ဘာစီလိုနာအတွက် ဂိုးစသွင်းတဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်တံခါးပိတ်

ကစားတဲ့ဘာစီလိုနာအတွက်ပထမဆုံးပွဲစဉ်မှာဂိုးသွင်းနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်တာကြောင့်တနင်္ဂနွေ

နေ့ပွဲစဉ်မှာပါဝင်လာဖို့ရှိနေပါတယ်။


အသက်၃၃နှစ်ရှိအဂွဲရိုးဟာမနေ့တုန်းကတတိယတန်းကလပ် UE Cornella နှင့်

ခြေစမ်းပွဲစဉ်မှာပါဝင်ကစားခဲ့တာဖြစ်ပြီးတစ်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါ

တယ်။သူဟာလာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့်ဗလင်စီယာနှင့်ပွဲမှာပါဝင်

လာနိုင်ပါတယ်။

အဂွဲရိုးဟာပြီးခဲ့တဲ့မေလတုန်းကမန်စီးတီးမှထွက်ခွာကာဘာစီလိုနာသို့အလွတ်

ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာကြွက်သားဒဏ်ရာရရှိခဲ့

တာကြောင့်ဘာစီလိုနာအတွက်တစ်ပွဲမျှမကစားခဲ့ရဘဲအနားယူလာခဲ့ရသူလည်း

ဖြစ်ပါတယ်။

အဂွဲရိုးဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုဟာထိပ်ဆုံးမှရီးရဲလ်မက်ဒရစ်နှင့်

ငါးမှတ်ကွာဟနေမှုကြောင့်ဖိအားများကြုံနေရတဲ့နည်းပြကိုးမန်းအတွက်

အားတက်စရာသတင်းတစ်ခုဖြစ်နေပါတယ်။

Zawgyi

ဘာစီလိုနာအတြက္ ဂိုးစသြင္းတဲ့ အဂြဲ႐ိုး
ဆာဂ်ီယိုအဂြဲ႐ိုးဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္တံခါးပိတ္

ကစားတဲ့ဘာစီလိုနာအတြက္ပထမဆုံးပြဲစဥ္မွာဂိုးသြင္းႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာႀကံ့ခိုင္မႈျပည့္ဝလာၿပီျဖစ္တာေၾကာင့္တနဂၤေႏြ

ေန႔ပြဲစဥ္မွာပါဝင္လာဖို႔ရွိေနပါတယ္။
အသက္၃၃ႏွစ္ရွိအဂြဲ႐ိုးဟာမေန႔တုန္းကတတိယတန္းကလပ္ UE Cornella ႏွင့္

ေျခစမ္းပြဲစဥ္မွာပါဝင္ကစားခဲ့တာျဖစ္ၿပီးတစ္ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါ

တယ္။သူဟာလာမယ့္တနဂၤေႏြေန႔မွာကစားရမယ့္ဗလင္စီယာႏွင့္ပြဲမွာပါဝင္

လာႏိုင္ပါတယ္။
အဂြဲ႐ိုးဟာၿပီးခဲ့တဲ့ေမလတုန္းကမန္စီးတီးမွထြက္ခြာကာဘာစီလိုနာသို႔အလြတ္

ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္သူဟာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မွာႂကြက္သားဒဏ္ရာရရွိခဲ့

တာေၾကာင့္ဘာစီလိုနာအတြက္တစ္ပြဲမွ်မကစားခဲ့ရဘဲအနားယူလာခဲ့ရသူလည္

းျဖစ္ပါတယ္။
အဂြဲ႐ိုးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမႈဟာထိပ္ဆုံးမွရီးရဲလ္မက္ဒရစ္ႏွင့္

ငါးမွတ္ကြာဟေနမႈေၾကာင့္ဖိအားမ်ားႀကဳံေနရတဲ့နည္းျပကိုးမန္းအတြက္

အားတက္စရာသတင္းတစ္ခုျဖစ္ေနပါတယ္။