
ဘာစီလိုနာနည်းပြဇာဗီးဟာနန်ဒက်ဇ်ဟာအသင်းကိုပြောင်းလဲ
တည်ဆောက်ရန်အတွက်သူ့ရဲ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးကို
ရင်းရေးကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့အဆင်သင့်ဖြစ်နေပါတယ်။
ဘာစီလိုနာသို့နည်းပြအဖြစ်တကျော့ပြန်ရောက်လာတဲ့ဇာဗီးဟာ
အသင်းရဲ့ဘဏ္ဍာရေးပြဿနာများကြောင့်ကစားသမားသစ်ခေါ်ယူနိုင်ရေး
အခက်အခဲများရှိနေပါတယ်။ဘာစီလိုနာဟာလက်ရှိအချိန်တွင်
လာလီဂါတွင်အမှတ်ပေးဇယားအဆင့်၉နေရာသို့ရောက်နေပြီးထိပ်ဆုံးမှ
ဆိုစီဒက်နှင့်ရမှတ်၁၁မှတ်ကွာဟနေပါတယ်။
အသက်၄၁နှစ်ရှိဇာဗီးဟာအသင်းသို့ကစားသမားသစ်များ
ခေါ်ယူလိုနေပေမယ့်လည်းဘဏ္ဍာရေးပြဿနာကြောင့်ခေါ်ယူဖို့
မဖြစ်နိုင်ပါဘူး။ဒါကြောင့်သူ့အနေနဲ့ကစားသမားသစ်များခေါ်ယူဖို့
အသင်းရှိကစားသမားကိုရောင်းချရပါမယ်။El Chiringuito ရဲ့
ဖော်ပြချက်အရဇာဗီးဟာဘာစီလိုနာရဲ့အကောင်းဆုံးကစးသမားများထဲမှ
တစ်ဦးဖြစ်တဲ့ဖရန်ကီဒီဂျောင်ကိုရောင်းချကာကစားသမားသစ်
ခေါ်ယူရေးငွေရှာမယ်လို့သိရပါတယ်။
အသက်၂၄နှစ်ရှိနယ်သာလန်ကွင်းလယ်ကစားသမားဟာ
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှတစ်ဦးဖြစ်ပြီး
ဥရောပထိပ်သီးကလပ်တိုင်းရဲ့စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။
ဇာဗီးဟာလူငယ်ကစားသမားများဖြစ်ကြတဲ့ဂါဗီနှင့်ပီဒရိုတို့ရဲ့ခြေစွမ်းမှာ
မြင့်မားလာနေရာဖရန့်ကီဒီဂျောင်ကိုရောင်းချလိုက်မှုကြောင့်
အသင်းအတွက်များစွာနစ်နာလာမှာမဟုတ်ဘူးလို့ယူဆနေပါတယ်။
zawgyi
ဘာစီလိုနာနည္းျပဇာဗီး ကစားသမားသစ္မ်ား ေခၚယူႏိုင္ဖို႔ စတားတစ္ဦးကို ရင္းရမယ့္ကိန္းဆိုက္ေန
ဘာစီလိုနာနည္းျပဇာဗီးဟာနန္ဒက္ဇ္ဟာအသင္းကိုေျပာင္းလဲ
တည္ေဆာက္ရန္အတြက္သူ႔ရဲ႕အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးကို
ရင္းေရးႀကီးမားတဲ့ဆုံးျဖတ္ခ်က္တစ္ခုခ်ဖို႔အဆင္သင့္ျဖစ္ေနပါတယ္။
ဘာစီလိုနာသို႔နည္းျပအျဖစ္တေက်ာ့ျပန္ေရာက္လာတဲ့ဇာဗီးဟာ
အသင္းရဲ႕ဘ႑ာေရးျပႆနာမ်ားေၾကာင့္ကစားသမားသစ္ေခၚယူႏိုင္ေရး
အခက္အခဲမ်ားရွိေနပါတယ္။ဘာစီလိုနာဟာလက္ရွိအခ်ိန္တြင္
လာလီဂါတြင္အမွတ္ေပးဇယားအဆင့္၉ေနရာသို႔ေရာက္ေနၿပီးထိပ္ဆုံးမွ
ဆိုစီဒက္ႏွင့္ရမွတ္၁၁မွတ္ကြာဟေနပါတယ္။
အသက္၄၁ႏွစ္ရွိဇာဗီးဟာအသင္းသို႔ကစားသမားသစ္မ်ား
ေခၚယူလိုေနေပမယ့္လည္းဘ႑ာေရးျပႆနာေၾကာင့္ေခၚယူဖို႔
မျဖစ္ႏိုင္ပါဘူး။ဒါေၾကာင့္သူ႔အေနနဲ႔ကစားသမားသစ္မ်ားေခၚယူဖို႔
အသင္းရွိကစားသမားကိုေရာင္းခ်ရပါမယ္။El Chiringuito ရဲ႕
ေဖာ္ျပခ်က္အရဇာဗီးဟာဘာစီလိုနာရဲ႕အေကာင္းဆုံးကစးသမားမ်ားထဲမွ
တစ္ဦးျဖစ္တဲ့ဖရန္ကီဒီေဂ်ာင္ကိုေရာင္းခ်ကာကစားသမားသစ္
ေခၚယူေရးေငြရွာမယ္လို႔သိရပါတယ္။
အသက္၂၄ႏွစ္ရွိနယ္သာလန္ကြင္းလယ္ကစားသမားဟာ
ကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ၿပီး
ဥေရာပထိပ္သီးကလပ္တိုင္းရဲ႕စိတ္ဝင္စားျခင္းခံေနရသူလည္းျဖစ္ပါတယ္။
ဇာဗီးဟာလူငယ္ကစားသမားမ်ားျဖစ္ၾကတဲ့ဂါဗီႏွင့္ပီဒ႐ိုတို႔ရဲ႕ေျခစြမ္းမွာ
ျမင့္မားလာေနရာဖရန႔္ကီဒီေဂ်ာင္ကိုေရာင္းခ်လိုက္မႈေၾကာင့္
အသင္းအတြက္မ်ားစြာနစ္နာလာမွာမဟုတ္ဘူးလို႔ယူဆေနပါတယ္။