ဘာစီလိုနာကနေ ထွက်ရင် မက်ဆီရဲ့ အောင်မြင်မှုတွေ ပျက်ဆီးသွားနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာကနေထွက်ရင် မက်ဆီရဲ့ အောင်မြင်ကျော်ကြားမှုတွေ ထိခိုက်ပျက်ဆီးနိုင်တယ်လို့ လာလီဂါဥက္ကဌ ဟာဗီးယားတီဘက်စ်က သတိပေးလိုက်ပါတယ်။ တကယ်တော့ ဟာဗီးယားတီဘက်စ် ကိုယ်တိုင်က သူတို့လာလီဂါကနေ မက်ဆီ ထွက်သွားမှာကို ပိုစိုးရိမ်နေပုံပေါ်နေပါတယ်။

လာလီဂါဟာ မကြာသေးခင်က နေမာနဲ့ ခရစ္စတီယာနိုရော်နယ်ဒို တို့လို ကြယ်ပွင့်ကစားသမားတွေကို လက်လွှတ်ခဲ့ရပြီး အခု မက်ဆီကိုပါ ထပ်မံ လက်လွှတ်ရရင် လိဂ်ပြိုင်ပွဲ ပုံရိပ်ကိုများစွာ ထိခိုက်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။

ဒါကြောင့်လည်း ရာသီအစကာလက ဘာစီလိုနာကနေ မက်ဆီ ထွက်မှာကို လာလီဂါကအစ ကြားဝင်ဟန့်တားခဲ့တာပါ။

လာလီဂါဥက္ကဌ ဟာဗီးယားတီဘက်က်စ်က “သူ့ကြောင့် ကျွန်တော်တို့တွေဟာ နှစ်တွေအကြာကြီးပျော်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆက်လုပ်မယ့်အလုပ်ကို သူ သေချာဂရုစိုက်ပြီး လုပ်သင့်ပါတယ်။

တကယ်လို့ ဘာစီလိုနာကနေ ထွက်မယ်ဆိုရင် အခုရထားတဲ့ သူ့အောင်မြင်မှုတွေ ကို များစွာ ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် အဆင်ပြေနေတဲ့ လက်ရှိသူ့အလုပ်တွေလည်း ထိခိုက်နိုင်ပါတယ်။

ငွေကြေးအရ ပိုမိုမက်မောဖွယ်ကောင်းလောက်တာတွေ သူ ရရှိနိုင်တာ မှန်ပေမယ့်နှစ်ပေါင်း ၂၀ကျော်လောက် သူအောင်မြင်ကျော်ကြားခဲ့တာတွေတော့ ပျက်ဆီးနိုင်ပါတယ်။

ကျွန်တော့်အထင်တော့ လက်ရှိအခြေအနေကို သူဆက်လက်ထိန်းထားသင့်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဟာဗီးယားတီဘက်စ်က ကစားသမားတစ်ဦးတစ်ယောက်ကြောင့် လိဂ်ပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကိုလည်း လက်မခံကြောင်း ဆိုပါတယ်။

“ပြိုင်ပွဲတစ်ခုလုံးကို ကစားသမားတစ်ဦးတစ်ယောက်က ပုံရိပ်မြင့်တင်နိုင်တယ်လို့ ပြောနေကြတာတွေက မှားပါတယ်။

ပီအက်စ်ဂျီကို နေမာ ပြောင်းခဲ့ပါတယ်။

ဒါပေမယ့် နေမာ ကြောင့် ပြင်သစ်လိဂ်ဟာ စူပါလဲဗယ်တစ်ခုကို ရောက်သွားတာကို ကျွန်တော် မတွေ့ရပါဘူး”လို့ တီဘက်စ်က ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာကေန ထြက္ရင္ မက္ဆီရဲ႕ ေအာင္ျမင္မႈေတြ ပ်က္ဆီးသြားႏိုင္

ဘာစီလိုနာကေနထြက္ရင္ မက္ဆီရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ထိခိုက္ပ်က္ဆီးႏိုင္တယ္လို႔ လာလီဂါဥကၠဌ ဟာဗီးယားတီဘက္စ္က သတိေပးလိုက္ပါတယ္။ တကယ္ေတာ့ ဟာဗီးယားတီဘက္စ္ ကိုယ္တိုင္က သူတို႔လာလီဂါကေန မက္ဆီ ထြက္သြားမွာကို ပိုစိုးရိမ္ေနပံုေပၚေနပါတယ္။

လာလီဂါဟာ မၾကာေသးခင္က ေနမာနဲ႔ ခရစၥတီယာႏိုေရာ္နယ္ဒို တို႔လို ၾကယ္ပြင့္ကစားသမားေတြကို လက္လႊတ္ခဲ့ရၿပီး အခု မက္ဆီကိုပါ ထပ္မံ လက္လႊတ္ရရင္ လိဂ္ၿပိဳင္ပြဲ ပံုရိပ္ကိုမ်ားစြာ ထိခုိက္ႏိုင္တယ္လို႔ ယံုၾကည္ထားပါတယ္။

ဒါေၾကာင့္လည္း ရာသီအစကာလက ဘာစီလုိနာကေန မက္ဆီ ထြက္မွာကို လာလီဂါကအစ ၾကား၀င္ဟန္႔တားခဲ့တာပါ။

လာလီဂါဥကၠဌ ဟာဗီးယားတီဘက္က္စ္က “သူ႔ေၾကာင့္ ကၽြန္ေတာ္တို႔ေတြဟာ ႏွစ္ေတြအၾကာႀကီးေပ်ာ္ခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ဆက္လုပ္မယ့္အလုပ္ကို သူ ေသခ်ာဂရုစိုက္ၿပီး လုပ္သင့္ပါတယ္။
တကယ္လို႔ ဘာစီလိုနာကေန ထြက္မယ္ဆိုရင္ အခုရထားတဲ့ သူ႔ေအာင္ျမင္မႈေတြ ကို မ်ားစြာ ထိခိုက္ႏိုင္ပါတယ္။ ဒါ့အျပင္ အဆင္ေျပေနတဲ့ လက္ရွိသူ႔အလုပ္ေတြလည္း ထိခိုက္ႏိုင္ပါတယ္။

ေငြေၾကးအရ ပိုမိုမက္ေမာဖြယ္ေကာင္းေလာက္တာေတြ သူ ရရွိႏိုင္တာ မွန္ေပမယ့္ႏွစ္ေပါင္း ၂၀ေက်ာ္ေလာက္ သူေအာင္ျမင္ေက်ာ္ၾကားခဲ့တာေတြေတာ့ ပ်က္ဆီးႏိုင္ပါတယ္။ ကၽြန္ေတာ့္အထင္ေတာ့ လက္ရွိအေျခအေနကို သူဆက္လက္ထိန္းထားသင့္ပါတယ္”လို႔ ေျပာပါတယ္။

ဆက္လက္ၿပီး ဟာဗီးယားတီဘက္စ္က ကစားသမားတစ္ဦးတစ္ေယာက္ေၾကာင့္ လိဂ္ၿပိဳင္ပြဲအေပၚ အက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ကိုလည္း လက္မခံေၾကာင္း ဆိုပါတယ္။

“ၿပိဳင္ပြဲတစ္ခုလံုးကို ကစားသမားတစ္ဦးတစ္ေယာက္က ပံုရိပ္ျမင့္တင္ႏိုင္တယ္လို႔ ေျပာေနၾကတာေတြက မွားပါတယ္။

ပီအက္စ္ဂ်ီကို ေနမာ ေျပာင္းခဲ့ပါတယ္။

ဒါေပမယ့္ ေနမာ ေၾကာင့္ ျပင္သစ္လိဂ္ဟာ စူပါလဲဗယ္တစ္ခုကို ေရာက္သြားတာကို ကၽြန္ေတာ္ မေတြ႔ရပါဘူး”လို႔ တီဘက္စ္က ေျပာသြားပါတယ္။