ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးအနီကတ်အတွက် ၄ ပွဲအထိ ပယ်ခံရနိုင်တဲ့ မက်ဆီ

မနေ့ည ဘီလ်ဘာအိုနဲ့စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဘာစီလိုနာကစားသမားဘ၀ သူ့ရဲ့ပထမဆုံးအနီကတ်အတွက် မက်ဆီဟာ ပွဲပယ်ပြစ်ဒဏ်အနေနဲ့ ၄ ပွဲအထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

ဂရစ်ဇ်မန်းရဲ့သွင်းဂိုး ၂ ဂိုးဟာ နည်းပြကိုးမန်းလက်ထက် ဘာစီလိုနာရဲ့ပထမဆုံးဆုဖလားအောင်မြင်မှုဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့် ပွဲပြီးခါနီးမိနစ် ၉၀ မှာ ချေပဂိုးပြန်ပေးလိုက်ရလို့ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမိနစ် ၃၀ စတင်ပြီး သိပ်မကြာခင်မှာပဲ ဘီ်လ်ဘာအိုက အဲဒီပွဲရဲ့အနိုင်ဂိုးကိုရရှိသွားခဲ့ပြီး မက်ဆီကတော့ အချိန်ပိုဒုတိယပိုင်းပြီးခါနီးမှာ သူ့ကိုတားဆီးဖို့လုပ်တဲ့ ပြိုင်ဘက်ကစားသမားကို ဘောလုံးပြင်ပ ပြင်းထန်စွာရိုက်ပုတ်သလိုလုပ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာပါ။

စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ အဲဒီဘာစီလိုနာအသင်းခေါင်းဆောင်အပေါ် ပွဲပယ်ပြစ်ဒဏ်အနေနဲ့ ဘယ်လောက်ချမှတ်မယ်ဆိုတာကို အခုအပတ်မှာပဲ တွေ့ဆုံ ဆုံးဖြတ်သွားမှာပါ။

၃၃ နှစ်အရွယ် မက်ဆီဟာ လောလောဆယ် သေချာပေါက် ၂ ပွဲပယ်ခံရဖို့ရှိပေမယ့် အဲဒါက ကော်မတီရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး နှစ်ဆတိုးဖြစ်သွားနိုင်ပါတယ်။

အဲဒါကြောင့် မက်ဆီဟာ ကြာသပတေးနေ့ကစားမယ့် စပိန်တတိယတန်းကလပ်ကော်နယ်လာနဲ့ စပိန်ဘုရင့်ဖလားပွဲရယ် ဆက်လက်ကစားမယ့် အယ်ချီနဲ့လာလီဂါပွဲစဉ်တို့ကို လွဲချော်မှာပါ။

တကယ်လို့ ပွဲပယ်ပြစ်ဒဏ်က ဒီထက်မကရှည်သွားမယ်ဆိုရင် မက်ဆီဟာ စပိန်ဘုရင့်ဖလားရဲ့နောက်တစ်ဆင့်အပြင် ဇန်နဝါရီ ၃၁ နူးကမ့်ကွင်းမှာကစားမယ့် ဘီလ်ဘာအိုနဲ့ လာလီဂါပွဲစဉ်ကိုပါ လွဲချော်နိုင်ပါတယ်။

ဘီလ်ဘာအိုနဲ့ပွဲက အနီကတ်ဟာ ဘာစီလိုနာကစားသမားဘ၀ သူ့ရဲ့ပထမဆုံးအနီကတ်ဖြစ်ပေမယ့် ကစားသမားဘဝတစ်လျှောက်ဆိုရင်တော့ ၄ ကြိမ်မြောက်ဖြစ်ပြီး ၂၀၀၅ က ဘာစီလိုနာ(ခ)အသင်းမှာ အနီကတ်ထိခဲ့သလို လက်ရွေးစင်အသင်းမှာလည်း နှစ်ကြိမ်တိုင်အနီကတ်ထိခဲ့ဖူးပါတယ်။

Zawgyi

ဘာစီလုိနာကစားသမားဘ၀ ပထမဆုံးအနီကတ္အတြက္ ၄ ပြဲအထိ ပယ္ခံရႏိုင္တဲ့ မက္ဆီ

မေန႔ည ဘီလ္ဘာအိုနဲ႔စပိန္စူပါဖလားဗုိလ္လုပြဲမွာ ရရွိခဲ့တဲ့ ဘာစီလုိနာကစားသမားဘ၀ သူ႔ရဲ႕ပထမဆုံးအနီကတ္အတြက္ မက္ဆီဟာ ပြဲပယ္ျပစ္ဒဏ္အေနနဲ႔ ၄ ပြဲအထိ ခ်မွတ္ခံရႏိုင္ေၾကာင္း သိရပါတယ္။

ဂရစ္ဇ္မန္းရဲ႕သြင္းဂိုး ၂ ဂိုးဟာ နည္းျပကိုးမန္းလက္ထက္ ဘာစီလုိနာရဲ႕ပထမဆုံးဆုဖလားေအာင္ျမင္မႈျဖစ္လာဖုိ႔ နီးစပ္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမိနစ္ ၉၀ မွာ ေခ်ပဂုိးျပန္ေပးလိုက္ရလုိ႔ အခ်ိန္ပိုဆက္ကစားခဲ့ရပါတယ္။

အခ်ိန္ပိုမိနစ္ ၃၀ စတင္ၿပီး သိပ္မၾကာခင္မွာပဲ ဘီ္လ္ဘာအိုက အဲဒီပြဲရဲ႕အႏိုင္ဂိုးကိုရရွိသြားခဲ့ၿပီး မက္ဆီကေတာ့ အခ်ိန္ပိုဒုတိယပိုင္းၿပီးခါနီးမွာ သူ႔ကိုတားဆီးဖို႔လုပ္တဲ့ ၿပိဳင္ဘက္ကစားသမားကို ေဘာလုံးျပင္ပ ျပင္းထန္စြာရိုက္ပုတ္သလိုလုပ္ခဲ့တာေၾကာင့္ တုိက္ရိုက္အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရတာပါ။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္စည္းကမ္းထိိန္းသိမ္းေရးေကာ္မတီဟာ အဲဒီဘာစီလုိနာအသင္းေခါင္းေဆာင္အေပၚ ပြဲပယ္ျပစ္ဒဏ္အေနနဲ႔ ဘယ္ေလာက္ခ်မွတ္မယ္ဆုိတာကို အခုအပတ္မွာပဲ ေတြ႕ဆုံ ဆုံးျဖတ္သြားမွာပါ။

၃၃ ႏွစ္အရြယ္ မက္ဆီဟာ ေလာေလာဆယ္ ေသခ်ာေပါက္ ၂ ပြဲပယ္ခံရဖုိ႔ရွိေပမယ့္ အဲဒါက ေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္အေပၚမူတည္ၿပီး ႏွစ္ဆတိုးျဖစ္သြားႏိုင္ပါတယ္။

အဲဒါေၾကာင့္ မက္ဆီဟာ ၾကာသပေတးေန႔ကစားမယ့္ စပိန္တတိယတန္းကလပ္ေကာ္နယ္လာနဲ႔ စပိန္ဘုရင့္ဖလားပြဲရယ္ ဆက္လက္ကစားမယ့္ အယ္ခ်ီနဲ႔လာလီဂါပြဲစဥ္တုိ႔ကို လြဲေခ်ာ္မွာပါ။

တကယ္လုိ႔ ပြဲပယ္ျပစ္ဒဏ္က ဒီထက္မကရွည္သြားမယ္ဆိုရင္ မက္ဆီဟာ စပိန္ဘုရင့္ဖလားရဲ႕ေနာက္တစ္ဆင့္အျပင္ ဇန္န၀ါရီ ၃၁ ႏူးကမ့္ကြင္းမွာကစားမယ့္ ဘီလ္ဘာအိုိနဲ႔ လာလီဂါပြဲစဥ္ကိုပါ လြဲေခ်ာ္ႏိုင္ပါတယ္။

ဘီလ္ဘာအိုနဲ႔ပြဲက အနီကတ္ဟာ ဘာစီလိုနာကစားသမားဘ၀ သူ႔ရဲ႕ပထမဆုံးအနီကတ္ျဖစ္ေပမယ့္ ကစားသမားဘ၀တစ္ေလွ်ာက္ဆုိရင္ေတာ့ ၄ ႀကိမ္ေျမာက္ျဖစ္ၿပီး ၂၀၀၅ က ဘာစီလုိနာ(ခ)အသင္းမွာ အနီကတ္ထိခဲ့သလို လက္ေရြးစင္အသင္းမွာလည္း ႏွစ္ႀကိမ္တိုင္အနီကတ္ထိခဲ့ဖူးပါတယ္။