ဘာစီလိုနာအသင်းတစ်သင်းထဲမှာ ကစားတဲ့သူ ဖြစ်နေသမျှတော့ မက်ဆီဟာ စီရော်နယ်ဒိုထက်ပိုမကောင်းဘူးလို့ အိုဇေးကတော့ ပြောပြီ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုနဲ့ မက်ဆီ ဘောလုံးစွမ်းဆောင်ရည် ဘယ်သူပိုကောင်းလဲ….?

နောင်နှစ်တွေများစွာကြာမြင့်ချိန်အထိ ဘောလုံးလောကမှာ ရေးပန်းအစားဆုံးမေးခွန်းဖြစ်နေအုံးမယ့်မေးခွန်းတစ်ခုကို အာဆင်နယ်အသင်းရဲ့ကစားသမား အိုဇေးကလည်းသူ့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ မီဆူးလ် အိုဇေးကတော့ စီရော်နယ်ဒိုဟာ မတူညီတဲ့နီုင်ငံတွေရဲ့ လိဂ်တွေမှာ ခြေစွမ်းကျဆင်းမသွားပဲ ထိပ်တန်းအဆင့်ကစားနီုင်ခဲံတာကြောင့် မက်ဆီထက်ပိုမိုကောင်းမွန်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သူတို့နှစ်ဦးကို အားပေးကြတဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ဦး ဘောလုံးကစားခြင်းကနေ အနားယူသွားခဲ့ရင်တောင် ငြင်းခုန်မှုတွေကနေပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ပရိသတ်တွေက စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူကပိုကောင်းလဲဆိုတဲ့ ငြင်းခုံမှုအပေါ် အိုဇေးတို့လို နာမည်ကျော်တွေရဲ့ သုံသပ်မှု ထင်မြင်ချက်တွေကိုသိချင်နေကြပါတယ်။

တနင်္ဂနွေနေ့က ရော်နယ်ဒိုဟာ ဆာအူဆိုလိုအသင်းကို သွင်းဂိုးတစ်ဂိုးရယူခဲ့ပြီးနောက်မှာ ဘောလုံးသမိုင်းမှာ တရားဝင်ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမား အဖြစ် ဂျိုးဆပ် ဘီကန်နဲ့အတူ နံပါတ်(၁)နေရာကိုရောက်ရှိလာခဲ့ပါတယ်။ သွင်းဂိုး ၇၅၉ ဂိုးသွင်းယူခဲ့ပြီးခဲ့ပြီး နံပါတ်(၁)နေရာကိုရောက်ရှိလာနေပေမယ့် အဆင့်(၃)နေရာမှာ ရှိနေတဲ့ ပီလီကတော့ သူ့ရဲ့ သွင်းဂိုးနံပါတ်တွေနဲ့ အခုအချိန်အထိ အငြင်းပွားလျက်ရှိနေပါသေးတယ်။

မက်ဆီဟာလည်း သွင်းဂိုးရယူထားတဲ့နေရာမှာ အဆင့်(၄)နေရာမှာရှိနေပြီး (၇၄၂)ဂိုးသွင်းယူထားပါတယ်။ မကြာသေးခင်က ပီလီရဲ့ အသင်းတစ်သင်းတည်းမှာ ကစားပြီးသွင်းဂိုး(၆၄၃)ဂိုးကို ကျော်ဖြတ်သွားနိုင်ခဲ့ကာ အခုအချိန်မှာ သူ့ရဲ့ ဘာစီလိုနာအသင်းအတွက်သွင်းယူပေးထားတဲ့ဂိုးဟာ (၆၄၆)ဂိုးရှိလာပါပြီ။

Ballon d’Ors ဆုမှာတော့ ရော်နယ်ဒိုထက် ဆုတစ်ဆုပိုများနေပြီး Free kick ကနေဂိုးသွင်းယူထားမှုမှာလည်း မက်ဆီက တစ်ကြိမ်ပိုများနေပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ တစ်ခေတ်ထဲမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်ခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ရော်နယ်ဒိုဟာ သူ့ရဲ့ စနစ်ကျတဲ့လေ့ကျင်မှု၊ နေထိုင်စားသောက်တဲ့ပုံစံ၊ ခေါင်းတိုက်စွမ်းရည် ၊ ဂိုးသွင်းကောင်းမှု စတဲ့ အချက်တွေနဲ့ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်နေသလို လူငယ်ကစားသမားအများစုရဲ့ အိုင်ဒေါဖြစ်နေသူတစ်ဦးပါ။ မက်ဆီကတော့ သူ့ရဲ့ ပါရမီပေါ်အခြေခံပြီး လှပတဲ့ ကစားဟန်တွေနဲ့ နောက်တန်းကစားသမားတွေကို ကျော်ဖြတ်ပြီး ထူးခြားတဲ့ ဘောလုံးအမြင်တွေရှိသလို ၊ ဂိုးသွင်းကောင်းပြီး ထိန်းချုပ်ရ ခက်ခဲတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလိုတစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့ ထူးခြားချက်တွေရှိနေပြီး ဘယ်သူကတော့ သိသိသာသာပိုကောင်းမွန်တယ်လို့ ရွေးချယ်ရခက်ခဲ့နေစေပါတယ်။ ဒါပေမယ့် အိုဇေးကတော့ မတူညီတဲ့ လိဂ်တွေမှာပြောင်းရွှေ့ ကစားနိုင်နေတဲ့ ရော်နယ်ဒိုက ဘာစီလိုနာကြယ်ပွင့်ထက်တော့ပိုသာတယ်လို့ သုံးသပ်ထားပါတယ်။


ဒါ့အပြင် မက်ဆီဟာ ဘောလုံးလောကမှာအသင်းတစ်သင်းထဲမှာကစားတဲ့ သစ္စာရှိမှုဆိုတဲ့ ထောင်ချောက်မှာ ပိတ်မိနေတဲ့ သူတစ်ယောက်လို့လည်းပြောဆိုထားသွားခဲ့ပြီး မက်ဆီအနေနဲ့လည်း ဘာစီလိုနာကနေထွက်ခွာပြီးအသင်းသစ်တစ်ခုမှာပြောင်းလဲကစားဖို့ ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲနေသူတစ်ဦးလို့လည်း သုံသပ်သွားခဲ့ပါတယ်။ ပရိသတ်တွေကကော မက်ဆီဒါမှမဟုတ်ရော်နယ်ဒိုတို့နှစ်ဦးမှာ ဘယ်သူကစွမ်းဆောင်ရည်ပိုကောင်းတယ်လို့ထင်ပါလဲ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာအသင္းတစ္သင္းထဲမွာ ကစားတဲ့သူ ျဖစ္ေနသမွ်ေတာ့ မက္ဆီဟာ စီေရာ္နယ္ဒိုထက္ပိုမေကာင္းဘူးလို႕ အိုေဇးကေတာ့ ေျပာၿပီ….

စီေရာ္နယ္ဒိုနဲ႔ မက္ဆီ ေဘာလုံးစြမ္းေဆာင္ရည္ ဘယ္သူပိုေကာင္းလဲ….?

ေနာင္ႏွစ္ေတြမ်ားစြာၾကာျမင့္ခ်ိန္အထိ ေဘာလုံးေလာကမွာ ေရးပန္းအစားဆုံးေမးခြန္းျဖစ္ေနအုံးမယ့္ေမးခြန္းတစ္ခုကို အာဆင္နယ္အသင္းရဲ႕ကစားသမား အိုေဇးကလည္းသူ႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြနဲ႔ သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္မွာ အသင္းေဖာ္ျဖစ္ခဲ့ဖူးတဲ့ မီဆူးလ္ အိုေဇးကေတာ့ စီေရာ္နယ္ဒိုဟာ မတူညီတဲ့ႏီုင္ငံေတြရဲ႕ လိဂ္ေတြမွာ ေျခစြမ္းက်ဆင္းမသြားပဲ ထိပ္တန္းအဆင့္ကစားႏီုင္ခဲံတာေၾကာင့္ မက္ဆီထက္ပိုမိုေကာင္းမြန္တယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။ သူတို႔ႏွစ္ဦးကို အားေပးၾကတဲ့ ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ဦး ေဘာလုံးကစားျခင္းကေန အနားယူသြားခဲ့ရင္ေတာင္ ျငင္းခုန္မႈေတြကေနၿပီးဆုံးသြားမွာမဟုတ္ပါဘူး။ ပရိသတ္ေတြက စီေရာ္နယ္ဒိုနဲ႔ မက္ဆီ ဘယ္သူကပိုေကာင္းလဲဆိုတဲ့ ျငင္းခုံမႈအေပၚ အိုေဇးတို႔လို နာမည္ေက်ာ္ေတြရဲ႕ သုံသပ္မႈ ထင္ျမင္ခ်က္ေတြကိုသိခ်င္ေနၾကပါတယ္။ တနဂၤေႏြေန႔က ေရာ္နယ္ဒိုဟာ ဆာအူဆိုလိုအသင္းကို သြင္းဂိုးတစ္ဂိုးရယူခဲ့ၿပီးေနာက္မွာ ေဘာလုံးသမိုင္းမွာ တရားဝင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ ကစားသမား အျဖစ္ ဂ်ိဳးဆပ္ ဘီကန္နဲ႔အတူ နံပါတ္(၁)ေနရာကိုေရာက္ရွိလာခဲ့ပါတယ္။ သြင္းဂိုး ၇၅၉ ဂိုးသြင္းယူခဲ့ၿပီးခဲ့ၿပီး နံပါတ္(၁)ေနရာကိုေရာက္ရွိလာေနေပမယ့္ အဆင့္(၃)ေနရာမွာ ရွိေနတဲ့ ပီလီကေတာ့ သူ႔ရဲ႕ သြင္းဂိုးနံပါတ္ေတြနဲ႕ အခုအခ်ိန္အထိ အျငင္းပြားလ်က္ရွိေနပါေသးတယ္။

မက္ဆီဟာလည္း သြင္းဂိုးရယူထားတဲ့ေနရာမွာ အဆင့္(၄)ေနရာမွာရွိေနၿပီး (၇၄၂)ဂိုးသြင္းယူထားပါတယ္။ မၾကာေသးခင္က ပီလီရဲ႕ အသင္းတစ္သင္းတည္းမွာ ကစားၿပီးသြင္းဂိုး(၆၄၃)ဂိုးကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့ကာ အခုအခ်ိန္မွာ သူ႕ရဲ႕ ဘာစီလိုနာအသင္းအတြက္သြင္းယူေပးထားတဲ့ဂိုးဟာ (၆၄၆)ဂိုးရွိလာပါၿပီ။ Ballon d’Ors ဆုမွာေတာ့ ေရာ္နယ္ဒိုထက္ ဆုတစ္ဆုပိုမ်ားေနၿပီး Free kick ကေနဂိုးသြင္းယူထားမႈမွာလည္း မက္ဆီက တစ္ၾကိမ္ပိုမ်ားေနပါတယ္။ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ ႏွစ္ဦးစလုံးဟာ တစ္ေခတ္ထဲမွာ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ေပၚခဲ့ၾကတဲ့ ကစားသမားေတြ ျဖစ္ၾကၿပီး ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ စနစ္က်တဲ့ေလ့က်င္မႈ၊ ေနထိုင္စားေသာက္တဲ့ပံုစံ၊ ေခါင္းတိုက္စြမ္းရည္ ၊ ဂိုးသြင္းေကာင္းမႈ စတဲ့ အခ်က္ေတြနဲ႔ ထိပ္တန္းအဆင့္ကစားသမားတစ္ဦးျဖစ္ေနသလို လူငယ္ကစားသမားအမ်ားစုရဲ႕ အိုင္ေဒါျဖစ္ေနသူတစ္ဦးပါ။ မက္ဆီကေတာ့ သူ႔ရဲ႕ ပါရမီေပၚအေျခခံၿပီး လွပတဲ့ ကစားဟန္ေတြနဲ႔ ေနာက္တန္းကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး ထူးျခားတဲ့ ေဘာလုံးအျမင္ေတြရွိသလို ၊ ဂိုးသြင္းေကာင္းၿပီး ထိန္းခ်ဳပ္ရ ခက္ခဲတဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။

ဒီလိုတစ္ေယာက္နဲ႔တစ္ေယာက္မွာ မတူညီတဲ့ ထူးျခားခ်က္ေတြရွိေနၿပီး ဘယ္သူကေတာ့ သိသိသာသာပိုေကာင္းမြန္တယ္လို႔ ေရြးခ်ယ္ရခက္ခဲ့ေနေစပါတယ္။ ဒါေပမယ့္ အိုေဇးကေတာ့ မတူညီတဲ့ လိဂ္ေတြမွာေျပာင္းေရႊ႕ ကစားႏိုင္ေနတဲ့ ေရာ္နယ္ဒိုက ဘာစီလိုနာၾကယ္ပြင့္ထက္ေတာ့ပိုသာတယ္လို႕ သံုးသပ္ထားပါတယ္။ ဒါ့အျပင္ မက္ဆီဟာ ေဘာလံုးေလာကမွာအသင္းတစ္သင္းထဲမွာကစားတဲ့ သစၥာရွိမႈဆိုတဲ့ ေထာင္ေခ်ာက္မွာ ပိတ္မိေနတဲ့ သူတစ္ေယာက္လို႕လည္းေျပာဆိုထားသြားခဲ့ၿပီး မက္ဆီအေနနဲ႕လည္း ဘာစီလိုနာကေနထြက္ခြာၿပီးအသင္းသစ္တစ္ခုမွာေျပာင္းလဲကစားဖို႕ ဆံုးျဖတ္ခ်က္ခ်ရာမွာ ခက္ခဲေနသူတစ္ဦးလို႕လည္း သံုသပ္သြားခဲ့ပါတယ္။ ပရိသတ္ေတြကေကာ မက္ဆီဒါမွမဟုတ္ေရာ္နယ္ဒိုတို႕ႏွစ္ဦးမွာ ဘယ္သူကစြမ္းေဆာင္ရည္ပိုေကာင္းတယ္လို႔ထင္ပါလဲ….