ဘာစီလိုနာက ထွက်ခွာဖို့နီးစပ်နေတဲ့ နောက်ခံလူအာရူဂျိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူ

မန်ယူအသင်းဟာ ဘာစီလိုနာက ထွက်ခွာဖို့နီးစပ်နေတဲ့ နောက်ခံလူအာရူဂျိုကို

ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဒီဥရုဂွေးနောက်ခံလူကို အချို့က ဗန်ဒစ်ဂျ်လက်သစ်လို့ တင်စားနေကြပြီး

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ ဘောလုံးအပေါ် တည်ငြိမ်မှုက

လီဗာပူးရဲ့နယ်သာလန်သားနဲ့ ခပ်ဆင်ဆင်ဖြစ်နေလို့ပါ။

အာရူဂျိုဘက်က စာချုပ်သစ်အတွက် သဘောတူညီဖို့ တုံ့ဆိုင်းနေတဲ့အတွက်

ဘာစီလိုနာဟာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

၂၃ နှစ်အရွယ် အာရူဂျိုနဲ့ သူ့ကိုယ်စားလှယ်တွေဟာ ကာတာလန်ကလပ်နဲ့

စာချုပ်သစ်ဆွေးနွေးရာမှာ တိုးတက်မှုမရှိခဲ့ကြောင်း

ဘာစီလိုနာအခြေစိုက် Sport သတင်းစာက ဖော်ပြခဲ့တာပါ။

ဒါကြောင့် အခုအခြေအနေအတိုင်းဆို ဘာစီလိုနာဟာ အာရူဂျိုကို

ဈေးဈေးနဲ့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။

လာမယ့်နွေမှာ ချဲလ်ဆီးက ခရစ္စတန်ဆန်လည်း ရောက်ရှိလာတော့မှာဖြစ်လို့

အာရူဂျိုကို ရောင်းချဖို့က အခွင့်အလမ်းများသွားတာပါ။

မန်ယူကလည်း သူတို့အသင်းခေါင်းဆောင်မက်ဂွိုင်းယားကို လမ်းခွဲချင်နေသလို

ဗာရာနီကလည်း ဒဏ်ရာပြသနာတွေနဲ့ဆိုတော့

ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှုးတစ်ယောက်ရှိဖွေနေပါတယ်။

မန်ယူက ပစ်မှတ်ထားနေတဲ့အာရူဂျိုဟာ နောက်တန်းမှာ နေရာစုံကစားနိုင်သူပါ။

အဲဒီလာလီဂါစတားဟာ ဘယ်နောက်ခံနေရာမှာလည်း

ကောင်းစွာကစားနိုင်သူဖြစ်လို့ ဘယ်နည်းပြလာလာ

အဆင်ပြေပြေကစားနိုင်မယ့်သူ ဖြစ်ပါတယ်။

အာရူဂျိုရဲ့ဈေးကွက်တန်ကြေးကိုတော့ အပြောင်းအရွှေ့ဝက်ဘ်ဆိုဒ်

Transfermarkt က ပေါင် ၃၁.၅ သန်းသတ်မှတ်ထားတာပါ။

လာမယ့်နွေမှာ မန်ယူအသင်းအနေနဲ့ ကစားသမားအပြောင်းအလဲများစွာ

လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

zawgyi

ဘာစီလိုနာက ထြက္ခြာဖို႔နီးစပ္ေနတဲ့ ေနာက္ခံလူအာ႐ူဂ်ိဳကို ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ မန္ယူ

မန္ယူအသင္းဟာ ဘာစီလိုနာက ထြက္ခြာဖို႔နီးစပ္ေနတဲ့ ေနာက္ခံလူအာ႐ူဂ်ိဳကို

ေခၚယူဖို႔ ပစ္မွတ္ထားေနေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။

အဲဒီဥ႐ုေဂြးေနာက္ခံလူကို အခ်ိဳ႕က ဗန္ဒစ္ဂ်္လက္သစ္လို႔ တင္စားေနၾကၿပီး

သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာနဲ႔ ေဘာလုံးအေပၚ တည္ၿငိမ္မႈက

လီဗာပူးရဲ႕နယ္သာလန္သားနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနလို႔ပါ။

အာ႐ူဂ်ိဳဘက္က စာခ်ဳပ္သစ္အတြက္ သေဘာတူညီဖို႔ တုံ႔ဆိုင္းေနတဲ့အတြက္

ဘာစီလိုနာဟာ အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။

၂၃ ႏွစ္အ႐ြယ္ အာ႐ူဂ်ိဳနဲ႔ သူ႔ကိုယ္စားလွယ္ေတြဟာ ကာတာလန္ကလပ္နဲ႔

စာခ်ဳပ္သစ္ေဆြးေႏြးရာမွာ တိုးတက္မႈမရွိခဲ့ေၾကာင္း

ဘာစီလိုနာအေျခစိုက္ Sport သတင္းစာက ေဖာ္ျပခဲ့တာပါ။

ဒါေၾကာင့္ အခုအေျခအေနအတိုင္းဆို ဘာစီလိုနာဟာ အာ႐ူဂ်ိဳကို

ေဈးေဈးနဲ႔ လက္လႊတ္ရဖြယ္ရွိေနပါတယ္။

လာမယ့္ေႏြမွာ ခ်ဲလ္ဆီးက ခရစၥတန္ဆန္လည္း ေရာက္ရွိလာေတာ့မွာျဖစ္လို႔

အာ႐ူဂ်ိဳကို ေရာင္းခ်ဖို႔က အခြင့္အလမ္းမ်ားသြားတာပါ။

မန္ယူကလည္း သူတို႔အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကို လမ္းခြဲခ်င္ေနသလို

ဗာရာနီကလည္း ဒဏ္ရာျပသနာေတြနဲ႔ဆိုေတာ့

ေဈးကြက္ထဲမွာ ဗဟိုခံစစ္မႈးတစ္ေယာက္ရွိေဖြေနပါတယ္။

မန္ယူက ပစ္မွတ္ထားေနတဲ့အာ႐ူဂ်ိဳဟာ ေနာက္တန္းမွာ ေနရာစုံကစားႏိုင္သူပါ။

အဲဒီလာလီဂါစတားဟာ ဘယ္ေနာက္ခံေနရာမွာလည္း

ေကာင္းစြာကစားႏိုင္သူျဖစ္လို႔ ဘယ္နည္းျပလာလာ

အဆင္ေျပေျပကစားႏိုင္မယ့္သူ ျဖစ္ပါတယ္။

အာ႐ူဂ်ိဳရဲ႕ေဈးကြက္တန္ေၾကးကိုေတာ့ အေျပာင္းအေ႐ႊ႕ဝက္ဘ္ဆိုဒ္

Transfermarkt က ေပါင္ ၃၁.၅ သန္းသတ္မွတ္ထားတာပါ။

လာမယ့္ေႏြမွာ မန္ယူအသင္းအေနနဲ႔ ကစားသမားအေျပာင္းအလဲမ်ားစြာ

လုပ္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။