ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးပြသခံရတဲ့အနီကတ်ကြောင့် ၂ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးအကြိမ်ပြသခံခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်အတွက် ကာလရှည်ပွဲပယ်ခံရနိုင်မှုကို ရှောင်လွှဲနိုင်ခဲ့ပြီး ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်အတွက် ၂ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခံခဲ့ရပါတယ်။


စပိန်ဘောလုံးလောကရဲ့စည်းကမ်းပိုင်းကို အဓိကထားကိုင်တွယ်နေတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ဘီလ်ဘာအိုကစားသမား ဗီလာလီဘရီကို ကစားပုံကြမ်းတမ်းခဲ့တဲ့မက်ဆီအနေနဲ့ ကာလရှည်ပြစ်ဒဏ်ချမှတ်ရမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။


မက်ဆီဟာ သူ့ရဲ့အပြုအမူအတွက် အများဆုံး ၁၂ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်တယ်လို့ သတင်းတွေက သုံးသပ်ရေးသားခဲ့ပေမယ့် RFEF ဘက်ကတော့ မက်ဆီအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ဆုံးဖြတ်ကာ ၂ပွဲပယ်ပြစ်ဒဏ်ပဲ ချမှတ်ခဲ့တာပါ။


ဒီအတွက်ကြောင့် မက်ဆီအနေနဲ့ ကော်နယ်လာနဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်နဲ့ အယ်လ်ချီနဲ့ကစားရမယ့် လာလီဂါပွဲတွေကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရတော့မှာဖြစ်ပြီး ယခုလ ၃၁ ရက်နေ့မှာ ကစားရမယ့် ဘီလ်ဘာအိုနဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘီလီဘာအိုကို အရေးနိမ့်ခဲ့ရပြီး မိနစ် ၉၀အတွင်း ၂-၂ ဂိုးသရေကျခဲ့ပေမယ့် အချိန်ပိုမှာ အီနာကီဝီလျံက ဘီလ်ဘာအိုအတွက် အနိုင်ဂိုးသွင်းယူခဲ့တာပါ။


မက်ဆီဟာ နာကျင်အချိန်ပိုမှာ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အသင်းကလည်း စပိန်စူပါဖလားနဲ့ ဝေးကွာခဲ့ရလို့ ပိုမိုနစ်နာစရာဖြစ်ခဲ့ပါတယ်။


ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလား ၃၂သင်းအဆင့်ပွဲစဉ်အဖြစ် ကြာသပတေးနေ့မှာ ကော်နယ်လာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တတိယတန်းကလပ် ကော်နယ်လာက ဒီအဆင့်မတိုင်ခင် နောက်ဆုံးအဆင့်မှာ လာလီဂါချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေတဲ့ အက်သလက်တီကိုအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးျပသခံရတဲ့အနီကတ္ေၾကာင့္ ၂ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ မက္ဆီ
ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးအႀကိမ္ျပသခံခဲ့ရတဲ့ အနီကတ္ျပစ္ဒဏ္အတြက္ ကာလရွည္ပြဲပယ္ခံရႏိုင္မႈကို ေရွာင္လႊဲႏိုင္ခဲ့ၿပီး ဘီလ္ဘာအိုကို အေရးနိမ့္ခဲ့တဲ့ စပိန္စူပါဖလားပြဲမွာ ျပသခံခဲ့ရတဲ့ အနီကတ္ျပစ္ဒဏ္အတြက္ ၂ပြဲပယ္ျပစ္ဒဏ္သာခ်မွတ္ခံခဲ့ရပါတယ္။

စပိန္ေဘာလုံးေလာကရဲ႕စည္းကမ္းပိုင္းကို အဓိကထားကိုင္တြယ္ေနတဲ့ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္(RFEF)က ဘီလ္ဘာအိုကစားသမား ဗီလာလီဘရီကို ကစားပုံၾကမ္းတမ္းခဲ့တဲ့မက္ဆီအေနနဲ႔ ကာလရွည္ျပစ္ဒဏ္ခ်မွတ္ရမွာမဟုတ္ဘူးလို႔ ေၾကညာခဲ့ပါတယ္။
မက္ဆီဟာ သူ႔ရဲ႕အျပဳအမူအတြက္ အမ်ားဆုံး ၁၂ပြဲပယ္ျပစ္ဒဏ္အထိ ခ်မွတ္ခံရႏိုင္တယ္လို႔ သတင္းေတြက သုံးသပ္ေရးသားခဲ့ေပမယ့္ RFEF ဘက္ကေတာ့ မက္ဆီအေနနဲ႔ ရည္႐ြယ္ခ်က္ရွိရွိ က်ဴးလြန္ခဲ့တာမဟုတ္ဘူးလို႔ ဆုံးျဖတ္ကာ ၂ပြဲပယ္ျပစ္ဒဏ္ပဲ ခ်မွတ္ခဲ့တာပါ။
ဒီအတြက္ေၾကာင့္ မက္ဆီအေနနဲ႔ ေကာ္နယ္လာနဲ႔ စပိန္ဘုရင့္ဖလားပြဲစဥ္နဲ႔ အယ္လ္ခ်ီနဲ႔ကစားရမယ့္ လာလီဂါပြဲေတြကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရေတာ့မွာျဖစ္ၿပီး ယခုလ ၃၁ ရက္ေန႔မွာ ကစားရမယ့္ ဘီလ္ဘာအိုနဲ႔ပြဲမွာ ျပန္လည္ပါဝင္ႏိုင္မွာျဖစ္ပါတယ္။
ဘာစီလိုနာဟာ စပိန္စူပါဖလားဗိုလ္လုပြဲမွာ ဘီလီဘာအိုကို အေရးနိမ့္ခဲ့ရၿပီး မိနစ္ ၉၀အတြင္း ၂-၂ ဂိုးသေရက်ခဲ့ေပမယ့္ အခ်ိန္ပိုမွာ အီနာကီဝီလ်ံက ဘီလ္ဘာအိုအတြက္ အႏိုင္ဂိုးသြင္းယူခဲ့တာပါ။
မက္ဆီဟာ နာက်င္အခ်ိန္ပိုမွာ တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး အသင္းကလည္း စပိန္စူပါဖလားနဲ႔ ေဝးကြာခဲ့ရလို႔ ပိုမိုနစ္နာစရာျဖစ္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ စပိန္ဘုရင့္ဖလား ၃၂သင္းအဆင့္ပြဲစဥ္အျဖစ္ ၾကာသပေတးေန႔မွာ ေကာ္နယ္လာနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး တတိယတန္းကလပ္ ေကာ္နယ္လာက ဒီအဆင့္မတိုင္ခင္ ေနာက္ဆုံးအဆင့္မွာ လာလီဂါခ်န္ပီယံျဖစ္ဖို႔ အေျခအေနေကာင္းေနတဲ့ အက္သလက္တီကိုအသင္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။