ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးကာဗာနီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေ

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်

အသင်းရဲ့ဥရုဂွေးဝါရင့်တိုက်စစ်မှူးကာဗာနီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ကာဗာနီဟာ လာမယ့်နှစ်၊ ဇွန်လကျရင်

ယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်

ချုပ်ဆိုမယ့်အနေအထားမရှိဘဲ တောင်အမေရိကကို ပြန်ဖို့ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းကတော့ ကာဗာနီကို

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကြိုးပမ်းသွားဖို့ပြင်ဆင်

နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး

အဂွဲရိုးဟာ နှလုံးရောဂါပြဿနာကြောင့် ကာလရှည်အနားယူရမှာဖြစ်သလို

ဆီဗီလာအသင်းဆီကနေအငှားနဲ့ခေါ်ထားတဲ့ လုခ်ဒီယွန်းကလည်း

အလုပ်မဖြစ်တာကြောင့် ဈေးသက်သက်သာသာနဲ့ရနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို

ခေါ်ယူလိုနေပြီး ကာဗာနီကို မျက်စိကျနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၃၉)ပွဲကစား၊

(၁၇)ဂိုးအထိသွင်းယူခဲ့တဲ့ ကာဗာနီဟာ ဒီရာသီမှာတော့ စီရော်နယ်လ်ဒိုကြောင့်

ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပြိုင်ပွဲစုံ(၈)ပွဲကစား၊ (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

zawgyi

ဘာစီလိုနာအသင္းဟာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးကာဗာနီကိုေခၚယူဖို႔ ပစ္မွတ္ထားေန

လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္

အသင္းရဲ႕ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးကာဗာနီကိုေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကာဗာနီဟာ လာမယ့္ႏွစ္၊ ဇြန္လက်ရင္

ယူႏိုက္တက္အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သစ္

ခ်ဳပ္ဆိုမယ့္အေနအထားမရွိဘဲ ေတာင္အေမရိကကို ျပန္ဖို႔ဆႏၵရွိေနတယ္လို႔

သတင္းထြက္ေနပါတယ္။ ဒါေပမဲ့ ဘာစီလိုနာအသင္းကေတာ့ ကာဗာနီကို

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ႀကိဳးပမ္းသြားဖို႔ျပင္ဆင္

ေနတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာ အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉး

အဂြဲ႐ိုးဟာ ႏွလုံးေရာဂါျပႆနာေၾကာင့္ ကာလရွည္အနားယူရမွာျဖစ္သလို

ဆီဗီလာအသင္းဆီကေနအငွားနဲ႔ေခၚထားတဲ့ လုခ္ဒီယြန္းကလည္း

အလုပ္မျဖစ္တာေၾကာင့္ ေဈးသက္သက္သာသာနဲ႔ရႏိုင္မယ့္ တိုက္စစ္မႉးတစ္ဦးကို

ေခၚယူလိုေနၿပီး ကာဗာနီကို မ်က္စိက်ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၃၉)ပြဲကစား၊

(၁၇)ဂိုးအထိသြင္းယူခဲ့တဲ့ ကာဗာနီဟာ ဒီရာသီမွာေတာ့ စီေရာ္နယ္လ္ဒိုေၾကာင့္

ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး ၿပိဳင္ပြဲစုံ(၈)ပြဲကစား၊ (၁)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။