ဘရူနို ဖာနန်ဒက်စ်က ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့မှာဆိုရင် ဘော်လွန်းဒီအော်ဆု ရနိုင်တယ်လို့ ဆရာဟောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနို ဖာနန်ဒက်စ်ဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ ဒါမှမဟုတ် ဂျူဗင်တပ်စ်မှာဆိုရင် အံဝင်နိုင်ပြီး ဘော်လွန်းဒီဆု စိန်ခေါ်နိုင်တဲ့ အရည်အချင်းမျိုး ရှိတယ်လို့ ဆရာဟောင်း ဂီယာရက်တာက ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၁၂ခုနှစ်တုန်းက နိုဗာရာမှာ ပရောက်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့ပြီး ဆမ်ဒိုရီးယားကို မပြောင်းခင် ၁နှစ်ကြာ ကစားခဲ့ပါတယ်။

ပေါ်တူဂီသားဟာ အူဒီးနီးစ်မှာလည်း ကစားခဲ့ပြီးနောက် ၂၀၁၇ နွေရာသီမှာ စပို့တင်းလစ္စဘွန်းကို ပြန်သွားခဲ့ပါတယ်။ အဲ့ဒီနောက် စပို့တင်းမှာ အဓိက ကစားသမားဖြစ်လာခဲ့ပြီး အသင်းကို အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ကို ဥရောပအသင်းကြီးတွေက စိတ်ဝင်စားခဲ့ကြပြီး ဇန်နဝါရီမှာ ယူနိုက်တက်က ခေါ်ယူသွားနိုင်ခဲ့ပါတယ်။ ၂၆နှစ်သားကို ခေါ်ယူခဲ့စဉ် ယူနိုက်တက်က ယူရို ၅၅သန်း သုံးခဲ့ရပြီး ပြိုင်ပွဲစုံ ပထမ ၄၅ပွဲမှာတင် ၂၆ဂိုး သွင်းနိုင်ခဲ့ပါတယ်။

နိုဗာရာမှာ ဖာနန်ဒက်စ်ကို ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုပေးခဲ့တဲ့ ဂီယာရက်တာက ယခင်က တပည့်ဟောင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး အနာဂတ်မှာ အောင်မြင်မှုများစွာ ရမယ့်သူအဖြစ် ဟောကိန်းထုတ်ခဲ့ပါတယ်။

“အမှန်က သူ နေရာတိုင်းကို သွင်းနိုင်ပေမဲ့ ကျွန်တော့်အမြင်မှာတော့ သူထိပ်တန်းအဆင့် ဖြစ်နေပါပြီ။ တစ်ကိုယ်တည်း အမြင်အရဆိုရင် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်က သူ့အတွက် အဆင့်တစ်ခုလို့ ယုံပါတယ်။ အဲ့ဒီနောက် သူ ရွေးချယ်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပြီး သူက ဉာဏ်ကောင်းတဲ့ ကောင်လေး ဖြစ်တာကြောင့် ဘယ်ဟာက သူ့အတွက် အကောင်းဆုံး ဖြစ်မလဲ သူသိမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး “သူ ဒီလို ဘယ်တော့မှ ပြောမှာ မဟုတ်ပေမဲ့ သူ့ရဲ့ အချက်အလက်တွေက ဘော်လွန်းဒီအော်ဆု မှန်းလို့ရလောက်ထိ ကောင်းမွန်ပါတယ်။ ယူနိုက်တက်မှာ သူ ၄၄ပွဲကစားပြီး ၂၆ဂိုး သွင်းထားကာ ဖန်တီးမှုတွေကိုတောင် ထည့်မပြောထာပါဘူး။ သူက အမြဲ အရေးပါတဲ့ ကစားသမား၁ယောက်ပါ”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘရူႏုိ ဖာနန္ဒက္စ္က ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္စ္တုိ႔မွာဆုိရင္ ေဘာ္လြန္းဒီေအာ္ဆု ရႏိုင္တယ္လို႔ ဆရာေဟာင္းဆို

ဘရူႏိုု ဖာနန္ဒက္စ္ဟာ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ ဒါမွမဟုတ္ ဂ်ဴဗင္တပ္စ္မွာဆုိရင္ အံ၀င္ႏုိင္ျပီး ေဘာ္လြန္းဒီဆု စိန္ေခၚႏိုင္တဲ့ အရည္အခ်င္းမ်ိဳး ရွိတယ္လို႔ ဆရာေဟာင္း ဂီယာရက္တာက ေျပာခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ၂၀၁၂ခုႏွစ္တုန္းက ႏိုဗာရာမွာ ပေရာက္ဖက္ရွင္နယ္ ကစားသမားဘ၀ စတင္ခဲ့ျပီး ဆမ္ဒိုရီးယားကို မေျပာင္းခင္ ၁ႏွစ္ၾကာ ကစားခဲ့ပါတယ္။

ေပၚတူဂီသားဟာ အူဒီးနီးစ္မွာလည္း ကစားခဲ့ျပီးေနာက္ ၂၀၁၇ ေႏြရာသီမွာ စပို႔တင္းလစၥဘြန္းကို ျပန္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ စပုိ႔တင္းမွာ အဓိက ကစားသမားျဖစ္လာခဲ့ျပီး အသင္းကို အေကာင္းဆံုး ကူညီိေပးႏိုင္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ကို ဥေရာပအသင္းၾကီးေတြက စိတ္၀င္စားခဲ့ၾကျပီး ဇန္န၀ါရီမွာ ယူႏုိက္တက္က ေခၚယူသြားႏိုင္ခဲ့ပါတယ္။ ၂၆ႏွစ္သားကို ေခၚယူခဲ့စဥ္ ယူႏုိက္တက္က ယူရုိ ၅၅သန္း သံုးခဲ့ရျပီး ျပိဳင္ပဲြစံု ပထမ ၄၅ပဲြမွာတင္ ၂၆ဂိုး သြင္းႏုိင္ခဲ့ပါတယ္။

ႏုိဗာရာမွာ ဖာနန္ဒက္စ္ကို ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆုိေပးခဲ့တဲ့ ဂီယာရက္တာက ယခင္က တပည့္ေဟာင္းကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ျပီး အနာဂတ္မွာ ေအာင္ျမင္မႈမ်ားစြာ ရမယ့္သူအျဖစ္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

“အမွန္က သူ ေနရာတိုင္းကို သြင္းႏုိင္ေပမဲ့ ကြ်န္ေတာ့္အျမင္မွာေတာ့ သူထိပ္တန္းအဆင့္ ျဖစ္ေနပါျပီ။ တစ္ကိုယ္တည္း အျမင္အရဆုိရင္ ယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္က သူ႕အတြက္ အဆင့္တစ္ခုလို႔ ယံုပါတယ္။ အဲ့ဒီေနာက္ သူ ေရြးခ်ယ္မႈေတြ ျပဳလုပ္ရမွာ ျဖစ္ျပီး သူက ဥာဏ္ေကာင္းတဲ့ ေကာင္ေလး ျဖစ္တာေၾကာင့္ ဘယ္ဟာက သူ႕အတြက္ အေကာင္းဆံုး ျဖစ္မလဲ သူသိမွာပါ”လို႔ ေျပာခဲ့ပါတယ္။

ဆက္လက္ျပီး “သူ ဒီလို ဘယ္ေတာ့မွ ေျပာမွာ မဟုတ္ေပမဲ့ သူ႕ရဲ႕ အခ်က္အလက္ေတြက ေဘာ္လြန္းဒီေအာ္ဆု မွန္းလို႔ရေလာက္ထိ ေကာင္းမြန္ပါတယ္။ ယူႏိုက္တက္မွာ သူ ၄၄ပဲြကစားျပီး ၂၆ဂိုး သြင္းထားကာ ဖန္တီးမႈေတြကိုေတာင္ ထည့္မေျပာထာပါဘူး။ သူက အျမဲ အေရးပါတဲ့ ကစားသမား၁ေယာက္ပါ”လို႔ ဆုိခဲ့ပါတယ္။