
လိဒ်စတားရာဖင်ညာဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်
ဘာစီလိုနာသို့ပြောင်းရန်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု
ရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား
ရာဖင်ညာဟာ ၂၀၂၀ခုနှစ်ကမှ ပြင်သစ် လီဂူးဝမ်းကလပ် ရန်းနက်စ် ကနေ
လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး
အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့
အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့်
ဥရောပရဲ့ အသင်းကြီး တချို့က သူ့ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ
ဘာစီလိုနာ ဥက္ကဌ လာပေါ်တာဟာ သူနဲ့ ရာဖင်ညာရဲ့ အေးဂျင့်ဖြစ်သူ
ဒေကိုတို့ ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကို အခွင့်ကောင်းယူကာ
ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးစားနေပြီး ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေး
ယူရို ၄၅သန်း ဝန်းကျင် သုံးစွဲဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
လိဒ်ဟာရာဖင်ညာရဲ့စာချုပ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါက
ပေါင်သန်း၇၀ပေးရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားရာ
ပေါင်သန်း၅၀ဝန်းကျင်ဖြင့်သာအပြောင်းအရွှေ့ဖြစ်နိုင်ဖို့ရှိပါတယ်။
zawgyi
ဘာစီလိုနာသို႔ေျပာင္းရန္ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈ ရရွိသြားၿပီျဖစ္တဲ့ လိဒ္စတားရာဖင္ညာ
လိဒ္စတားရာဖင္ညာဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္
ဘာစီလိုနာသို႔ေျပာင္းရန္ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈ
ရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။
အသက္ ၂၅ႏွစ္ အ႐ြယ္ ဘရာဇီးလ္ လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား
ရာဖင္ညာဟာ ၂၀၂၀ခုႏွစ္ကမွ ျပင္သစ္ လီဂူးဝမ္းကလပ္ ရန္းနက္စ္ ကေန
လိဒ္ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၈သန္းေက်ာ္နဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး
အသင္းထံ စတင္ ေရာက္ရွိခ်ိန္ကတည္းက အသင္းရဲ႕
အဓိက တိုက္စစ္ကစားသမား အျဖစ္ ေျခစြမ္းျပ ကစားႏိုင္ခဲ့တာေၾကာင့္
ဥေရာပရဲ႕ အသင္းႀကီး တခ်ိဳ႕က သူ႔ကို ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။
နာမည္ႀကီး သတင္းေထာက္ တစ္ဦး ျဖစ္သူ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္အရ
ဘာစီလိုနာ ဥကၠဌ လာေပၚတာဟာ သူနဲ႔ ရာဖင္ညာရဲ႕ ေအးဂ်င့္ျဖစ္သူ
ေဒကိုတို႔ ၾကားမွာ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိတာကို အခြင့္ေကာင္းယူကာ
ရာဖင္ညာကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး ရာဖင္ညာ အတြက္ ေျပာင္းေ႐ႊ႕ေၾကး
ယူ႐ို ၄၅သန္း ဝန္းက်င္ သုံးစြဲဖို႔ စီစဥ္ထားေၾကာင္းလည္း သိရပါတယ္။
လိဒ္ဟာရာဖင္ညာရဲ႕စာခ်ဳပ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါက
ေပါင္သန္း၇၀ေပးရမယ္ဆိုတဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားရာ
ေပါင္သန္း၅၀ဝန္းက်င္ျဖင့္သာအေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္ဖို႔ရွိပါတယ္။