ဘာစီလိုနာအသင်းဟာ ယူနိုက်တက်ကစားသမားနှစ်ဦးကို ပစ်မှတ်ထားနေ

လာလီဂါ ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ

ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးကာဗာနီ၊ ကွင်းလယ်လူဗန်ဒီဘိခ်တို့ကို

ခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။ နယ်သာလန်ကွင်းလယ်ဗန်ဒီဘိခ်ဟာ

ဒီရာသီမှာလည်း ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရဖို့

ရုန်းကန်နေရဆဲဖြစ်ပြီး ပြိုင်ပွဲစုံမှာ(၃)ပွဲသာကစားခဲ့ရသလို ပရီးမီးယားလိဂ်မှ

ာ(၆)မိနစ်သာကစားခွင့်ရခဲ့ပါတယ်။ ဗန်ဒီဘိခ်ကိုယ်တိုင်ကလည်း ပုံမှန်ကစားခွင့်

ရမယ့်အသင်းတစ်သင်းဆီပြောင်းရွှေ့လိုနေပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက

အဲဗာတန်အသင်းဟာ ဗန်ဒီဘိခ်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးပေမယ့် ဆိုးလ်ရှားက

တားဆီးခဲ့လို့ အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။  ဒါပေမဲ့ ဗန်ဒီဘိခ်ကတော့

လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ခွင့်ရဖို့ထပ်မံကြိုးစားသွားမယ့်

အနေအထားရှိနေပြီး ဘာစီလိုနာအသင်းနည်းပြရော်နယ်လ်ကိုးမန်းဟာ

နယ်သာလန်အသင်းမှာလက်တွဲခဲ့ဖူးတဲ့ သူ့တပည့်ဟောင်းကို ပြန်ခေါ်ဖို့

စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ

အပြောင်းအရွှေ့ကျရင် ယူနိုက်တက်အသင်းရဲ့ဥရုဂွေးဝါရင့်တိုက်စစ်မှူးကာဗာနီကို

ကြိုးပမ်းသွားဖို့ပြင်ဆင်နေပြီး ကာဗာနီဟာ ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒို

ရောက်ရှိလာချိန်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာပါ။ အဲဒါကြောင့် ဘာစီလိုနာ

အသင်းဟာ ကာဗာနီကို ပုံမှန်ပွဲထွက်ခွင့်တစ်နေရာပေးမယ်ဆိုတဲ့ အာမခံချက်

ပေးပြီးတော့ ခေါ်ယူနိုင်ဖို့ပြင်ဆင်နေတာဖြစ်ပြီး ကာဗာနီကို ဘာစီလိုနာအပြင်

သူတို့ရဲ့အဓိကပြိုင်ဘက်ရီးယဲလ်အသင်းကလည်း ပစ်မှတ်ထားနေတယ်လို့

သတင်းထွက်နေပါတယ်။

zawgyi

ဘာစီလိုနာအသင္းဟာ ယူႏိုက္တက္ကစားသမားႏွစ္ဦးကို ပစ္မွတ္ထားေန

လာလီဂါ ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ

ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉးကာဗာနီ၊ ကြင္းလယ္လူဗန္ဒီဘိခ္တို႔ကို

ေခၚယူဖို႔ပစ္မွတ္ထားေနပါတယ္။ နယ္သာလန္ကြင္းလယ္ဗန္ဒီဘိခ္ဟာ

ဒီရာသီမွာလည္း ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရဖို႔

႐ုန္းကန္ေနရဆဲျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာ(၃)ပြဲသာကစားခဲ့ရသလို ပရီးမီးယားလိဂ္မွ

ာ(၆)မိနစ္သာကစားခြင့္ရခဲ့ပါတယ္။ ဗန္ဒီဘိခ္ကိုယ္တိုင္ကလည္း ပုံမွန္ကစားခြင့္

ရမယ့္အသင္းတစ္သင္းဆီေျပာင္းေ႐ႊ႕လိုေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီတုန္းက

အဲဗာတန္အသင္းဟာ ဗန္ဒီဘိခ္ကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့ဖူးေပမယ့္ ဆိုးလ္ရွားက

တားဆီးခဲ့လို႔ အေျပာင္းအေ႐ႊ႕ျဖစ္မလာခဲ့ပါဘူး။ ဒါေပမဲ့ ဗန္ဒီဘိခ္ကေတာ့

လာမယ့္ဇန္နဝါရီမွာ အသင္းကေနထြက္ခြင့္ရဖို႔ထပ္မံႀကိဳးစားသြားမယ့္

အေနအထားရွိေနၿပီး ဘာစီလိုနာအသင္းနည္းျပေရာ္နယ္လ္ကိုးမန္းဟာ

နယ္သာလန္အသင္းမွာလက္တြဲခဲ့ဖူးတဲ့ သူ႔တပည့္ေဟာင္းကို ျပန္ေခၚဖို႔

စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕က်ရင္ ယူႏိုက္တက္အသင္းရဲ႕ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးကာဗာနီကို

ႀကိဳးပမ္းသြားဖို႔ျပင္ဆင္ေနၿပီး ကာဗာနီဟာ ယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒို

ေရာက္ရွိလာခ်ိန္မွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတာပါ။ အဲဒါေၾကာင့္ ဘာစီလိုနာ

အသင္းဟာ ကာဗာနီကို ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာေပးမယ္ဆိုတဲ့ အာမခံခ်က္

ေပးၿပီးေတာ့ ေခၚယူႏိုင္ဖို႔ျပင္ဆင္ေနတာျဖစ္ၿပီး ကာဗာနီကို ဘာစီလိုနာအျပင္

သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ရီးယဲလ္အသင္းကလည္း ပစ္မွတ္ထားေနတယ္လို႔

သတင္းထြက္ေနပါတယ္။