ဘာကာနဲ့ပွဲမပါရလို့ လှောင်အိမ်ထဲရောက်နေတဲ့တောကောင်လို ခံစားနေရတဲ့စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ထပ်တစ်ကြိမ် ကိုဗစ်စစ်ဆေးမှု positive ရလဒ်အပြီးမှာ ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ရတော့မှာဖြစ်လို့ ဂျူဗင်တပ်ကြယ်ပွင့်စီရော်နယ်ဒိုဟာ လှောင်အိမ်ထဲရောက်နေတဲ့ သားရဲတစ်ကောင်လိုခံစားနေရကြောင်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၃ တုန်းက ဖျားနာမှုကနေ ကိုဗစ် positive ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဘာစီလိုနာနဲ့ပွဲမတိုင်မီ နောက်ဆုံးစစ်ဆေးမှုလုပ်တော့လည်း ထပ်မံ positive ဖြစ်ခဲ့ပြန်တာပါ။

ဒါကြောင့်လည်း စီရော်နယ်ဒိုဟာ ကာလရှည်ပြိုင်ဘက်မက်ဆီနဲ့ ပြန်လည်ဆုံတွေ့ရမယ့်အခွင့်အရေးကို လွဲချော်ခဲ့ရပြီး အဲဒီချန်ပီယံလိဂ်အုပ်စုပွဲကို အိမ်ကနေသာ ကြည့်ရတော့မှာပါ။ သူ့ရဲ့မိတ်ဆွေသူငယ်ချင်းတွေကလည်း စီရော်နယ်ဒိုဟာ ကွာရန်တင်းဝင်နေရချိန်မှာ လှောင်အိမ်ထဲရောက်နေတဲ့ တောကောင်တစ်ကောင်လို ခံစားနေရကြောင်း အီတလီသတင်းစာတွေထံ ဖွင့်ဟခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူရှိနေစဉ် positive တွေ့ခဲ့ပြီးကတည်းက အီတလီကိုပြန်လာပြီး ကိုယ့်ကိုယ်ကိုယ်သီးသန့်ခွဲခြားနေထိုင်မှုပြုလုပ်နေတာပါ။ အဲဒီကာလအတွင်း ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ လေ့ကျင့်မှုလုပ်နေပြီး ဘာစီလိုနာနဲ့ပွဲကို ပါနိုင်ဖို့ အားခဲခဲ့ပေမယ့် သူ့ဆန္ဒမပြည့်ဝခဲ့ပါဘူး။

သူနဲ့မက်ဆီတို့ရဲ့ပြန်လည်ဆုံတွေ့မှုဟာ ချန်ပီယံလိဂ်အုပ်စုမဲခွဲချိန်က ပရိသတ်တွေကြား စိတ်လှုပ်ရားစရာအကောင်းဆုံးအကြောင်းအရာဖြစ်ခဲ့ပေမယ့် အခုတော့ ဒုတိယအကျော့ကစားမယ့် ဒီဇင်ဘာ ၈ ရက်နေ့အထိ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာကာနဲ႔ပြဲမပါရလုိ႔ ေလွာင္အိမ္ထဲေရာက္ေနတဲ့ေတာေကာင္လုိ ခံစားေနရတဲ့စီေရာ္နယ္ဒို

ေနာက္ထပ္တစ္ႀကိမ္ ကိုဗစ္စစ္ေဆးမႈ positive ရလဒ္အၿပီးမွာ ဘာစီလိုနာနဲ႔ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္လုိ႔ ဂ်ဴဗင္တပ္ၾကယ္ပြင့္စီေရာ္နယ္ဒိုဟာ ေလွာင္အိမ္ထဲေရာက္ေနတဲ့ သားရဲတစ္ေကာင္လုိခံစားေနရေၾကာင္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာ ၁၃ တုန္းက ဖ်ားနာမႈကေန ကိုဗစ္ positive ျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ဘာစီလိုနာနဲ႔ပြဲမတုိင္မီ ေနာက္ဆုံးစစ္ေဆးမႈလုပ္ေတာ့လည္း ထပ္မံ positive ျဖစ္ခဲ့ျပန္တာပါ။

ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုဟာ ကာလရွည္ၿပိဳင္ဘက္မက္ဆီနဲ႔ ျပန္လည္ဆုံေတြ႕ရမယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ရၿပီး အဲဒီခ်န္ပီယံလိဂ္အုပ္စုပြဲကို အိမ္ကေနသာ ၾကည့္ရေတာ့မွာပါ။ သူ႔ရဲ႕မိတ္ေဆြသူငယ္ခ်င္းေတြကလည္း စီေရာ္နယ္ဒုိဟာ ကြာရန္တင္း၀င္ေနရခ်ိန္မွာ ေလွာင္အိမ္ထဲေရာက္ေနတဲ့ ေတာေကာင္တစ္ေကာင္လုိ ခံစားေနရေၾကာင္း အီတလီသတင္းစာေတြထံ ဖြင့္ဟခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းနဲ႔အတူရွိေနစဥ္ positive ေတြ႕ခဲ့ၿပီးကတည္းက အီတလီကိုျပန္လာၿပီး ကိုယ့္ကိုယ္ကိုယ္သီးသန္႔ခြဲျခားေနထိုင္မႈျပဳလုပ္ေနတာပါ။ အဲဒီကာလအတြင္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္သာ ေလ့က်င့္မႈလုပ္ေနၿပီး ဘာစီလုိနာနဲ႔ပြဲကို ပါႏိုင္ဖုိ႔ အားခဲခဲ့ေပမယ့္ သူ႔ဆႏၵမျပည့္၀ခဲ့ပါဘူး။

သူနဲ႔မက္ဆီတို႔ရဲ႕ျပန္လည္ဆုံေတြ႕မႈဟာ ခ်န္ပီယံလိဂ္အုပ္စုမဲခြဲခ်ိန္က ပရိသတ္ေတြၾကား စိတ္လႈပ္ရားစရာအေကာင္းဆုံးအေၾကာင္းအရာျဖစ္ခဲ့ေပမယ့္ အခုေတာ့ ဒုတိယအေက်ာ့ကစားမယ့္ ဒီဇင္ဘာ ၈ ရက္ေန႔အထိ ေစာင့္ဆိုင္းရေတာ့မွာ ျဖစ္ပါတယ္။