
စတီဗင်ဂျရတ်ကယနေ့ညတွင်အန်ဖီးလ်သို့သွားရောက်ကာ
အသင်းဟောင်းလီဗာပူးနှင့်ရင်ဆိုင်ရမယ့်ပွဲတွင်အက်စတွန်ဗီလာအသင်း
ဂိုးသွင်းနိုင်လျှင်အောင်ပွဲခံမယ်လို့ပြောကြားလာပါတယ်။
လီဗာပူးဂန္ထဝင်အသင်းခေါင်းဆောင်စတီဗင်ဂျရတ်ဟာယနေ့ညတွင်
နည်းပြအဖြစ်ပထမဆုံးအကြိမ်အဖြစ်အန်ဖီးလ်သို့လာရောက်ကာလီဗာပူးကို
ရင်ဆိုင်ကစားရပါမယ်။
အက်စတွန်ဗီလာနည်းပြက “ကြိုးစားလိုက်ကြစို့။ပြီးတော့ပွဲကိုအနိုင်ယူကြမယ်။
ဂိုးတွေသွင်းကြမယ်။ပြီးတော့မှဘယ်လိုစစ်မှန်တဲ့တုံ့ပြန်မှုရှိလာမယ်ဆိုတာ
ကြည့်ကြမယ်။ပထမဆုံးနဲ့အရေးအကြီးဆုံးလုပ်ရမှာကတော့
ဂိုးသွင်းဖို့ကြိုးစားရပါမယ်။ပြီးရင်တော့လူသားပီပီသရုပ်စစ်အမှန်ကိုပြပါမယ်။
အခြေအနေအပေါ်မူတည်ပြီးလုပ်သွားမယ်။ဒါပေမဲ့အဲဒီမတင်ခင်တော့
ခင်ဗျားတို့အတွက်ဘာသတင်းခေါင်းစဉ်မှမပေးနိုင်သေးဘူး”လို့ပြောကြားသွားပါတယ်။
စတီဗင်ဂျရတ်ဟာနိုဝင်ဘာလတုန်းကဗီလာနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်
လေးပွဲကိုင်တွယ်ထားရာမှာသုံးပွဲအနိုင်ရရှိထားပြီးတစ်ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။
စတီဗင်ဂျရတ်ဟာကစားသမားဘဝတစ်ခုလုံးနီးပါးကို လီဗာပူးတွင်ကစားခဲ့သူဖြစ်ပြီး
အက်ဖ်အေဖလား၂ကြိမ်၊လိဂ်ဖလား(၃ကြိမ်)၊ကွန်မြူနတီဒိုင်း(၁)ကြိမ်၊
ချန်ပီယံလိဂ်ဖလား(၁)ကြိမ်၊ယူအီးအက်ဖ်အေဖလား(၁)ကြိမ်၊
ယူအီးအက်ဖ်အေစူပါဖလား(၁)ကြိမ်တို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။
zawgyi
ဘဝတစ္ခုလုံးနီးပါးကစားခဲ့တဲ့အသင္းကို ဂိုးသြင္းႏိုင္လွ်င္ ေအာင္ပြဲခံမယ္လို႔ ဆိုလာတဲ့ ႀကိဳးၾကာနီဂႏၴဝင္
စတီဗင္ဂ်ရတ္ကယေန႔ညတြင္အန္ဖီးလ္သို႔သြားေရာက္ကာ
အသင္းေဟာင္းလီဗာပူးႏွင့္ရင္ဆိုင္ရမယ့္ပြဲတြင္အက္စတြန္ဗီလာအသင္း
ဂိုးသြင္းႏိုင္လွ်င္ေအာင္ပြဲခံမယ္လို႔ေျပာၾကားလာပါတယ္။
လီဗာပူးဂႏၴဝင္အသင္းေခါင္းေဆာင္စတီဗင္ဂ်ရတ္ဟာယေန႔ညတြင္
နည္းျပအျဖစ္ပထမဆုံးအႀကိမ္အျဖစ္အန္ဖီးလ္သို႔လာေရာက္ကာလီဗာပူးကို
ရင္ဆိုင္ကစားရပါမယ္။
အက္စတြန္ဗီလာနည္းျပက “ႀကိဳးစားလိုက္ၾကစို႔။ၿပီးေတာ့ပြဲကိုအႏိုင္ယူၾကမယ္။
ဂိုးေတြသြင္းၾကမယ္။ၿပီးေတာ့မွဘယ္လိုစစ္မွန္တဲ့တုံ႔ျပန္မႈရွိလာမယ္ဆိုတာ
ၾကည့္ၾကမယ္။ပထမဆုံးနဲ႔အေရးအႀကီးဆုံးလုပ္ရမွာကေတာ့
ဂိုးသြင္းဖို႔ႀကိဳးစားရပါမယ္။ၿပီးရင္ေတာ့လူသားပီပီသ႐ုပ္စစ္အမွန္ကိုျပပါမယ္။
အေျခအေနအေပၚမူတည္ၿပီးလုပ္သြားမယ္။ဒါေပမဲ့အဲဒီမတင္ခင္ေတာ့
ခင္ဗ်ားတို႔အတြက္ဘာသတင္းေခါင္းစဥ္မွမေပးႏိုင္ေသးဘူး”လို႔ေျပာၾကားသြားပါတယ္။
စတီဗင္ဂ်ရတ္ဟာႏိုဝင္ဘာလတုန္းကဗီလာနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္
ေလးပြဲကိုင္တြယ္ထားရာမွာသုံးပြဲအႏိုင္ရရွိထားၿပီးတစ္ပြဲတည္းသာရႈံးနိမ့္ထားပါတယ္။
စတီဗင္ဂ်ရတ္ဟာကစားသမားဘဝတစ္ခုလုံးနီးပါးကို လီဗာပူးတြင္ကစားခဲ့သူျဖစ္ၿပီး
အက္ဖ္ေအဖလား၂ႀကိမ္၊လိဂ္ဖလား(၃ႀကိမ္)၊ကြန္ျမဴနတီဒိုင္း(၁)ႀကိမ္၊
ခ်န္ပီယံလိဂ္ဖလား(၁)ႀကိမ္၊ယူအီးအက္ဖ္ေအဖလား(၁)ႀကိမ္၊
ယူအီးအက္ဖ္ေအစူပါဖလား(၁)ႀကိမ္တို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။