
ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားရဲ့ဘောလုံးအိပ်မက်က
ခက်ခဲကြမ်းတမ်းမှုတွေပြည့်နှက်နေပါတယ်။ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမား
Faiq Bolkiah ကိုလက်ရှိကလပ်ကစာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။
Faiq Bolkiah ဟာဆောက်သမ်တန်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး
အာဆင်နယ်နှင့်ချဲလ်ဆီးအကယ်ဒမီတို့တွင်လည်းကစားခဲ့ပါတယ်။
သူဟာလက်စတာသို့သုံးနှစ်စာချုပ်ဖြင့်ပြောင်းပြီးနောက်အားလုံးရဲ့
အာရုံစိုက်ခြင်းခံလာရပါတယ်။ဘရူနိုင်းဘုရင်ရဲ့တူဟာပြီးခဲ့နွေရာသီတုန်းက
လက်စတာမှထွက်ခွာပြီးနောက်ပေါ်တူဂီကလပ်မာရီတီမိုသို့ပြောင်းခဲ့ပါတယ်။
ဘရူနိုင်းဘုရင်ဟာပေါင်၁၃ဘီလျှံနာကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။
Faiq Bolkiah ဟာလက်စတာမှာကစားခွင့်မရခဲ့သလို မာရီတီမိုမှာလည်း
တစ်ပွဲမျှကစားခွင့်မရဘဲထွက်ခွာခဲ့ရပြန်ပါတယ်။
မာရီတီမိုဟာအသင်း၁၈သင်းရှိတဲ့ပေါ်တူဂီပရီးမီးယားလိဂ်မှာ
အဆင့်၁၅နေရာမှာရပ်တည်နေပါတယ်။ယခုအခါမာရီတီမိုက
Faiq Bolkiah နှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
Faiq Bolkiah ဟာမာရီတီမိုရဲ့စီနီယာအသင်းကြီးအတွက်တစ်ပွဲမျှ
ကစားခွင့်မရရှိခဲ့ပေမယ့်လည်း (ဘီ)အသင်းအတွက်နှစ်ပွဲတော့ကစားခွင့်ရရှိခဲ့ပါတယ်။
လက်ရှိအနေအထားအရကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမား Faiq Bolkiah အနေဖြင့်
သူ့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘောလုံးခရီးကိုအရဲစွန့် လျှောက်လှမ်းဦးမလား၊
ဒါမှမဟုတ်စောစောစီးစီးကစားသမားဘဝမှအနားယူမလားဆိုတာ
ဆုံးဖြတ်ရမယ့်အချိန်သို့ရောက်လာပြီလို့ထင်ပါတယ်။
zawgyi
ဘ႐ူႏိုင္းဘုရင္ရဲ႕ အျဖစ္ဆိုးလွတဲ့ ေဘာလုံးသမားဘ၀
ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးသမားရဲ႕ေဘာလုံးအိပ္မက္က
ခက္ခဲၾကမ္းတမ္းမႈေတြျပည့္ႏွက္ေနပါတယ္။ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးသမား
Faiq Bolkiah ကိုလက္ရွိကလပ္ကစာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္ပါတယ္။
Faiq Bolkiah ဟာေဆာက္သမ္တန္အကယ္ဒမီထြက္ကစားသမားတစ္ဦးျဖစ္ၿပီး
အာဆင္နယ္ႏွင့္ခ်ဲလ္ဆီးအကယ္ဒမီတို႔တြင္လည္းကစားခဲ့ပါတယ္။
သူဟာလက္စတာသို႔သုံးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းၿပီးေနာက္အားလုံးရဲ႕
အာ႐ုံစိုက္ျခင္းခံလာရပါတယ္။ဘ႐ူႏိုင္းဘုရင္ရဲ႕တူဟာၿပီးခဲ့ေႏြရာသီတုန္းက
လက္စတာမွထြက္ခြာၿပီးေနာက္ေပၚတူဂီကလပ္မာရီတီမိုသို႔ေျပာင္းခဲ့ပါတယ္။
ဘ႐ူႏိုင္းဘုရင္ဟာေပါင္၁၃ဘီလွ်ံနာႂကြယ္ဝခ်မ္းသာသူျဖစ္ပါတယ္။
Faiq Bolkiah ဟာလက္စတာမွာကစားခြင့္မရခဲ့သလို မာရီတီမိုမွာလည္း
တစ္ပြဲမွ်ကစားခြင့္မရဘဲထြက္ခြာခဲ့ရျပန္ပါတယ္။
မာရီတီမိုဟာအသင္း၁၈သင္းရွိတဲ့ေပၚတူဂီပရီးမီးယားလိဂ္မွာ
အဆင့္၁၅ေနရာမွာရပ္တည္ေနပါတယ္။ယခုအခါမာရီတီမိုက
Faiq Bolkiah ႏွင့္ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းလိုက္ပါတယ္။
Faiq Bolkiah ဟာမာရီတီမိုရဲ႕စီနီယာအသင္းႀကီးအတြက္တစ္ပြဲမွ်
ကစားခြင့္မရရွိခဲ့ေပမယ့္လည္း (ဘီ)အသင္းအတြက္ႏွစ္ပြဲေတာ့ကစားခြင့္ရရွိခဲ့ပါတယ္။
လက္ရွိအေနအထားအရကမာၻ႔အခ်မ္းသာဆုံးေဘာလုံးသမား Faiq Bolkiah အေနျဖင့္
သူ႔ရဲ႕ခက္ခဲၾကမ္းတမ္းတဲ့ေဘာလုံးခရီးကိုအရဲစြန႔္ ေလွ်ာက္လွမ္းဦးမလား၊
ဒါမွမဟုတ္ေစာေစာစီးစီးကစားသမားဘဝမွအနားယူမလားဆိုတာ
ဆုံးျဖတ္ရမယ့္အခ်ိန္သို႔ေရာက္လာၿပီလို႔ထင္ပါတယ္။