ဘယ်အသင်း ချန်ပီယံလိဂ် ချန်ပီယံဖြစ်မလဲဆိုတာ ဟောကိန်းထုတ်တဲ့ စူပါကွန်ပျူတာ

တနင်္လာနေ့တုန်းကချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မဲခွဲမှုထွက်ပေါ်လာပြီဖြစ်ပါတယ်။

စူပါကွန်ပျူတာဟာလည်းချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မဲခွဲမှုထွက်ပေါ်လာမှုနဲ့အတူ

ဘယ်အသင်းချန်ပီယံဖြစ်မလဲ ဟောကိန်းထုတ်လာပါတယ်။

စူပါကွန်ပျူတာကမန်စီးတီးအသင်းက ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာမယ်လို့

ဟောကိန်းထုတ်လာပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာချန်ပီယံလိဂ်၁၆သင်း

ရှုံးထွက်အဆင့်တွင်စပို့တင်းလစ္စဘွန်းနှင့်တွေ့ဆုံနေပြီးကွာတားဖိုင်နယ်သို့

တက်ရောက်ရန် အခြေအနေကောင်းများပိုင်ဆိုင်ထားပါတယ်။

စူပါကွန်ပျူတာကချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်တဲ့ဒုတိယမြောက်အသင်းအဖြစ်

ဘိုင်ယန်မြူးနစ်ကိုရွေးချယ်ထားပြီးလီဗာပူးနှင့်လက်ရှိချန်ပီယံချဲလ်ဆီးတို့တွင်လည်း

အခွင့်အရေးကောင်းများပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင်စူပါကွန်ပျူတာကစီးရီးအေတွင်ရုန်းကန်နေရတဲ့ဂျူဗင်တပ်မှာလည်း

ဗီလာရီးရဲလ်နှင့်ထိပ်တိုက်တွေ့နေမှုနဲ့အတူ ကွာတားဖိုင်နယ်သို့တက်ရန်

အခြေအနေကောင်းနေတယ်လို့ဆိုသွားပါတယ်။ယူနိုက်တက်မှာလည်း

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်အက်သလက်တီကိုမက်ဒရစ်အား

ကျော်ဖြတ်နိုင်မယ်လို့ စူပါကွန်ပျူတာကခန့်မှန်းထားပါတယ်။

ချန်ပီယံလိဂ်၁၆သင်းအဆင့်တွင်စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်လာမယ့်

ပီအက်စ်ဂျီနှင့်ရီးရဲလ်မက်ဒရစ်ပွဲတွင် ပီအက်စ်ဂျီကကွာတားဖိုင်နယ်သို့တက်ရန်

အခြေအနေကောင်းနေကြောင်းစူပါကွန်ပျူတာကဟောကိန်းထုတ်သွားပါတယ်။

zawgyi

ဘယ္အသင္း ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္မလဲဆိုတာ ေဟာကိန္းထုတ္တဲ့ စူပါကြန္ပ်ဴတာ

တနလၤာေန႔တုန္းကခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မဲခြဲမႈထြက္ေပၚလာၿပီျဖစ္ပါတယ္။

စူပါကြန္ပ်ဴတာဟာလည္းခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မဲခြဲမႈထြက္ေပၚလာမႈနဲ႔အတူ

ဘယ္အသင္းခ်န္ပီယံျဖစ္မလဲ ေဟာကိန္းထုတ္လာပါတယ္။

စူပါကြန္ပ်ဴတာကမန္စီးတီးအသင္းက ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လာမယ္လို႔

ေဟာကိန္းထုတ္လာပါတယ္။ဂြါဒီယိုလာရဲ႕မန္စီးတီးဟာခ်န္ပီယံလိဂ္၁၆သင္း

ရႈံးထြက္အဆင့္တြင္စပို႔တင္းလစၥဘြန္းႏွင့္ေတြ႕ဆုံေနၿပီးကြာတားဖိုင္နယ္သို႔

တက္ေရာက္ရန္ အေျခအေနေကာင္းမ်ားပိုင္ဆိုင္ထားပါတယ္။

စူပါကြန္ပ်ဴတာကခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ႏိုင္တဲ့ဒုတိယေျမာက္အသင္းအျဖစ္

ဘိုင္ယန္ျမဴးနစ္ကိုေ႐ြးခ်ယ္ထားၿပီးလီဗာပူးႏွင့္လက္ရွိခ်န္ပီယံခ်ဲလ္ဆီးတို႔တြင္လည္း

အခြင့္အေရးေကာင္းမ်ားပိုင္ဆိုင္ထားတယ္လို႔ဆိုပါတယ္။

ဒါ့အျပင္စူပါကြန္ပ်ဴတာကစီးရီးေအတြင္႐ုန္းကန္ေနရတဲ့ဂ်ဴဗင္တပ္မွာလည္း

ဗီလာရီးရဲလ္ႏွင့္ထိပ္တိုက္ေတြ႕ေနမႈနဲ႔အတူ ကြာတားဖိုင္နယ္သို႔တက္ရန္

အေျခအေနေကာင္းေနတယ္လို႔ဆိုသြားပါတယ္။ယူႏိုက္တက္မွာလည္း

ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္အက္သလက္တီကိုမက္ဒရစ္အား

ေက်ာ္ျဖတ္ႏိုင္မယ္လို႔ စူပါကြန္ပ်ဴတာကခန႔္မွန္းထားပါတယ္။

ခ်န္ပီယံလိဂ္၁၆သင္းအဆင့္တြင္စိတ္ဝင္စားစရာအေကာင္းဆုံးပြဲျဖစ္လာမယ့္

ပီအက္စ္ဂ်ီႏွင့္ရီးရဲလ္မက္ဒရစ္ပြဲတြင္ ပီအက္စ္ဂ်ီကကြာတားဖိုင္နယ္သို႔တက္ရန္

အေျခအေနေကာင္းေနေၾကာင္းစူပါကြန္ပ်ဴတာကေဟာကိန္းထုတ္သြားပါတယ္။