
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်က တိုက်စစ်ကစားသမား
မာစီယဲလ်အနေနဲ့ အသင်းအတွက်သာအာရုံစိုက်ကစားဖို့ သတိပေးခဲ့ပြီး
သူ့ကို ဘယ်အသင်းကမှ ခေါ်ယူဖို့ကမ်းလှမ်းတာမျိုးမရှိဘူးလို့
ပြတ်ပြတ်သားသားအသိပေးလိုက်ပါတယ်။
ရန်နစ်ခ်က မာစီယဲလ်ဟာ ယူနိုက်တက်နဲ့လမ်းခွဲလိုတယ်လို့
သူ့ကိုအသိပေးခဲ့ပြီး ကလပ်အသင်းတွေဘက်က သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရှိလာရင်
လက်ခံသွားမယ်ဆိုပြီးတော့ မာစီယဲလ်ကို အာမခံခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
မာစီယဲလ်ကိုခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်၊ ဆီဗီလာစတဲ့အသင်းတွေက
စိတ်ဝင်စားနေတယ်လို့သတင်းထွက်နေပေမယ့်
အမှန်တကယ်မှာတော့ ဘယ်အသင်းကမှ မာစီယဲလ်အတွက်
တရားဝင်ကမ်းလှမ်းတာမျိုးမရှိခဲ့ပါဘူး။
ရန်နစ်ခ်က “ဗုဒ္ဓဟူးနေ့တုန်းက မာစီယဲလ်နဲ့ကျွန်တော်
အချိန်တော်တော်ကြာစကားပြောဖြစ်ခဲ့ပါတယ်။
မာစီယဲလ်က သူဟာ ယူနိုက်တက်မှာကစားလာတာ (၇)နှစ်အထိရှိသွားပြီဖြစ်လို့
အခုအချိန်က အပြောင်းအလဲလုပ်ဖို့အတွက် တခြားအသင်းတစ်သင်းဆီ
ပြောင်းချင်တယ်လို့ အသိပေးခဲ့ပြီး သူ့ဆန္ဒကို ကျွန်တော်နားလည်လက်ခံပေးလို့ရပါတယ်။
ကျွန်တော်က သူ့ကို ကမ်းလှမ်းထားတဲ့အသင်းမရှိတာကြောင့်
အခုအချိန်မှာတော့ ယူနိုက်တက်အတွက်ပဲ အာရုံစိုက်ကစားဖို့
တိုက်တွန်းခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
ဘယ္အသင္းကမွ မေခၚခ်င္ေသးလို႔ ယူႏိုက္တက္အတြက္ပဲ အာ႐ုံစိုက္ကစားဖို႔တိုက္တြန္းခဲ့တဲ့ရန္နစ္ခ္
မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္က တိုက္စစ္ကစားသမား
မာစီယဲလ္အေနနဲ႔ အသင္းအတြက္သာအာ႐ုံစိုက္ကစားဖို႔ သတိေပးခဲ့ၿပီး
သူ႔ကို ဘယ္အသင္းကမွ ေခၚယူဖို႔ကမ္းလွမ္းတာမ်ိဳးမရွိဘူးလို႔
ျပတ္ျပတ္သားသားအသိေပးလိုက္ပါတယ္။
ရန္နစ္ခ္က မာစီယဲလ္ဟာ ယူႏိုက္တက္နဲ႔လမ္းခြဲလိုတယ္လို႔
သူ႔ကိုအသိေပးခဲ့ၿပီး ကလပ္အသင္းေတြဘက္က သင့္ေတာ္တဲ့ကမ္းလွမ္းမႈမ်ိဳးရွိလာရင္
လက္ခံသြားမယ္ဆိုၿပီးေတာ့ မာစီယဲလ္ကို အာမခံခဲ့တယ္လို႔ေျပာၾကားခဲ့ပါတယ္။
မာစီယဲလ္ကိုေခၚယူဖို႔အတြက္ ဂ်ဴဗင္တပ္စ္၊ ဆီဗီလာစတဲ့အသင္းေတြက
စိတ္ဝင္စားေနတယ္လို႔သတင္းထြက္ေနေပမယ့္
အမွန္တကယ္မွာေတာ့ ဘယ္အသင္းကမွ မာစီယဲလ္အတြက္
တရားဝင္ကမ္းလွမ္းတာမ်ိဳးမရွိခဲ့ပါဘူး။
ရန္နစ္ခ္က “ဗုဒၶဟူးေန႔တုန္းက မာစီယဲလ္နဲ႔ကြၽန္ေတာ္
အခ်ိန္ေတာ္ေတာ္ၾကာစကားေျပာျဖစ္ခဲ့ပါတယ္။
မာစီယဲလ္က သူဟာ ယူႏိုက္တက္မွာကစားလာတာ (၇)ႏွစ္အထိရွိသြားၿပီျဖစ္လို႔
အခုအခ်ိန္က အေျပာင္းအလဲလုပ္ဖို႔အတြက္ တျခားအသင္းတစ္သင္းဆီ
ေျပာင္းခ်င္တယ္လို႔ အသိေပးခဲ့ၿပီး သူ႔ဆႏၵကို ကြၽန္ေတာ္နားလည္လက္ခံေပးလို႔ရပါတယ္။
ကြၽန္ေတာ္က သူ႔ကို ကမ္းလွမ္းထားတဲ့အသင္းမရွိတာေၾကာင့္
အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္အတြက္ပဲ အာ႐ုံစိုက္ကစားဖို႔
တိုက္တြန္းခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။