ဘာစီလိုနာနဲ့ပွဲကို မပါနိုင်ပေမယ့် ဂျူဗင်တပ် ဂျာစီနဲ့ အောင်ပွဲခံပြလိုက်တဲ့ ရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုရိုနာဗိုင်းရပ်စ် မကင်းစင်သေးတာကြောင့် နေအိမ်မှာ ကွာရန်တင်းဝင်နေရပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဂျူဗင်တပ်ဝတ်စုံကို တမြတ်တနိုးနဲ့ဝတ်ဆင်နေတုန်းပါပဲ။

ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာကို ဂျူဗင်တပ်အသင်း ရှုံးခဲ့ချိန်မှာ ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းဂျာစီနဲ့ မြင်ရတာက ဂျူဗင်တပ် အသင်းပရိသတ်တွေအတွက် အားတက်စရာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အောက်တိုဘာလ ၁၃ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ သီးခြားခွဲနေပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူနေပေမယ့် ၂ပတ်ကြာအထိ ပေါ့စတစ်ရလဒ်ထွက်နေလို့ အသင်းနဲ့အတူ ပူးပေါင်းခွင့်မရသေးပါဘူး။

ဒါပေမယ့် သူ့အင်စတာဂရမ်မှာ နောက်ဆုံးတင်ခဲ့တဲ့ ဗီဒီယိုကလစ်မှာ CR7ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာရောဂါလက္ခဏာမှမပြဘဲ အားကစားလေ့ကျင့်ခန်းတွေလုပ်နေတာကို တွေ့ရပါတယ်။

အပြေးလေ့ကျင့်စက်ပေါ် ဖြေးဖြေးနဲ့ မှန်မှန်ပြေးနေရင်း သူ့ရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ “Siuu”အောင်ပွဲခံဟန်ကို လုပ်ပြလိုက်ပါသေးတယ်။

ဗီဒီယိုကလစ်မှာတော့ “ခရီးဆုံးအထိ အတူတကွလျှောက်ကြစို့”လို့ ရေးသားခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေဟာ ခရစ္စတီယာနိုနဲ့မက်ဆီတို့ရဲ့အားပြိုင်မှုကို တစ်ကျော့ပြန်မြင်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် နောက်ဆုံးစစ်တဲ့ဆေးရလဒ်မှာလည်း ပေါ့စတစ်ရလဒ်ထွက်တာကြောင့် ဗုဒ္ဓဟူးနေ့က ဘာစီလိုနာနဲ့ပွဲကို လွှဲချော်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ၂၀၁၁-၁၂ရာသီနောက်ပိုင်းချန်ပီယံလိဂ်မှာ ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိခဲ့သလို ၂၀၁၈-၁၉ရာသီကစလို့ ဘယ်ပြိုင်ပွဲမှာမှလည်း တွေ့ဆုံခြင်းမရှိခဲ့ပါဘူး။ ဂျူဗင်တပ်အသင်းကတော့ နူးကမ့်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့မှာထာဝရအကောင်းဆုံးကစားသမားတစ်ဦးကို ဘာစီလိုနာပရိသတ်ပြန်မြင်စေရမယ်လို့ တုံ့ပြန်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာနဲ႔ပြဲကို မပါႏိုင္ေပမယ့္ ဂ်ဴဗင္တပ္ ဂ်ာစီနဲ႔ ေအာင္ပြဲခံျပလိုက္တဲ့ ေရာ္နယ္ဒို

ကိုရိုနာဗုိင္းရပ္စ္ မကင္းစင္ေသးတာေၾကာင့္ ေနအိမ္မွာ ကြာရန္တင္း၀င္ေနရေပမယ့္ ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ ဂ်ဴဗင္တပ္၀တ္စံုကို တျမတ္တႏိုးနဲ႔၀တ္ဆင္ေနတုန္းပါပဲ။

ဗုဒၶဟူးေန႔က ခ်န္ပီယံလိဂ္ပြဲမွာ ဘာစီလိုနာကို ဂ်ဴဗင္တပ္အသင္း ရႈံးခဲ့ခ်ိန္မွာ ခရစၥတီယာႏိုေရာ္နယ္ဒိုကို အသင္းဂ်ာစီနဲ႔ ျမင္ရတာက ဂ်ဴဗင္တပ္ အသင္းပရိသတ္ေတြအတြက္ အားတက္စရာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ေအာက္တိုဘာလ ၁၃ရက္ေန႔ကတည္းက ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရလို႔ သီးျခားခြဲေနၿပီး လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ခံယူေနေပမယ့္ ၂ပတ္ၾကာအထိ ေပါ့စတစ္ရလဒ္ထြက္ေနလို႔ အသင္းနဲ႔အတူ ပူးေပါင္းခြင့္မရေသးပါဘူး။

ဒါေပမယ့္ သူ႔အင္စတာဂရမ္မွာ ေနာက္ဆံုးတင္ခဲ့တဲ့ ဗီဒီယိုကလစ္မွာ CR7ကို ၿပံဳးၿပံဳးရႊင္ရႊင္နဲ႔ ဘာေရာဂါလကၡဏာမွမျပဘဲ အားကစားေလ့က်င့္ခန္းေတြလုပ္ေနတာကို ေတြ႔ရပါတယ္။

အေျပးေလ့က်င့္စက္ေပၚ ေျဖးေျဖးနဲ႔ မွန္မွန္ေျပးေနရင္း သူ႔ရဲ႕ အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ “Siuu”ေအာင္ပြဲခံဟန္ကို လုပ္ျပလိုက္ပါေသးတယ္။

ဗီဒီယိုကလစ္မွာေတာ့ “ခရီးဆံုးအထိ အတူတကြေလွ်ာက္ၾကစို႔”လို႔ ေရးသားခဲ့ပါတယ္။ ေဘာလံုးပရိသတ္ေတြဟာ ခရစၥတီယာႏိုနဲ႔မက္ဆီတို႔ရဲ႕အားၿပိဳင္မႈကို တစ္ေက်ာ့ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ေနာက္ဆံုးစစ္တဲ့ေဆးရလဒ္မွာလည္း ေပါ့စတစ္ရလဒ္ထြက္တာေၾကာင့္ ဗုဒၶဟူးေန႔က ဘာစီလိုနာနဲ႔ပြဲကို လႊဲေခ်ာ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ဟာ ၂၀၁၁-၁၂ရာသီေနာက္ပိုင္းခ်န္ပီယံလိဂ္မွာ ထိပ္တိုက္ရင္ဆိုင္ျခင္းမရွိခဲ့သလို ၂၀၁၈-၁၉ရာသီကစလို႔ ဘယ္ၿပိဳင္ပြဲမွာမွလည္း ေတြ႔ဆံုျခင္းမရွိခဲ့ပါဘူး။ ဂ်ဴဗင္တပ္အသင္းကေတာ့ ႏူးကမ့္ကြင္းမွာ ကစားရမယ့္ ဒုတိယအေက်ာ့မွာထာ၀ရအေကာင္းဆံုးကစားသမားတစ္ဦးကို ဘာစီလိုနာပရိသတ္ျပန္ျမင္ေစရမယ္လို႔ တံု႔ျပန္ထားပါတယ္။