ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို အမြဲစောင့်ကြည့်ဖြစ်ပြီး သူနဲ့ နှိုင်းယှဉ်နေမှုတွေကို ကျေနပ်နေကြောင်း စမစ်ရိုဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် လူငယ်ကွင်းလယ်လူ စမစ်ရိုက ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို အမြဲစောင့်ကြည့်ဖြစ်ပြီး သူနဲ့ နှိုင်းယှဉ်နေမှုတွေအပေါ် ကျေနပ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

စမစ်ရိုဟာ ယခုအပတ်တွေအတွင်း အာဆင်နယ်အသင်း ပြန်လာနိုင်မှုနဲ့အတူ ခြေစွမ်း ပြသနေပြီး ချဲလ်ဆီးနဲ့ ပွဲစဉ်ကနေ စပြီး ပွဲထွက်ခွင့်တွေ တောက်လျောက်ရနေပါတယ်။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးနဲ့ပွဲစဉ်နောက်ပိုင်း ရှုံးပွဲမရှိတော့ပဲ ရာသီအစ ခြေစွမ်းဆိုးရွားမှုတွေကို တဖြည်းဖြည်းနဲ့ ပြန်လည်ချေဖျက်လာနိုင်ခဲ့ပါတယ်။

စမစ်ရိုဟာ ဂန်းနားတွေ လိုအပ်နေတဲ့ ဖန်တီးမှု စွမ်းဆောင်ရည်ကို ပြန်လည် ယူဆောင်လာခဲ့ပြီး ပွဲထွက်ခွင့်ရပြီးနောက်ပိုင်း အခွင့်အရေး ဖန်တီးပေးမှု ၁၀ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ စမစ်ရိုထက် အခွင့်အရေး ပိုဖန်တီးနိုင်တဲ့ ကစားသမားဆိုလို့ ဘရူနို ဖာနန်ဒက်စ် တစ်ဦးသာ ရှိပြီး အဆိုပါ နှိုင်းယှဉ်နေမှုတွေအပေါ် ကျေနပ်ဝမ်းသာနေကြောင်း အင်္ဂလန်သားက ဖွင့်ဟခဲ့ပါတယ်။

စမစ်ရိုက “ကျွန်တော် သူ့ကို ကစားသမား၁ယောက်အနေနဲ့ အမြဲစောင့်ကြည့်ဖြစ်ပြီး သူ့ရဲ့ အချက်အလက်တွေက ရူးသွပ်စရာပါပဲ။ သူ့ ကစားပုံက တော်တော်လေး ကောင်းပြီး ဒါက အောင်မြင်တဲ့ အရာတစ်ခုလို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စမစ်ရိုဟာ ယမန်နေ့ညက ပွဲစဉ်အတွင်း ဆာကာရဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပြီး သူ့ကို အခွင့်အရေးပေးခဲ့တဲ့ နည်းပြ အာတီတာကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“သူက လွတ်လွတ်လပ်လပ်ကစားဖို့ ကျွန်တော့်ကိုပြောပါတယ်။ ယုံကြည်မှုလည်းပေးခဲ့ပါတယ်။ အာတီတာလိုနည်းပြမျိုးရဲ့လက်အောက်မှာကစားရတာ ကျေနပ်ဖို့ကောင်းပါတယ်။ အာဆင်နယ်မှာ အခုလိုအခွင့်အရေးမျိုးရတဲ့အတွက် အရမ်းပျော်ပါတယ်”လို့ စမစ်ရိုက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘရူႏို ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းကို အျမဲေစာင့္ၾကည့္ျဖစ္ျပီး သူန႔ဲ ႏႈိင္းယွဥ္ေနမႈေတြကို ေက်နပ္ေနေၾကာင္း စမစ္ရိုဖြင့္ဟ

အာဆင္နယ္ လူငယ္ကြင္းလယ္လူ စမစ္ရိုက ဘရူႏို ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းကို အျမဲေစာင့္ၾကည့္ျဖစ္ျပီး သူနဲ႔ ႏႈိင္းယွဥ္ေနမႈေတြအေပၚ ေက်နပ္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ စမစ္ရိုဟာ ယခုအပတ္ေတြအတြင္း အာဆင္နယ္အသင္း ျပန္လာႏို္င္မႈနဲ႔အတူ ေျခစြမ္း ျပသေနျပီး ခ်ဲလ္ဆီးနဲ႔ ပဲြစဥ္ကေန စျပီး ပြဲထြက္ခြင့္ေတြ ေတာက္ေလ်ာက္ရေနပါတယ္။ အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးနဲ႔ပဲြစဥ္ေနာက္ပိုင္း ရႈံးပဲြမရွိေတာ့ပဲ ရာသီအစ ေျခစြမ္းဆုိးရြားမႈေတြကို တျဖည္းျဖည္းနဲ႔ ျပန္လည္ေခ်ဖ်က္လာႏိုင္ခဲ့ပါတယ္။

စမစ္ရုိဟာ ဂန္းနားေတြ လိုအပ္ေနတဲ့ ဖန္တီးမႈ စြမ္းေဆာင္ရည္ကို ျပန္လည္ ယူေဆာင္လာခဲ့ျပီး ပဲြထြက္ခြင့္ရျပီးေနာက္ပိုင္း အခြင့္အေရး ဖန္တီးေပးမႈ ၁၀ၾကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ စမစ္ရိုထက္ အခြင့္အေရး ပုိဖန္တီးႏိုင္တဲ့ ကစားသမားဆုိလို႔ ဘရူႏို ဖာနန္ဒက္စ္ တစ္ဦးသာ ရွိျပီး အဆုိပါ ႏႈိင္းယွဥ္ေနမႈေတြအေပၚ ေက်နပ္၀မ္းသာေနေၾကာင္း အဂၤလန္သားက ဖြင့္ဟခဲ့ပါတယ္။ စမစ္ရိုက “ကြ်န္ေတာ္ သူ႕ကို ကစားသမား၁ေယာက္အေနနဲ႔ အျမဲေစာင့္ၾကည့္ျဖစ္ျပီး သူ႕ရဲ႕ အခ်က္အလက္ေတြက ရူးသြပ္စရာပါပဲ။ သူ႕ ကစားပံုက ေတာ္ေတာ္ေလး ေကာင္းျပီး ဒါက ေအာင္ျမင္တဲ့ အရာတစ္ခုလို႔ ထင္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

စမစ္ရိုဟာ ယမန္ေန႔ညက ပဲြစဥ္အတြင္း ဆာကာရဲ႕ ဒုတိယဂိုးကို ဖန္တီးေပးခဲ့ျပီး သူ႕ကို အခြင့္အေရးေပးခဲ့တဲ့ နည္းျပ အာတီတာကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ “သူက လြတ္လြတ္လပ္လပ္ကစားဖို႔ ကြ်န္ေတာ့္ကိုေျပာပါတယ္။ ယံုၾကည္မႈလည္းေပးခဲ့ပါတယ္။ အာတီတာလိုနည္းျပမ်ိဳးရဲ႕လက္ေအာက္မွာကစားရတာ ေက်နပ္ဖို႔ေကာင္းပါတယ္။ အာဆင္နယ္မွာ အခုလိုအခြင့္အေရးမ်ိဳးရတဲ့အတြက္ အရမ္းေပ်ာ္ပါတယ္”လို႔ စမစ္ရိုက ေျပာၾကားခဲ့ပါတယ္။