ဘာစီလိုနာ၊ ရီးယဲလ်၊ ယူနိုက်တက်တို့ အပြိုင်ခေါ်ယူရမယ့် ကတ်ဆီး

အေစီမီလန်အသင်းအတွက်ခြေစွမ်းပြကစားနေတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်

ကွင်းလယ်လူဖရန့်ကတ်ဆီးကို ခေါ်ယူလိုနေတဲ့အသင်းတွေထဲမှာ မန်ချက်စတာ

ယူနိုက်တက်အပြင် လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ရီးယဲလ်

အသင်းတို့လည်းပါဝင်လာပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ

Holding Midfielder အဖြစ်အကောင်းဆုံးကစားနိုင်မယ့်သူမရှိတာကြောင့်

ရုန်းကန်နေရပြီး လာမယ့်နှစ်၊ နွေရာသီကျရင် ကွင်းလယ်လူတစ်ဦးမဖြစ်မနေ

ခေါ်ယူသွားဖို့ပြင်ဆင်နေသလို ကတ်ဆီးက အသင်းရဲ့ပြဿနာအတွက်

အသင့်တော်ဆုံးအဖြေဖြစ်တယ်လို့သတ်မှတ်ထားတာပါ။ ဒါ့အပြင် ယူနိုက်တက်

အသင်းကွင်းလယ်လူပေ့ါဘာဟာ စာချုပ်သက်တမ်းတိုးဖို့မသေချာတော့ဘဲ

လာမယ့်ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပြီဖြစ်တဲ့အပြင်

ဝါရင့်ကွင်းလယ်လူမာတစ်ကလည်း အသက်အရွယ်ကြောင့်အကျပိုင်းရောက်

လာပြီဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းဟာ ကတ်ဆီးကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကတ်ဆီးဟာ အေစီမီလန်အသင်း

ကွင်းလယ်မှာအဓိက,ကစားသမားအဖြစ်ပါဝင်ကစားနေပြီး သူ့စာချုပ်က

ဒီရာသီကုန်မှာသက်တမ်းကုန်ဆုံးမှာဖြစ်သလို စာချုပ်သက်တမ်းတိုးဖို့

မသေချာဘဲ အသင်းကနေထွက်ခွာဖို့နီးစပ်နေသူဖြစ်ပါတယ်။

zawgyi

ဘာစီလိုနာ၊ ရီးယဲလ္၊ ယူႏိုက္တက္တို႔ အၿပိဳင္ေခၚယူရမယ့္ ကတ္ဆီး

ေအစီမီလန္အသင္းအတြက္ေျခစြမ္းျပကစားေနတဲ့ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္

ကြင္းလယ္လူဖရန႔္ကတ္ဆီးကို ေခၚယူလိုေနတဲ့အသင္းေတြထဲမွာ မန္ခ်က္စတာ

ယူႏိုက္တက္အျပင္ လာလီဂါထိပ္သီးအသင္းေတြျဖစ္တဲ့ ဘာစီလိုနာနဲ႔ရီးယဲလ္

အသင္းတို႔လည္းပါဝင္လာၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ

Holding Midfielder အျဖစ္အေကာင္းဆုံးကစားႏိုင္မယ့္သူမရွိတာေၾကာင့္

႐ုန္းကန္ေနရၿပီး လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ကြင္းလယ္လူတစ္ဦးမျဖစ္မေန

ေခၚယူသြားဖို႔ျပင္ဆင္ေနသလို ကတ္ဆီးက အသင္းရဲ႕ျပႆနာအတြက္

အသင့္ေတာ္ဆုံးအေျဖျဖစ္တယ္လို႔သတ္မွတ္ထားတာပါ။ ဒါ့အျပင္ ယူႏိုက္တက္

အသင္းကြင္းလယ္လူေပ့ါဘာဟာ စာခ်ဳပ္သက္တမ္းတိုးဖို႔မေသခ်ာေတာ့ဘဲ

လာမယ့္ရာသီကုန္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနၿပီျဖစ္တဲ့အျပင္

ဝါရင့္ကြင္းလယ္လူမာတစ္ကလည္း အသက္အ႐ြယ္ေၾကာင့္အက်ပိုင္းေရာက္

လာၿပီျဖစ္တဲ့အတြက္ ယူႏိုက္တက္အသင္းဟာ ကတ္ဆီးကို ေခၚယူခ်င္ေနတာပဲ

ျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကတ္ဆီးဟာ ေအစီမီလန္အသင္း

ကြင္းလယ္မွာအဓိက,ကစားသမားအျဖစ္ပါဝင္ကစားေနၿပီး သူ႔စာခ်ဳပ္က

ဒီရာသီကုန္မွာသက္တမ္းကုန္ဆုံးမွာျဖစ္သလို စာခ်ဳပ္သက္တမ္းတိုးဖို႔

မေသခ်ာဘဲ အသင္းကေနထြက္ခြာဖို႔နီးစပ္ေနသူျဖစ္ပါတယ္။