ဘယ်အရာတွေက ဖိအားတွေဖြစ်စေခဲ့လို့လဲ  ရပ်ရှ်ဖို့ဒ် 

ယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ကတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်

ခြေစွမ်းပြနိုင်ရေးရုန်းကန်နေရတဲ့အကြောင်းအရင်းကို

မသိကြောင်းပြောကြားလာပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာမနေ့ညတုန်းကအက်စတွန်ဗီလာကို၁-ဝဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲတွင် ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရတဲ့အပြင်

ကြိုးစားအားထုတ်မှုလည်းနည်းပါးမှုကြောင့်ပရိသတ်များရဲ့ဝေဖန်မှုကြုံနေရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာခြေစွမ်းမပြနိုင်ရုံသာမကဆုံးဖြတ်ချက်

အမှားအချို့လည်းပြုလုပ်မှုနဲ့အတူ လူစားလဲခြင်းခံခဲ့ရပါတယ်။

ရပ်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီးမေးမြန်းမှုကိုရန်းနစ်ခ်က “ကျွန်တော်တကယ်မသိပါဘူး။

သူအရမ်းကြိုးစားတယ်လို့ထင်တယ်။ပြီးခဲ့တဲ့ရက်တွေက

လေ့ကျင့်ခန်းအစီအစဉ်တွေမှာသူကောင်းကောင်းလုပ်ခဲ့တယ်။

ဒါကြောင့်လည်းသူဟာပွဲထွက်လူစာရင်းမှာပါဝင်လာတာပါ။

ပထမပိုင်းမှာသူ့သိပ်မလုပ်နိုင်ခဲ့ဘူး။

ဒုတိယပိုင်းမှာဧရိယာထဲသူ့ကိုဝင်ခိုင်းကစားခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာပုခုံးဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်သုံးလကြာအနားယူခဲ့ရပြီး

ပြန်လည်ကောင်းမွန်လာချိန်တွင်၁၄ပွဲကစားခဲ့ရာမှာ၃ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။

သူဟာနိုဝင်ဘာလနောက်ပိုင်းမှာဂိုးသွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။

zawgyi

ဘယ္အရာေတြက ဖိအားေတြျဖစ္ေစခဲ့လို႔လဲ  ရပ္ရွ္ဖို႔ဒ္

ယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ကတိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္

ေျခစြမ္းျပႏိုင္ေရး႐ုန္းကန္ေနရတဲ့အေၾကာင္းအရင္းကို

မသိေၾကာင္းေျပာၾကားလာပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာမေန႔ညတုန္းကအက္စတြန္ဗီလာကို၁-ဝဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲတြင္ ေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ခဲ့ရတဲ့အျပင္

ႀကိဳးစားအားထုတ္မႈလည္းနည္းပါးမႈေၾကာင့္ပရိသတ္မ်ားရဲ႕ေဝဖန္မႈႀကဳံေနရပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာေျခစြမ္းမျပႏိုင္႐ုံသာမကဆုံးျဖတ္ခ်က္

အမွားအခ်ိဳ႕လည္းျပဳလုပ္မႈနဲ႔အတူ လူစားလဲျခင္းခံခဲ့ရပါတယ္။

ရပ္ရွ္ဖို႔ဒ္နဲ႔ပတ္သက္ၿပီးေမးျမန္းမႈကိုရန္းနစ္ခ္က “ကြၽန္ေတာ္တကယ္မသိပါဘူး။

သူအရမ္းႀကိဳးစားတယ္လို႔ထင္တယ္။ၿပီးခဲ့တဲ့ရက္ေတြက

ေလ့က်င့္ခန္းအစီအစဥ္ေတြမွာသူေကာင္းေကာင္းလုပ္ခဲ့တယ္။

ဒါေၾကာင့္လည္းသူဟာပြဲထြက္လူစာရင္းမွာပါဝင္လာတာပါ။

ပထမပိုင္းမွာသူ႔သိပ္မလုပ္ႏိုင္ခဲ့ဘူး။

ဒုတိယပိုင္းမွာဧရိယာထဲသူ႔ကိုဝင္ခိုင္းကစားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာပုခုံးဒဏ္ရာခြဲစိတ္ကုသမႈျပဳလုပ္ၿပီးေနာက္သုံးလၾကာအနားယူခဲ့ရၿပီး

ျပန္လည္ေကာင္းမြန္လာခ်ိန္တြင္၁၄ပြဲကစားခဲ့ရာမွာ၃ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။

သူဟာႏိုဝင္ဘာလေနာက္ပိုင္းမွာဂိုးသြင္းယူထားႏိုင္ျခင္းမရွိေသးပါဘူး။