ဘာစီလိုနာကထွက်ခွာတော့မယ့် မက်ဆီကို နာပိုလီမှာ သွားကစားရင်း မာရာဒိုနာကို ဂုဏ်ပြုသင့်တယ်လို့ ဘိုတန် တိုက်တွန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီအနေနဲ့ မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီး ဒီယေဂိုမာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကို ဂန္ထဝင်ကြီးတစ်ဦးထက်တောင် ပိုမိုတန်ဖိုးထားတဲ့ နာပိုလီအသင်းကို ပြောင်းရွှေ့ကစားသင့်ကြောင်း တိုက်တွန်းခံခဲ့ရပါတယ်။


အာဂျင်တီးနားတစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ မက်ဆီနဲ့ မာရာဒိုနာတို့ဟာ ကစားပုံဆင်တူသလို ဘာစီလိုနာနဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းတွေမှာ ကစားမှုတွေပါ တူညီတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းနီးပါး နှိုင်းယှဉ်ခံခဲ့ရပါတယ်။

မက်ဆီဟာ အိုဆာဆူနာကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နယူးဝဲလ်အိုးဘွိုင်းအသင်းမှာ မာရာဒိုနာ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး မာရာဒိုနာက နိုဝင်ဘာလနှောင်းပိုင်းမှာ နှလုံးရောဂါကြောင့် ကွယ်လွန်ခဲ့ရတာပါ။


ရွှေဘောလုံးဆု ၆ကြိမ်ရရှိထားတဲ့ မက်ဆီရဲ့ ဘာစီလိုနာ အနာဂတ်က မသေမချာဖြစ်နေပြီး ယခုရာသီအကုန်မှာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို ကစားသမားဘက်ကလည်း စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိပါဘူး။


မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း ဘိုတန်က ”မက်ဆီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး တကယ်လို့ နာပိုလီကိုသာ သူရောက်လာရင် ဘယ်လောက်များကောင်းလိုက်မလဲနော်။ နာပိုလီက ဘယ်သူ့ကိုမှ ကျောနံပါတ် ၁၀ ပေးဝတ်မှာမဟုတ်ပေမယ့် မက်ဆီအနေနဲ့ နာပိုလီမှာ တစ်နှစ်၊ ၂နှစ်လောက်ကစားမယ်ဆိုရင် အရမ်းကောင်းသွားမှာပါ”


”ပြီးတော့ စိတ်ထဲမှာ ပိုက်ဆံကိစ္စတွေ၊ တခြားဟာတွေ ဘာမှမစဉ်းစားဘဲ နှလုံးသားရဲ့ခံစားချက်တစ်ခုတည်းနဲ့သာ လာကစားစေချင်ပါတယ်။ ဒီလိုဆိုရင် ရုပ်ရှင်ကားတစ်ကားလိုဖြစ်သွားမှာပါ။ ဒီလိုဖြစ်လာရင်လည်း ဘောလုံးလောကရဲ့ဂန္ထဝင်ပုံပြင်တစ်ပုဒ်အဖြစ်သာမက အားလုံးရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်တွင်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။


နာပိုလီအသင်းဟာ သူတု့ိရဲ့ဘောလုံးနတ်ဘုရားကြီးအဖြစ် တင်စားထားတဲ့ မာရာဒိုနာရဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ထာဝရအနားပေးထားပြီး မကြာသေးခင်ကလည်း အိမ်ကွင်းနာမည်ကို ဆန်ပေါ်အိုလိုကနေ မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီယေဂိုမာရာဒိုနာကွင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အသက် ၆၀ အရွယ်မှာ မာရာဒိုနာ ကွယ်လွန်သွားခဲ့ပြီးနောက် မာဆေးလ်အသင်းနည်းပြ ဘိုအက်စ်ကလည်း ဘောလုံးလောကမှာ ကျောနံပါတ် ၁၀ ကို ထာဝရအနားပေးခွင့်ပြုသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဘာစီလိုနာကထြက္ခြာေတာ့မယ့္ မက္ဆီကို နာပိုလီမွာ သြားကစားရင္း မာရာဒိုနာကို ဂုဏ္ျပဳသင့္တယ္လို႔ ဘိုတန္ တိုက္တြန္း

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီအေနနဲ႔ မၾကာေသးခင္ကမွ ကြယ္လြန္သြားခဲ့တဲ့ အာဂ်င္တီးနားဂႏၳ၀င္ကစားသမားႀကီး ဒီေယဂိုမာရာဒိုနာကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႕ကို ဂႏၳ၀င္ႀကီးတစ္ဦးထက္ေတာင္ ပိုမိုတန္ဖုိးထားတဲ့ နာပိုလီအသင္းကို ေျပာင္းေရႊ႕ကစားသင့္ေၾကာင္း တုိက္တြန္းခံခဲ့ရပါတယ္။ အာဂ်င္တီးနားတစ္ႏိုင္ငံတည္းသားေတြျဖစ္တဲ့ မက္ဆီနဲ႔ မာရာဒိုနာတုိ႔ဟာ ကစားပုံဆင္တူသလုိ ဘာစီလုိနာနဲ႔ နယူး၀ဲလ္အိုးဘြိဳင္းအသင္းေတြမွာ ကစားမႈေတြပါ တူညီတဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲတမ္းနီးပါး ႏိႈင္းယွဥ္ခံခဲ့ရပါတယ္။

မက္ဆီဟာ အိုဆာဆူနာကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ နယူး၀ဲလ္အုိးဘြိဳင္းအသင္းမွာ မာရာဒိုနာ ၀တ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ၀တ္ဆင္ကာ ဂုဏ္ျပဳႏႈတ္ဆက္ခဲ့ၿပီး မာရာဒိုနာက ႏို၀င္ဘာလေႏွာင္းပိုင္းမွာ ႏွလုံးေရာဂါေၾကာင့္ ကြယ္လြန္ခဲ့ရတာပါ။ ေရႊေဘာလုံးဆု ၆ႀကိမ္ရရွိထားတဲ့ မက္ဆီရဲ႕ ဘာစီလုိနာ အနာဂတ္က မေသမခ်ာျဖစ္ေနၿပီး ယခုရာသီအကုန္မွာ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္သလုိ ကစားသမားဘက္ကလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖြယ္မရွိပါဘူး။

မက္ဆီရဲ႕ဘာစီလုိနာအသင္းေဖာ္ေဟာင္း ဘိုတန္က ”မက္ဆီက ဘာစီလုိနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး တကယ္လုိ႔ နာပိုလီကိုသာ သူေရာက္လာရင္ ဘယ္ေလာက္မ်ားေကာင္းလိုက္မလဲေနာ္။ နာပိုလီက ဘယ္သူ႕ကိုမွ ေက်ာနံပါတ္ ၁၀ ေပး၀တ္မွာမဟုတ္ေပမယ့္ မက္ဆီအေနနဲ႔ နာပိုလီမွာ တစ္ႏွစ္၊ ၂ႏွစ္ေလာက္ကစားမယ္ဆိုရင္ အရမ္းေကာင္းသြားမွာပါ။ ၿပီးေတာ့ စိတ္ထဲမွာ ပုိက္ဆံကိစၥေတြ၊ တျခားဟာေတြ ဘာမွမစဥ္းစားဘဲ ႏွလုံးသားရဲ႕ခံစားခ်က္တစ္ခုတည္းနဲ႔သာ လာကစားေစခ်င္ပါတယ္။ ဒီလုိဆုိရင္ ႐ုပ္ရွင္ကားတစ္ကားလုိျဖစ္သြားမွာပါ။ ဒီလိုျဖစ္လာရင္လည္း ေဘာလုံးေလာကရဲ႕ဂႏၳ၀င္ပုံျပင္တစ္ပုဒ္အျဖစ္သာမက အားလုံးရဲ႕ပါးစပ္ဖ်ားမွာ ေျပာစမွတ္တြင္သြားပါလိမ့္မယ္”လုိ႔ ေျပာပါတယ္။

နာပုိလီအသင္းဟာ သူတု႔ိရဲ႕ေဘာလုံးနတ္ဘုရားႀကီးအျဖစ္ တင္စားထားတဲ့ မာရာဒိုနာရဲ႕ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ထာ၀ရအနားေပးထားၿပီး မၾကာေသးခင္ကလည္း အိမ္ကြင္းနာမည္ကို ဆန္ေပၚအိုလုိကေန မာရာဒိုနာကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီေယဂိုမာရာဒိုနာကြင္းအျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ အသက္ ၆၀ အရြယ္မွာ မာရာဒိုနာ ကြယ္လြန္သြားခဲ့ၿပီးေနာက္ မာေဆးလ္အသင္းနည္းျပ ဘုိအက္စ္ကလည္း ေဘာလုံးေလာကမွာ ေက်ာနံပါတ္ ၁၀ ကို ထာ၀ရအနားေပးခြင့္ျပဳသင့္တယ္လုိ႔ တုိက္တြန္းခဲ့ပါတယ္။