ဘာစီလိုနာနဲ့ပွဲမတိုင်ခင် ၄၈ နာရီအလိုတွင် စီရော်နယ်ဒို ကိုဗစ်စစ်ဆေးမှုခံယူနိုင်ရန် ဂျူဗင်တပ် တောင်းဆိုသွားမည်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ စီရော်နယ်ဒိုဟာ သူ့အတွက်နဲ့ ဂျူဗင်တပ်အတွက် အရေးကြီးတဲ့ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ပွဲမှာ ပါဝင်ကစား နိုင်ဖို့ တိုက်ပွဲဝင်ဆံပင်ပုံစံကိုတောင်ပြောင်းပြီး ကာယလေ့ကျင့်ခန်းတွေလည်း အပြင်း အထန်ပြုလုပ်နေခဲ့တာပါ။ ဒါပေမဲ့ ဒုတိယအကြိမ်စစ်ဆေးမှုမှာ ကိုရိုနာဗိုင်းရပ်စ်ပေါ့စတစ် တွေ့ရှိနေရဆဲဖြစ်တဲ့အတွက် လာမယ့်တစ်ပတ်မှာ ဘာစီလိုနာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ရဖို့များနေပါတယ်။

ယူအီးအက်ဖ်အေရဲ့သတ်မှတ်ချက်မှာ ကစားသမားတစ်ယောက်အနေနဲ့ ပွဲမကစားခင်တစ်ပတ်အလိုမှာ ဆေးစစ်ချက်အရ ဗိုင်းရပ်စ်ပိုးကင်းရှင်းရမှာဖြစ်ပြီး အခုဆိုရင် ဘာစီလိုနာနဲ့ကစားဖို့က တစ်ပတ်တောင် မလိုတော့တဲ့အချိန်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဂျူဗင်တပ်အသင်းကတော့ စီရော်နယ်ဒိုအတွက် ယူအီးအက်ဖ်အေကို အထူးအခွင့်အရေးတောင်းဆိုသွားဖို့ရှိနေပြီး သူ့ကို ဘာစီလိုနာနဲ့ ပွဲမတိုင်ခင် ၄၈ နာရီအလိုမှာ နောက်ဆုံးတစ်ကြိမ် ဆေးစစ်နိုင်အောင် စီစဉ်ပေးဖို့ စီစဉ် နေပါတယ်။ တကယ်လို့ ဒီတစ်ကြိမ်ဆေးစစ်မှုမှာ စီရော်နယ်ဒိုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုး Negative ဖြစ်ခဲ့မယ်ဆိုရင် ယှဉ်ပြိုင်ခွင့်ပေးဖို့တောင်းဆိုမယ်လို့လည်း သိရပါတယ်။

ဂျူဗင်တပ်ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး အကောင်းမြင်ထားပေမယ့် ယူအီးအက်ဖ်အေ ရဲ့တုံ့ပြန်မှုကိုတော့ မသိရသေးပါဘူး။ ဆယ်စုနှစ်တစ်ခုကြာ အဓိကပြိုင်ဘက် ၂ ဦးဖြစ် တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုရင်ဆိုင်မယ့်ပွဲကို တစ်ကမ္ဘာလုံးကပရိသတ်တွေက စိတ်ဝင်စား နေပြီး ကာယကံရှင် ၂ ဦးစလုံးကိုယ်တိုင်ကလည်း စိတ်အားထက်သန်နေပါတယ်။

မက်ဆီက “စီရော်နယ်ဒိုဟာ တကယ့်အံ့မခန်းကစားသမားတစ်ဦးပါပဲ။ နှစ်တွေအကြာ ကြီး ထိပ်တန်းအဆင့်တစ်ခုမှာကစားနိုင်အောင် ထိန်းထားဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန် တော်တို့ ၂ ယောက်ရဲ့အသင်းတွေကလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရီးရဲလ်နဲ့ ဘာစီလို နာဖြစ်နေခဲ့တဲ့အတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့တာပါ။ သူနဲ့ ကျွန်တော်နဲ့ Personal အရ ဆက်ဆံရေးကောင်းပါတယ်။ ဒါကိုပရိသတ်တွေကလည်း သဘောကျ လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီစကားတွေကြောင့် တစ်ချိန်က စီရော်နယ်ဒိုပြောခဲ့ဖူးသလို မက်ဆီနဲ့ သူနဲ့ဟာ ညစာအတူမစားဖြစ်ဖူးသေးပေမယ့် တစ် ယောက်နဲ့တစ်ယောက် လေးစားမှုအပြည့်ရှိပြီး ထိပ်တန်းအဆင့်တစ်ခုကို အချိန်အကြာ ကြီးထိန်းထားနိုင်တဲ့အတွက်လည်း အပြန်အလှန်ချီးကျူးမိကြောင်း ဆိုခဲ့တာကို သတိရ စရာဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာနဲ႔ပဲြမတိုင္ခင္ ၄၈ နာရီအလိုတြင္ စီေရာ္နယ္ဒို ကိုဗစ္စစ္ေဆးမႈခံယူႏုိင္ရန္ ဂ်ဴဗင္တပ္ ေတာင္းဆိုသြားမည္

မၾကာေသးခင္က ကိုရုိနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတဲ့ စီေရာ္နယ္ဒိုဟာ သူ႕အတြက္နဲ႔ ဂ်ဴဗင္တပ္အတြက္ အေရးႀကီးတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ ဘာစီလိုနာနဲ႔ပြဲမွာ ပါ၀င္ကစား ႏိုင္ဖို႔ တုိက္ပြဲ၀င္ဆံပင္ပံုစံကိုေတာင္ေျပာင္းၿပီး ကာယေလ့က်င့္ခန္းေတြလည္း အျပင္း အထန္ျပဳလုပ္ေနခဲ့တာပါ။ ဒါေပမဲ့ ဒုတိယအႀကိမ္စစ္ေဆးမႈမွာ ကိုရိုနာဗိုင္းရပ္စ္ေပါ့စတစ္ ေတြ႕ရွိေနရဆဲျဖစ္တဲ့အတြက္ လာမယ့္တစ္ပတ္မွာ ဘာစီလိုနာနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ရဖို႔မ်ားေနပါတယ္။

ယူအီးအက္ဖ္ေအရဲ႕သတ္မွတ္ခ်က္မွာ ကစားသမားတစ္ေယာက္အေနနဲ႔ ပြဲမကစားခင္တစ္ပတ္အလိုမွာ ေဆးစစ္ခ်က္အရ ဗိုင္းရပ္စ္ပိုးကင္းရွင္းရမွာျဖစ္ၿပီး အခုဆိုရင္ ဘာစီလိုနာနဲ႔ကစားဖို႔က တစ္ပတ္ေတာင္ မလိုေတာ့တဲ့အခ်ိန္ျဖစ္ေနပါၿပီ။ ဒါေပမဲ့ ဂ်ဴဗင္တပ္အသင္းကေတာ့ စီေရာ္နယ္ဒိုအတြက္ ယူအီးအက္ဖ္ေအကို အထူးအခြင့္အေရးေတာင္းဆိုသြားဖို႔ရွိေနၿပီး သူ႕ကို ဘာစီလိုနာနဲ႔ ပြဲမတိုင္ခင္ ၄၈ နာရီအလိုမွာ ေနာက္ဆံုးတစ္ႀကိမ္ ေဆးစစ္ႏိုင္ေအာင္ စီစဥ္ေပးဖို႔ စီစဥ္ ေနပါတယ္။ တကယ္လုိ႔ ဒီတစ္ႀကိမ္ေဆးစစ္မႈမွာ စီေရာ္နယ္ဒိုအေနနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ပိုး Negative ျဖစ္ခဲ့မယ္ဆုိရင္ ယွဥ္ၿပိဳင္ခြင့္ေပးဖို႔ေတာင္းဆိုမယ္လုိ႔လည္း သိရပါတယ္။

ဂ်ဴဗင္တပ္ဘက္က ဒီကိစၥနဲ႔ပတ္သက္ၿပီး အေကာင္းျမင္ထားေပမယ့္ ယူအီးအက္ဖ္ေအ ရဲ႕တုံ႔ျပန္မႈကိုေတာ့ မသိရေသးပါဘူး။ ဆယ္စုႏွစ္တစ္ခုၾကာ အဓိကၿပိဳင္ဘက္ ၂ ဦးျဖစ္ တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုရင္ဆိုင္မယ့္ပြဲကို တစ္ကမာၻလံုးကပရိသတ္ေတြက စိတ္၀င္စား ေနၿပီး ကာယကံရွင္ ၂ ဦးစလံုးကိုယ္တိုင္ကလည္း စိတ္အားထက္သန္ေနပါတယ္။

မက္ဆီက “စီေရာ္နယ္ဒိုဟာ တကယ့္အံ့မခန္းကစားသမားတစ္ဦးပါပဲ။ ႏွစ္ေတြအၾကာ ႀကီး ထိပ္တန္းအဆင့္တစ္ခုမွာကစားႏိုင္ေအာင္ ထိန္းထားဖို႔ဆုိတာ မလြယ္ပါဘူး။ ကၽြန္ ေတာ္တုိ႔ ၂ ေယာက္ရဲ႕အသင္းေတြကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္တဲဲ့ ရီးရဲလ္နဲ႔ ဘာစီလို နာျဖစ္ေနခဲ့တဲ့အတြက္ ပိုၿပီးစိတ္၀င္စားစရာေကာင္းခဲ့တာပါ။ သူနဲ႔႔ ကၽြန္ေတာ္နဲ႔ Personal အရ ဆက္ဆံေရးေကာင္းပါတယ္။ ဒါကိုပရိသတ္ေတြကလည္း သေဘာက် လိမ့္မယ္လုိ႔ ထင္ပါတယ္” လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

ဒီစကားေတြေၾကာင့္ တစ္ခ်ိန္က စီေရာ္နယ္ဒိုေျပာခဲ့ဖူးသလို မက္ဆီနဲ႔ သူနဲ႔ဟာ ညစာအတူမစားျဖစ္ဖူးေသးေပမယ့္ တစ္ ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈအျပည့္ရွိၿပီး ထိပ္တန္းအဆင့္တစ္ခုကို အခ်ိန္အၾကာ ႀကီးထိန္းထားႏိုင္တဲ့အတြက္လည္း အျပန္အလွန္ခ်ီးက်ဴးမိေၾကာင္း ဆိုခဲ့တာကို သတိရ စရာျဖစ္ခဲ့ပါတယ္။