ဘာစီလိုနာထံမှနစ်နာကြေးငွေတစ်ပြားမှမလျှော့မခံဘဲအပြည့်အဝရရှိလိုနေတဲ့ ကိုးမန်း

ရော်နယ်ကိုးမန်းဟာဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီးတဲ့နောက်

အခြေအနေကဆိုးသထက်ဆိုးရွားလာနေပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာ

ဘဏ္ဍာရေးအကြပ်အတည်းတွေ့နေတဲ့ဘာစီလိုနာထံမှနစ်နာကြေးငွေတစ်ပြားမှ

မလျှော့မခံဘဲအပြည့်အဝရရှိလိုနေပါတယ်။

SPORT ရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းဟာဘဏ္ဍာရေးအခက်အခဲရှိနေမှုကြောင့်

ရော်နယ်ကိုးမန်းအားရာထူးမှထုတ်ပယ်လိုက်မှုအတွက်နစ်နာကြေး

လျှော့ပေါ့ယူပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်းဒတ်ချ်လူမျိုးနည်းပြက

ချက်ချင်းငြင်းပယ်ကာနစ်နာကြေးယူရို၁၂သန်းကိုတစ်ပြားမှမလျှော့ဘဲရယူလိုကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဂန္ထဝင်ကစားသမားဟောင်းကိုနစ်နာကြေးယူရို၇သန်းမှ

ယူရို၈သန်းအတွင်းသာရယူပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းဟာဘာစီလိုနာဘက်ကနစ်နာကြေးလျှော့ယူရေး

ပြောဆိုလာမှုအတွက်ဆွေးနွေးမှုပြုလုပ်ရန်ပင်ငြင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့တုန်းကရာယိုဗယ်လီကာနိုအား ၁-ဝဂိုးဖြင့်

ရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ပင်ရော်နယ်ကိုးမန်းကိုထုတ်ပယ်ခဲ့ပါတယ်။

ဘာစီလိုနာဟာယာယီနည်းပြအဖြစ်လူငယ်အသင်းနည်းပြဆာဂျီဘာဟွမ်ကို

ယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။ ဘာစီလိုနာဟာ

ယာယီနည်းပြကိုင်တွယ်တဲ့ပထမဆုံးပွဲမှာလည်းနူးကမ့်မှာအလာဗတ်စ်နှင့်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

zawgyi

ဘာစီလိုနာထံမွနစ္နာေၾကးေငြတစ္ျပားမွမေလွ်ာ့မခံဘဲအျပည့္အဝရရွိလိုေနတဲ့ ကိုးမန္း

ေရာ္နယ္ကိုးမန္းဟာဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီးတဲ့ေနာက္

အေျခအေနကဆိုးသထက္ဆိုး႐ြားလာေနပါတယ္။ဒတ္ခ်္လူမ်ိဳးနည္းျပဟာ

ဘ႑ာေရးအၾကပ္အတည္းေတြ႕ေနတဲ့ဘာစီလိုနာထံမွနစ္နာေၾကးေငြတစ္ျပားမွ

မေလွ်ာ့မခံဘဲအျပည့္အဝရရွိလိုေနပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာအသင္းဟာဘ႑ာေရးအခက္အခဲရွိေနမႈေၾကာင့္

ေရာ္နယ္ကိုးမန္းအားရာထူးမွထုတ္ပယ္လိုက္မႈအတြက္နစ္နာေၾကး

ေလွ်ာ့ေပါ့ယူေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ေသာ္လည္းဒတ္ခ်္လူမ်ိဳးနည္းျပက

ခ်က္ခ်င္းျငင္းပယ္ကာနစ္နာေၾကးယူ႐ို၁၂သန္းကိုတစ္ျပားမွမေလွ်ာ့ဘဲရယူလိုေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဂႏၴဝင္ကစားသမားေဟာင္းကိုနစ္နာေၾကးယူ႐ို၇သန္းမွ

ယူ႐ို၈သန္းအတြင္းသာရယူေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ကိုးမန္းဟာဘာစီလိုနာဘက္ကနစ္နာေၾကးေလွ်ာ့ယူေရး

ေျပာဆိုလာမႈအတြက္ေဆြးေႏြးမႈျပဳလုပ္ရန္ပင္ျငင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔တုန္းကရာယိုဗယ္လီကာႏိုအား ၁-ဝဂိုးျဖင့္

ရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ပင္ေရာ္နယ္ကိုးမန္းကိုထုတ္ပယ္ခဲ့ပါတယ္။

ဘာစီလိုနာဟာယာယီနည္းျပအျဖစ္လူငယ္အသင္းနည္းျပဆာဂ်ီဘာဟြမ္ကို

ယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။ဘာစီလိုနာဟာ

ယာယီနည္းျပကိုင္တြယ္တဲ့ပထမဆုံးပြဲမွာလည္းႏူးကမ့္မွာအလာဗတ္စ္ႏွင့္တစ္ဂိုးစီသေရက်ခဲ့ပါတယ္။