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ရက်ရှ်ဖို့ဒ်ရဲ့တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးကြောင့် မန်ယူဟာ ၂၀၂၀ ကို မြင့်မားစွာနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။

”ဒီရလဒ်ဟာ စိတ်ပိုင်းဆိုင်ရာအတွက် ကြီးမားပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ပိုကောင်းလာပါပြီ။ စွမ်းဆောင်မှုနဲ့ရလဒ်တွေကနေပဲ ယုံကြည်မှုဟာ ရရှိလာတာပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက”ကွင်းထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ကစားသမားတွေဟာ တစ်စက္ကန့်အတွင်းမှာပဲ ပွဲကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဘယ်နေရာမှာမဆို ဘယ်သူ့ကိုပဲဖြစ်ဖြစ်အနိုင်ရနိုင်တယ်လို့ သူတို့တွေးလာတဲ့ ယုံကြည်မှုလည်းရှိနေပါပြီ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆိုးလ်ရှားက ၈ နှစ်အတွင်း ပထမဆုံးအကြိမ်ဗိုလ်စွဲနိုင်မယ့် မန်ယူရဲ့အခွင့်အရေးအတွက်တော့ စောလွန်းနေသေးကြောင်းသာ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ နိုဝင်ဘာ ၁ မှာ အာဆင်နယ်ကိုရှုံးပြီးကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတော့ဘဲ အဲဒီက နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲအနိုင်ရခဲ့ပါတယ်။

မန်ယူဟာ ရာသီအစပိုင်းတုန်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနိုင်ပွဲ တောက်လျှောက်ပျောက်ခဲ့ပေမယ့် အခုတော့ နောက်ဆုံးလိဂ်အိမ်ကွင်း ၄ ပွဲမှာ ၃ ပွဲနိုင်ထားပါတယ်။

Zawgyi

ဘယ္သူ႔ကိုျဖစ္ျဖစ္ ဘယ္ေနမွာမဆို အႏိုင္ယူႏိုင္တဲ့ယုံၾကည္မႈ မန္ယူမွာ ရွိေနတယ္လုိ႔ ဆိုးလ္ရွားဆို

ၿပီးခဲ့တဲ့အဂၤါညမွာ ၀ုဗ္ကုိအႏိုင္ရၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ဒုတိယေနရာတက္လွမ္းႏိုင္ခဲ့ၿပီးေနာက္ နည္းျပဆိုးလ္ရွားက ဘယ္သူ႔ကိုျဖစ္ျဖစ္္ ဘယ္ေနရာမွာမဆုိ အႏိုင္ယူႏိုင္တဲ့ယုံၾကည္မႈ မန္ယူမွာ ရွိေနၿပီလို႔ ဆိုလိုက္ပါတယ္။

ဒါေပမဲ့ ေဘာလုံးရာသီရဲ႕ ၁၅ ပြဲသာရွိေသးလုိ႔ ခ်န္ပီယံစိန္ေခၚႏိုင္သူအျဖစ္ မန္ယူကိုေျပာဖုိ႔ကေတာ့ ေစာလြန္းေနေသးတယ္လုိ႔ ဆုိးလ္ရွားက ဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း ရက္ရွ္ဖို႔ဒ္ရဲ႕တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးေၾကာင့္ မန္ယူဟာ ၂၀၂၀ ကို ျမင့္မားစြာနဲ႔အဆုံးသတ္ႏုိင္ခဲ့ပါတယ္။

”ဒီရလဒ္ဟာ စိတ္ပိုင္းဆုိင္ရာအတြက္ ႀကီးမားပါတယ္။ အခုဆုိရင္ ကၽြန္ေတာ္တုိ႔ဟာ စိတ္ပိုင္းဆုိင္ရာအရေရာ ရုပ္ပုိင္းဆုိင္ရာအရပါ ပိုေကာင္းလာပါၿပီ။ စြမ္းေဆာင္မႈနဲ႔ရလဒ္ေတြကေနပဲ ယုံၾကည္မႈဟာ ရရွိလာတာပါ”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။

ဒါ့အျပင္ ဆိုးလ္ရွားက”ကြင္းထဲမွာရွိတဲ့ ကၽြန္ေတာ္တုိ႔ရဲ႕ကစားသမားေတြဟာ တစ္စကၠန္႔အတြင္းမွာပဲ ပြဲကိုေျပာင္းလဲႏိုင္စြမ္းရွိပါတယ္။ ဘယ္ေနရာမွာမဆို ဘယ္သူ႔ကိုပဲျဖစ္ျဖစ္အႏိုင္ရႏိုင္တယ္လုိ႔ သူတုိ႔ေတြးလာတဲ့ ယုံၾကည္မႈလည္းရွိေနပါၿပီ”လုိ႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း ဆုိးလ္ရွားက ၈ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ဗိုလ္စြဲႏိုင္မယ့္ မန္ယူရဲ႕အခြင့္အေရးအတြက္ေတာ့ ေစာလြန္းေနေသးေၾကာင္းသာ ဆုိခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕အသင္းဟာ ႏို၀င္ဘာ ၁ မွာ အာဆင္နယ္ကိုရႈံးၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေတာ့ဘဲ အဲဒီက ေနာက္ဆုံး ၉ ပြဲမွာ ၇ ပြဲအႏိုင္ရခဲ့ပါတယ္။

မန္ယူဟာ ရာသီအစပိုင္းတုန္းက ပရီးမီးယားလိဂ္မွာ အိမ္ကြင္းႏိုင္ပြဲ ေတာက္ေလွ်ာက္ေပ်ာက္ခဲ့ေပမယ့္ အခုေတာ့ ေနာက္ဆုံးလိဂ္အိမ္ကြင္း ၄ ပြဲမွာ ၃ ပြဲႏိုင္ထားပါတယ္။