ဘာစီလိုနာမှာ မက်ဆီရဲ့နေရာ အစားဝင်နိုင်မယ့် ကစားသမားကို အီတူး ထုတ်ဖော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆမ်မြူရယ် အီတူးက ဘာစီလိုနာမှာ မက်ဆီမရှိတော့တဲ့ သူ့ရဲ့ နေရာကို အန်ဆု ဖာတီက ဆက်ခံနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပြီး ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရမယ့် အခွင့်အရေး ရှိနေပါတယ်။

ယခုလအတွင်းမှာလည်း ပြည်ပကလပ်တွေနဲ့ ဆွေးနွေးနိုင်ပြီး နွေရာသီမှာ ထွက်ခွာနိုင်တာကြောင့် အာဂျင်တိုင်းသားရဲ့နေရာကို ဘယ်သူဆက်ခံနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

တာဝန်ကြီးတဲ့ အလုပ်ဖြစ်ပေမဲ့ အီတူးကတော့ ၁၈နှစ်သားလေး ဖာတီအနေနဲ့ မက်ဆီရဲ့နေရာကို ဆက်ခံနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

အီတူးက “ကျွန်တော်ကတော့ ဖာတီက အနာဂတ်အတွက် အားထားရမယ့်သူလို့ ထင်ပါတယ်။ သူ လက်ရှိမှာ အံ့အားသင့်စရာတွေ လုပ်ပြနေတာကြောင့် အသင်းက သူ့ကို ပျိုးထောင်ပြီး သေချာ ဂရုစိုက်နိုင်ဖို့ လိုပါတယ်။ သူက မက်ဆီရဲ့ နေရာကို ဆက်ခံနိုင်မယ့််သူအဖြစ် မျှော်လင့်ထားကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

အီတူးဟာ ဘာစီလိုနာမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲ ပါဝင်ပြီး မက်ဆီက အသင်းကြီးမှာ နေရာရချိန် ၂၀၀၄ခုနှစ်ကနေ ၂၀၀၉ကြား ၅နှစ်ကြာ ခြေစွမ်းပြခဲ့ပါတယ်။ အီတူးဟာ ဂွါဒီယိုလာလက်ထက် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပေမဲ့ သူ အကြိုက်ဆုံးနည်းပြအဖြစ် မော်ရင်ဟိုကိုသာ ရွေးချယ်ထားခဲ့ပါတယ်။

အီတူးက “ကျွန်တော် ဟိုဆေး မော်ရင်ဟိုရဲ့ စတိုင်နဲ့ ပိုပြီး ရင်းနှီးပါတယ်။ သူတို့ အသုံးပြုတဲ့ စတိုင်တွေအကြောင်း ပြောကြမယ်ဆိုရင် မော်ရင်ဟိုကိုပဲ ရွေးမှာပါ”

“ဒါပေမဲ့ ပက်က ထိပ်တန်းနည်းပြ တစ်ဦးဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချရ ခက်ပေမဲ့ မော်ရင်ဟိုလောက်တော့ ဘယ်သူကမှ ကစားသမားတွေကို စိတ်ဓာတ်မြင့်တင် မပေးနိုင်ဘူးလို့ ထင်ပါတယ်။ ဟိုဆေးကမှ စပယ်ရှယ်ဝမ်းပါ”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာမွာ မက္ဆီရဲ႕ေနရာ အစား၀င္ႏို္င္မယ့္ ကစားသမားကို အီတူး ထုတ္ေဖာ္

ဆမ္ျမဴရယ္ အီတူးက ဘာစီလိုနာမွာ မက္ဆီမရွိေတာ့တဲ့ သူ႕ရဲ႕ ေနရာကို အန္ဆု ဖာတီက ဆက္ခံႏိုင္မယ္လို႔ ယံုၾကည္လ်က္ ရွိေနပါတယ္။ မက္ဆီဟာ ျပီးခဲ့တဲ့ ေႏြရာသီက အသင္းကေန ထြက္ခြာဖို႔ ၾကိဳးစားခဲ့ျပီး ရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာခြင့္ရမယ့္ အခြင့္အေရး ရွိေနပါတယ္။ ယခုလအတြင္းမွာလည္း ျပည္ပကလပ္ေတြနဲ႔ ေဆြးေႏြးႏိုင္ျပီး ေႏြရာသီမွာ ထြက္ခြာႏို္င္တာေၾကာင့္ အာဂ်င္တိုင္းသားရဲ႕ေနရာကို ဘယ္သူဆက္ခံႏိုင္မလဲဆုိတာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။ တာ၀န္ၾကီးတဲ့ အလုပ္ျဖစ္ေပမဲ့ အီတူးကေတာ့ ၁၈ႏွစ္သားေလး ဖာတီအေနနဲ႔ မက္ဆီရဲ႕ေနရာကို ဆက္ခံႏိုင္မယ္လို႔ ယံုၾကည္လ်က္ ရွိေနပါတယ္။

အီတူးက “ကြ်န္ေတာ္ကေတာ့ ဖာတီက အနာဂတ္အတြက္ အားထားရမယ့္သူလို႔ ထင္ပါတယ္။ သူ လက္ရွိမွာ အံ့အားသင့္စရာေတြ လုပ္ျပေနတာေၾကာင့္ အသင္းက သူ႕ကို ပ်ိဳးေထာင္ျပီး ေသခ်ာ ဂရုစိုက္ႏိုင္ဖို႔ လိုပါတယ္။ သူက မက္ဆီရဲ႕ ေနရာကို ဆက္ခံႏုိင္မယ့္္သူအျဖစ္ ေမွ်ာ္လင့္ထားၾကတာေပါ့”လို႔ ေျပာခဲ့ပါတယ္။ အီတူးဟာ ဘာစီလိုနာမွာ အေကာင္းဆံုး တုိက္စစ္မွဴးေတြထဲ ပါ၀င္ျပီး မက္ဆီက အသင္းၾကီးမွာ ေနရာရခ်ိန္ ၂၀၀၄ခုႏွစ္ကေန ၂၀၀၉ၾကား ၅ႏွစ္ၾကာ ေျခစြမ္းျပခဲ့ပါတယ္။

အီတူးဟာ ဂြါဒီယိုလာလက္ထက္ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ဆြတ္ခူးခဲ့ေပမဲ့ သူ အၾကိဳက္ဆံုးနည္းျပအျဖစ္ ေမာ္ရင္ဟိုကိုသာ ေရြးခ်ယ္ထားခဲ့ပါတယ္။ အီတူးက “ကြ်န္ေတာ္ ဟိုေဆး ေမာ္ရင္ဟိုရဲ႕ စတုိင္နဲ႔ ပိုျပီး ရင္းႏွီးပါတယ္။ သူတို႔ အသံုးျပဳတဲ့ စတုိင္ေတြအေၾကာင္း ေျပာၾကမယ္ဆုိရင္ ေမာ္ရင္ဟိုကိုပဲ ေရြးမွာပါ။ ဒါေပမဲ့ ပက္က ထိပ္တန္းနည္းျပ တစ္ဦးျဖစ္တာေၾကာင့္ ဆံုးျဖတ္ခ်က္ခ်ရ ခက္ေပမဲ့ ေမာ္ရင္ဟိုေလာက္ေတာ့ ဘယ္သူကမွ ကစားသမားေတြကို စိတ္ဓာတ္ျမင့္တင္ မေပးႏိုင္ဘူးလို႔ ထင္ပါတယ္။ ဟိုေဆးကမွ စပယ္ရွယ္၀မ္းပါ”လို႔ ဆုိခဲ့ပါတယ္။