ဘာစီလိုနာ နဲ့ အေစီမီလန်တို့ လင်ဂတ်ကိုခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေ

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်း နဲ့ အီတလီ ထိပ်သီး ကလပ်

အေစီမီလန် အသင်းတို့ဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မယ့်

ယူနိုက်တက် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့

အပြိုင် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

လင်ဂတ်ဟာ လာမယ့်နှစ် (၆) လ ပိုင်းမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း

ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ စာချုပ်သစ် ချုပ်ဆိုဖို့ အရိပ်အယောင်

မမြင်ရသေးတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ

လင်ဂတ်ကို ပေါင် (၃၅) သန်း နဲ့ သန်း (၄၀) ကြား အရောင်းဈေးသတ်မှတ်

ထားခဲ့ပေမယ့် လက်ရှိအခြေအနေအရ အသင်းကနေ အလွတ်ထွက်ခွာခွင့်

မပြုရရေးအတွက် ပေါင် (၁၀) သန်း (၁၃) သန်းလောက်အထိ လျှော့ချပြီး

ရတဲ့ဈေး နဲ့ ရောင်းထုတ်နိုင်ဖို့ ကို ယူနိုက်တက်ဘက်က ပြင်ဆင်နေတာဖြစ်ပါတယ်။

ရာသီကုန်မှာ ပေါ့ဘာ နဲ့ လင်ဂတ် နှစ်ဦးလုံးက စာချုပ်သက်တမ်းကုန်ဆုံးမှာ

ဖြစ်တာကြောင့် ဒီကစားသမားနှစ်ဦးလုံးကို အလွတ်ထွက်ခွာခွင့် တစ်ပြိုင်တည်း

ခွင့်ပြုလိုက်ရပါက ယူနိုက်တက်အတွက်လည်း ကြီးမားတဲ့ နစ်နာမှုဖြစ်လို့လာမှာဖြစ်ပါတယ်။

လင်ဂတ်ဟာ နွေရာသီတုန်းက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုနဲ့ပတ်သတ်ပြီး

စိတ်တိုင်းမကျပေမယ့်လည်း ၎င်းကိုယ်တိုင်က ယူနိုက်တက် အသင်းမှာ

ဆက်ကစားဖို့ ဆန္ဒရှိနေပြီး ယူနိုက်တက်ဘက်ကလည်း ကစားသမားကို

စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

zawgyi

ဘာစီလိုနာ နဲ႔ ေအစီမီလန္တို႔ လင္ဂတ္ကိုေခၚယူဖို႔ အၿပိဳင္စိတ္ဝင္စားေန

စပိန္ထိပ္သီးကလပ္ ဘာစီလိုနာအသင္း နဲ႔ အီတလီ ထိပ္သီး ကလပ္

ေအစီမီလန္ အသင္းတို႔ဟာ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူႏိုင္မယ့္

ယူႏိုက္တက္ ကြင္းလယ္တိုက္စစ္ကစားသမား လင္ဂတ္ကို ေခၚယူဖို႔

အၿပိဳင္ စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္။

လင္ဂတ္ဟာ လာမယ့္ႏွစ္ (၆) လ ပိုင္းမွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးမွာျဖစ္ၿပီး လက္ရွိအခ်ိန္ထိေတာ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အရိပ္အေယာင္

မျမင္ရေသးတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ

လင္ဂတ္ကို ေပါင္ (၃၅) သန္း နဲ႔ သန္း (၄၀) ၾကား အေရာင္းေဈးသတ္မွတ္

ထားခဲ့ေပမယ့္ လက္ရွိအေျခအေနအရ အသင္းကေန အလြတ္ထြက္ခြာခြင့္

မျပဳရေရးအတြက္ ေပါင္ (၁၀) သန္း (၁၃) သန္းေလာက္အထိ ေလွ်ာ့ခ်ၿပီး

ရတဲ့ေဈး နဲ႔ ေရာင္းထုတ္ႏိုင္ဖို႔ ကို ယူႏိုက္တက္ဘက္က ျပင္ဆင္ေနတာျဖစ္ပါတယ္။

ရာသီကုန္မွာ ေပါ့ဘာ နဲ႔ လင္ဂတ္ ႏွစ္ဦးလုံးက စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ

ျဖစ္တာေၾကာင့္ ဒီကစားသမားႏွစ္ဦးလုံးကို အလြတ္ထြက္ခြာခြင့္ တစ္ၿပိဳင္တည္း

ခြင့္ျပဳလိုက္ရပါက ယူႏိုက္တက္အတြက္လည္း ႀကီးမားတဲ့ နစ္နာမႈျဖစ္လို႔လာမွာျဖစ္ပါတယ္။

လင္ဂတ္ဟာ ေႏြရာသီတုန္းက ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈနဲ႔ပတ္သတ္ၿပီး

စိတ္တိုင္းမက်ေပမယ့္လည္း ၎ကိုယ္တိုင္က ယူႏိုက္တက္ အသင္းမွာ

ဆက္ကစားဖို႔ ဆႏၵရွိေနၿပီး ယူႏိုက္တက္ဘက္ကလည္း ကစားသမားကို

စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။