ဘာစီလိုနာကနေထွက်ခွာတော့မယ့် မက်ဆီအတွက် ပီအက်စ်ဂျီနဲ့တွေ့ဆုံရမယ့် ချန်ပီယံလိဂ် ပဲရစ်ခရီး
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချန်ပီယံလိဂ် ၁၆ သင်းရှုှုံံးထွက်အဆင့်မဲခွဲမှုတွေကို ဒီညနေမှာပဲ ယူအီးအက်ဖ်အေဌာနချုပ်တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ မဲခွဲခဲ့မှုနဲ့အတူ ချန်ပီယံလိဂ် ၁၆ သင်းရှုှုံံးထွက်အဆင့်အတွက် ပွဲစဉ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနှစ် အုပ်စုပွဲတွေမှာကတည်း စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ၁၆ သင်းအဆင့် ရွေးချယ်မှုအပြီးမှာလည်း ပွဲကြီးပွဲကောင်းတွေနဲ့ ဆက်လက်ပြီးပရိသတ်တွေရဲ့ စိတ်ကို ဆက်လက် ဖမ်းစားနေပါတယ်။
အဓိကတွေ့ဆုံမှုတွေကတော့ ဘာစီလိုနာနဲ့ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့အက်သလက်တီကို၊ လီဗာပူးနဲ့လစ်ပ်ဇစ်တို့ရဲ့ပွဲတွေပါပဲ။
ဘာစီလိုနာကနေထွက်ခွာတော့မယ့် မက်ဆီအတွက်လည်း ပီအက်စ်ဂျီနဲ့တွေ့ဆုံရမယ့် ချန်ပီယံလိဂ် ပဲရစ်ခရီးစဉ်ဟာ ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။
နေမာရဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စကားကြောင့် ပီအက်စ်ဂျီအသင်းကို မက်ဆီ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အချိန်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံးမှုကတော့ မက်ဆီကြောင့် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်လာမှာပါ။
လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်ကတော့ လာဇီယိုနဲ့ရင်ဆိုင်ရမှာမို့ ၁၆သင်းအဆင့်မှာ အသင်းကြီးတွေအချင်းချင်းထိပ်တိုက်တွေ့မယ့်အခြေအနေကနေရှောင်လွဲသွားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့မန်စီးတီးကလည်း ဂျာမန်အသင်းတွေထဲမှာ အင်အားအနဲဆုံး ဂလက်ဘတ်နဲ့မို့ သူတို့အသင်းလည်းပဲ ပွဲချောင်သွားတယ်လို့ ပြောရမှာပါပဲ။
စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်ကတော့ ပေါ်တူဂီကလပ် ပေါ်တိုနဲ့ တွေ့ဆုံရမှာကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့အခြေအနေကောင်းသွားပါပြီ။
ရီးရဲလ် ကလည်း အတ္တလန္တာ နဲ့တွေ့ဆုံရမှာကြောင့် အကြမ်းဖျင်းအရ အုပ်စုကနေနောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းမယ်လို့ ထင်ရပေမယ့် ဒီရာသီမှာ ရီးရဲလ်ရဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေနဲ့ အတ္တလန္တာရဲ့ ပထမဆုံး ချန်ပီယံလိဂ်ခရီးစဉ်က ဘယ်အဆင့်ထိရောက်နိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။
နောက်ထပ် တွေ့ဆုံမှုတွေကတော့ ဆီဗီလာနဲ့ဒေါ့မန်အသင်းတို့ဖြစ်ပါတယ်။ သူတို့နှစ်သင်းရဲ့တွေ့ဆုံမှုကတော့ အသင်းနှစ်သင်းရဲ့ အခြေအနေက ဘယ်အသင်းပိုသာတယ်လို့တော့ မှတ်ချက်ပေးလို့မရပါဘူး။ မျှတတဲ့ ပြိုင်ဘက်နှစ်သင်းအဖြစ်သာသုံးသပ်ရမှာဖြစ်ပြီး ဟာလန်းသာ ပြန်လာကောင်းမွန်လာပြီး ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့ ဒေါ့မန်အသင်းက နောက်တစ်ဆင့်ကိုတက်ရောက်သွားဖို့အလားအလာပိုကောင်းနိုင်ပါတယ်။
ပီအက်စ်ဂျီနဲ့ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့အက်သလက်တီကိုတို့ဟာ ချန်ပီယံလိဂ်ရှုံးထွက်နောက်ပိုင်းအဆင့်တွေ့မှာ တွေ့ဆုံမှုတွေ ရှိခဲ့ကြတဲ့အသင်းတွေဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၆၊၁၇၊၂၃နဲ့၂၄ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲတွေကိုတော့ မတ်လ ၉၊၁၀၊၁၆နဲ့ ၁၇ ရက်တို့မှာ ကျင်းပသွားမှာပါ။
ဦးစားပေးအဆင့်သတ်မှတ်ခံရတဲ့ အသင်းတွေဟာ ပထမအကျော့ကို အဝေးကွင်းကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ
ဂလက်ဘတ် – မန်စီးတီး၊ လာဇီယို – ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို-ချဲလ်ဆီး ၊ လစ်ပ်ဇစ်-လီဗာပူး
ပေါ်တို – ဂျူဗင်တပ်၊ ဘာစီလိုနာ – ပီအက်စ်ဂျီ၊ ဆီဗီလာ – ဒေါ့မန်၊ အတ္တလန္တာ – ရီးရဲလ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဂလက်ဘတ် – မန်စီးတီး ၊ လာဇီိယို – ဘိုင်ယန်မြူးနစ် ၊ အက်သလက်တီကို-ချဲလ်ဆီး ၊ လစ်ပ်ဇစ်-လီဗာပူး