ဘရိုက်တန်ဂိုးသမား မက် ရိုင်ယန်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ဘရိုက်တန် ဂိုးသမား မက်သရူး ရိုင်ယန်ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဂန်းနားတွေဟာ လူငယ် ဂိုးသမား မက်မေစီကို ဟိုက်ဂါနီယန်အသင်းထံ ရောင်းချလိုက်သလို နွေရာသီက ခေါ်ယူထားတဲ့ ရူနာဆန်ကလည်း လက်စွမ်းမပြနိုင်သေးတဲ့ အနေအထားမှာ လီနိုရဲ့ နံပါတ်၂နေရာအတွက် လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

ယနေ့မှာတော့ အာဆင်နယ်တို့ ဘရိုက်တန် ဂိုးသမား ရိုင်ယန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သြစတေးလျဂိုးသမားဟာ ဘရိုက်တန်ရဲ့ အဓိက ဂိုးသမားအဖြစ် ၃နှစ်ကျော်ကြာ ကစားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမှ အသင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ရိုင်ယန်ဟာ ၂၀၁၇ခုနှစ်က ဘရိုက်တန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၂၁ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ယခုနှစ်ရာသီမှာလည်း ၁၁ပွဲထိ ပါဝင်ကစားခဲ့ပေမဲ့ လက်စတာကို ၃ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ပါဝင်ခွင့် မရတော့ပါဘူး။

အာဆင်နယ်နည်းပြ အာတီတာကလည်း ယခုလအတွင်း ဂိုးသမားတစ်ဦး ခေါ်ယူမှာ ဖြစ်ကြောင်း ယခုလအစောပိုင်းက ပြောကြားထားခဲ့ပါတယ်။

အာဆင်နယ်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရိုင်ယန်က “ငယ်ငယ်ကတည်းက အားပေးလာတဲ့အသင်းမှာ ကစားခွင့်ရပါပြီး။ ဒါက စာမျက်နှာသစ်တစ်ခုရဲ့ အစဖြစ်ပြီး ကျွန်တော် ချစ်မြတ်နိုးရတဲ့ အသင်းရဲ့ ပွဲတွေမှာ ပါဝင်ခွင့် ရှိတော့မှာပါ”လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။

အာတီတာက “ကျွန်တော်တို့ မတ်ရဲ့ အရည်အချင်းတွေကို ဘရိုက်တန်နဲ့အတူ ဒီနှစ်တွေထဲ မြင်ပြီး သူက အသင်းကို အရည်အသွေးတွေ ထပ်မံယူဆောင်လာမှာပါ”

“မတ်မှာ ပရီးမီးယားလိဂ် အတွေ့အကြုံ ကောင်းကောင်းရှိပြီး လိဂ်မှာ ပွဲ၁၀၀ကျော် ကစားတာက ကျွန်တော့်အတွက် ကွင်းတွင်း၊ ကွင်းပြင်မှာ အကျိုး ရှိစေမှာပါ”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘရိုက္တန္ဂိုးသမား မက္ ရိုင္ယန္ကို အငွားနဲ႔ ေခၚယူႏိုင္ခဲ့ျပီျဖစ္တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ဘရိုက္တန္ ဂိုးသမား မက္သရူး ရိုင္ယန္ကို ရာသီကုန္ထိ အငွားနဲ႔ ေခၚယူႏုိင္ခဲ့ျပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဂန္းနားေတြဟာ လူငယ္ ဂိုးသမား မက္ေမစီကို ဟိုက္ဂါနီယန္အသင္းထံ ေရာင္းခ်လုိက္သလို ေႏြရာသီက ေခၚယူထားတဲ့ ရူနာဆန္ကလည္း လက္စြမ္းမျပႏိုင္ေသးတဲ့ အေနအထားမွာ လီႏိုရဲ႕ နံပါတ္၂ေနရာအတြက္ လိုအပ္ေနခဲ့တာ ျဖစ္ပါတယ္။ ယေန႔မွာေတာ့ အာဆင္နယ္တုိ႔ ဘရိုက္တန္ ဂုိးသမား ရိုင္ယန္ကို ေခၚယူႏိုင္ခဲ့ျပီ ျဖစ္ေၾကာင္း တရား၀င္ေၾကညာခဲ့ပါတယ္။

ၾသစေတးလ်ဂိုးသမားဟာ ဘရိုက္တန္ရဲ႕ အဓိက ဂိုးသမားအျဖစ္ ၃ႏွစ္ေက်ာ္ၾကာ ကစားခဲ့ျပီး ျပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းကမွ အသင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။ ရိုင္ယန္ဟာ ၂၀၁၇ခုႏွစ္က ဘရိုက္တန္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာခဲ့ျပီး ပရီးမီးယားလိဂ္မွာ ၁၂၁ပဲြအထိ ပါ၀င္ကစားခဲ့ပါတယ္။ ယခုႏွစ္ရာသီမွာလည္း ၁၁ပြဲထိ ပါ၀င္ကစားခဲ့ေပမဲ့ လက္စတာကို ၃ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ ပြဲစဥ္အျပီး ပါ၀င္ခြင့္ မရေတာ့ပါဘူး။ အာဆင္နယ္နည္းျပ အာတီတာကလည္း ယခုလအတြင္း ဂိုးသမားတစ္ဦး ေခၚယူမွာ ျဖစ္ေၾကာင္း ယခုလအေစာပုိင္းက ေျပာၾကားထားခဲ့ပါတယ္။

အာဆင္နယ္နဲ႔ လက္မွတ္ေရးထုိးခဲ့ျပီးေနာက္ ရိုင္ယန္က “ငယ္ငယ္ကတည္းက အားေပးလာတဲ့အသင္းမွာ ကစားခြင့္ရပါျပီး။ ဒါက စာမ်က္ႏွာသစ္တစ္ခုရဲ႕ အစျဖစ္ျပီး ကြ်န္ေတာ္ ခ်စ္ျမတ္ႏိုးရတဲ့ အသင္းရဲ႕ ပဲြေတြမွာ ပါ၀င္ခြင့္ ရွိေတာ့မွာပါ”လို႔ တြစ္တာမွာ ေရးခဲ့ပါတယ္။ အာတီတာက “ကြ်န္ေတာ္တို႔ မတ္ရဲ႕ အရည္အခ်င္းေတြကို ဘရိုက္တန္နဲ႔အတူ ဒီႏွစ္ေတြထဲ ျမင္ျပီး သူက အသင္းကို အရည္အေသြးေတြ ထပ္မံယူေဆာင္လာမွာပါ။ မတ္မွာ ပရီးမီးယားလိဂ္ အေတြ႕အၾကံဳ ေကာင္းေကာင္းရွိျပီး လိဂ္မွာ ပြဲ၁၀၀ေက်ာ္ ကစားတာက ကြ်န္ေတာ့္အတြက္ ကြင္းတြင္း၊ ကြြင္းျပင္မွာ အက်ိဳး ရွိေစမွာပါ”လို႔ ေျပာခဲ့ပါတယ္။