အဲဗာတန်စတားဟောင်းဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ Single ဖြစ်နေပြီဖြစ်ကြောင်း
ကြေညာပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲဘရာဇီးမော်ဒယ်တစ်ဦးနှင့်
ငြိနေပြီဖြစ်ကြောင်းသိရပါတယ်။
ကိုလံဘီယာအသင်းခေါင်းဆောင်ဟာယခုနှစ်အစောပိုင်းတုန်းကဗင်နီဇွဲလား
အလှမယ်ရှန်နွန်ဒီလီမာနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအတည်ပြုခဲ့သူဖြစ်ပါတယ်။
ယခုအခါမှာတော့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဘရာဇီးမော်ဒယ်နှင့်အကမယ်
အဲရီကာရှနိုက်ဒါနှင့်ချစ်ကြိုက်နေကြောင်းသတင်းများကျယ်ပြန့်စွာထွက်နေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာစက်တင်ဘာလတုန်းကအဲဗာတန်မှထွက်ခွာကာ
ကာတာကလပ်အယ်ရေယန်သို့ပြောင်းကစားခဲ့သူဖြစ်ပါတယ်။
သူဟာကိုလံဘီယာမော်ဒယ်အန်လီလာဆာဂရီနှင့်ချစ်ကြိုက်နေတယ်လို့
သတင်းထွက်ခဲ့ပေမယ့် လူသိရှင်ကြားငြင်းခဲ့ပါတယ်။
ယခုအခါမှာတော့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဘရာဇီးမော်ဒယ်ရှနိုက်ဒါနှင့်ချစ်ကြိုက်နေ
ကြောင်းသတင်းထွက်နေပြီဖြစ်ပါတယ်။
Zawgyi
Single ဘ၀ မကြာလိုက်ဘဲ ဘရာဇီးမော်ဒယ်နဲ့ငြိနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်