
ဒါနီအဲလ်ဗက်စ်ဟာနူးကမ့်တွင်တကျော့ပြန်ကစားရန်ဘာစီလိုနာနှင့်
ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။ဘရာဇီးကစားသမားဟာ
၂၀၁၆ခုနှစ်တုန်းကရှစ်နှစ်ကြာကစားပြီးနောက်ထွက်ခွာခဲ့သူဖြစ်ပါတယ်။
သူဟာမကြာသေးမီတုန်းကဘာစီလိုနာဘက်ကသာအလိုပါကကစားပေးရန်
အသင့်ရှိနေကြောင်းဖွင့်ဟပြောကြားခဲ့သူလည်းဖြစ်ပါတယ်။
အဲလ်ဗက်စ်က “တကယ်လို့ဘာကာကသာကျွန်တော့်ကိုလိုတယ်လို့
တွေးမိရင်ဖုန်းလေးဆက်လိုက်ရုံပါပဲ။ဘာစီလိုနာအတွက်
ကျွန်တော်လုပ်ပေးနိုင်တုန်းပဲလို့ထင်ပါတယ်။အထူးသဖြင့်
ဘာကာမှာကလူငယ်တွေများတယ်လေ”လို့ပြောကြားခဲ့ပါတယ်။
ယခုအခါဘရာဇီးသတင်းစာ UOL ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာ
ဇာဗီးကိုနည်းပြအဖြစ်ခန့်အပ်လိုက်ပြီးနောက်နည်းပြနှင့်ကာလရှည်ကြာ
ကစားခဲ့တဲ့အဲလ်ဗက်စ်ကိုပြန်လည်ခေါ်ယူရန်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်။
အဲလ်ဗက်စ်ဟာမေလတုန်းကသူ့ရဲ့ကစားသမားဘဝတစ်လျှောက်
၄၂ကြိမ်မြောက်ဆုဖလားအဖြစ် Campeonato Paulista ဆွတ်ခူးပြီး
နောက်စာချုပ်ဖျက်သိမ်းထွက်ခွာလာခဲ့ကာကလပ်လက်မဲ့ဖြစ်နေပါတယ်။
ဇာဗီးကိုနည်းပြအဖြစ်မိတ်ဆက်ပွဲတွင်ဘာစီလိုနာဥက္ကဌလာပေါ်တာကလည်း
နူးကမ့်သို့အဲလ်ဗက်စ်တကျော့ပြန်ရောက်လာနိုင်ကြောင်းအတည်ပြုပြောကြားထားပါတယ်။
zawgyi
ဘာကာနည္းျပသစ္ဇာဗီး ပထမဆုံးေခၚယူမႈအျဖစ္ အသက္၃၈ႏွစ္ရွိဘာကာဂႏၴဝင္ကို ေခၚယူဖို႔ အံ့ဩဖြယ္လုပ္ေဆာင္ေန
ဒါနီအဲလ္ဗက္စ္ဟာႏူးကမ့္တြင္တေက်ာ့ျပန္ကစားရန္ဘာစီလိုနာႏွင့္
ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။ဘရာဇီးကစားသမားဟာ
၂၀၁၆ခုႏွစ္တုန္းကရွစ္ႏွစ္ၾကာကစားၿပီးေနာက္ထြက္ခြာခဲ့သူျဖစ္ပါတယ္။
သူဟာမၾကာေသးမီတုန္းကဘာစီလိုနာဘက္ကသာအလိုပါကကစားေပးရန္
အသင့္ရွိေနေၾကာင္းဖြင့္ဟေျပာၾကားခဲ့သူလည္းျဖစ္ပါတယ္။
အဲလ္ဗက္စ္က “တကယ္လို႔ဘာကာကသာကြၽန္ေတာ့္ကိုလိုတယ္လို႔
ေတြးမိရင္ဖုန္းေလးဆက္လိုက္႐ုံပါပဲ။ဘာစီလိုနာအတြက္
ကြၽန္ေတာ္လုပ္ေပးႏိုင္တုန္းပဲလို႔ထင္ပါတယ္။အထူးသျဖင့္
ဘာကာမွာကလူငယ္ေတြမ်ားတယ္ေလ”လို႔ေျပာၾကားခဲ့ပါတယ္။
ယခုအခါဘရာဇီးသတင္းစာ UOL ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာ
ဇာဗီးကိုနည္းျပအျဖစ္ခန႔္အပ္လိုက္ၿပီးေနာက္နည္းျပႏွင့္ကာလရွည္ၾကာ
ကစားခဲ့တဲ့အဲလ္ဗက္စ္ကိုျပန္လည္ေခၚယူရန္ေဆြးေႏြးေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
အဲလ္ဗက္စ္ဟာေမလတုန္းကသူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္
၄၂ႀကိမ္ေျမာက္ဆုဖလားအျဖစ္ Campeonato Paulista ဆြတ္ခူးၿပီး
ေနာက္စာခ်ဳပ္ဖ်က္သိမ္းထြက္ခြာလာခဲ့ကာကလပ္လက္မဲ့ျဖစ္ေနပါတယ္။
ဇာဗီးကိုနည္းျပအျဖစ္မိတ္ဆက္ပြဲတြင္ဘာစီလိုနာဥကၠဌလာေပၚတာကလည္း
ႏူးကမ့္သို႔အဲလ္ဗက္စ္တေက်ာ့ျပန္ေရာက္လာႏိုင္ေၾကာင္းအတည္ျပဳေျပာၾကားထားပါတယ္။