ဘာနာဒိုဆေးလ်ဗားက သူ့ခွေးကို ဂျွန်လို့ နာမည်ပေးတာ ဘာအတွက်လဲ?

သူ့ခွေးအမည်ကို မန်စီးတီးကစားဖော်ရဲ့အမည်ပေးလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား

ဘာနာဒိုဆေးလ်ဗားဟာသူမွေးထားတဲ့ခွေးလေးရဲ့အမည်ကို သူ့အလွန်ခင်ရတဲ့

မန်စီးတီးကစားဖော်တစ်ဦးရဲ့အမည်ကိုပေးထားကြောင်းသိရပါတယ်။

ယခုရာသီတွင်မန်စီးတီးရဲ့အရေးပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြကစားနေတဲ့

ပေါ်တူဂီလက်ရွေးစင်အလယ်တန်းတိုက်စစ်သမားဟာသူ့ခွေးရဲ့အမည်ကို

ဂျွန်လို့ပေးထားတာဖြစ်ပါတယ်။သူဟာမန်စီးတီးကစားဖော်

ဂျွန်စတုန်းရဲ့အမည်ကိုပေးထားတာလည်းဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ခွေးတစ်ကောင်အရမ်းလိုချင်ခဲ့ကြတယ်။

သူ့ကိုကျွန်တော့်သူငယ်ချင်းဂျွန်စတုန်းရဲ့အမည်ပေးထားတယ်။

ကျွန်တော်တို့ကအရမ်းခင်ကြလို့ဒီလိုအမည်ပေးလိုက်တာပါ။

သူ့ကိုလည်းငါ့မှာခွေးမွေးဖြစ်ရင်ဂျွန်လို့အမည်ပေးလို့သူ့ကိုပြောထားပြီးသားပါ။

တော်တော်ကောင်းတဲ့အမည်ပါ။အားလုံးကလည်းဒီအမည်ကိုကြိုက်ကြတယ်။

အင်းစ်(ဆေးလ်ဗားရဲ့ချစ်သူ)ကလည်းကြိုက်တယ်။သူနဲ့လိုက်ဖက်တဲ့အမည်လေးပါ။

သူကချစ်စရာလည်းကောင်းတယ်။ဉာဏ်လည်းကောင်းတယ်”လို့ပြောကြားသွားပါတယ်။

ဆေးလ်ဗားတို့စုံတွဲဟာမန်ချက်စတာရှိလမ်းများတွင်ခွေးကလေးဂျွန်နဲ့အတူ

လမ်းလျှောက်လေ့ရှိကြပါတယ်။ဒါ့အပြင်ပေါ်တူဂီလက်ရွေးစင်စတားက

မန်စီးတီးနှင့်ပေါ်တူဂီကစားဖော်ကန်စီလိုနှင့်အလွန်ခင်မင်တဲ့အကြောင်းနှင့်

ပွဲမတိုင်မီတစ်နာရီအလိုတွင်ရီယက်ဇ်မရာ့ဇ်နဲ့အတူသောက်ဖို့ကော်ဖီတစ်ခွက်

အမြဲဖျော်လေ့ရှိကြောင်းလည်းဖွင့်ဟသွားပါတယ်။

ဆေးလ်ဗားဟာယခုရာသီမှာမန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်

ပွဲ၂၀ကစားထားရာမှာ၇ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။

zawgyi

ဘာနာဒိုေဆးလ္ဗားက သူ႔ေခြးကို ဂြၽန္လို႔ နာမည္ေပးတာ ဘာအတြက္လဲ?

သူ႔ေခြးအမည္ကို မန္စီးတီးကစားေဖာ္ရဲ႕အမည္ေပးလိုက္တဲ့ ဘာနာဒိုေဆးလ္ဗား

ဘာနာဒိုေဆးလ္ဗားဟာသူေမြးထားတဲ့ေခြးေလးရဲ႕အမည္ကို သူ႔အလြန္ခင္ရတဲ့

မန္စီးတီးကစားေဖာ္တစ္ဦးရဲ႕အမည္ကိုေပးထားေၾကာင္းသိရပါတယ္။

ယခုရာသီတြင္မန္စီးတီးရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ေျခစြမ္းျပကစားေနတဲ့

ေပၚတူဂီလက္ေ႐ြးစင္အလယ္တန္းတိုက္စစ္သမားဟာသူ႔ေခြးရဲ႕အမည္ကို

ဂြၽန္လို႔ေပးထားတာျဖစ္ပါတယ္။သူဟာမန္စီးတီးကစားေဖာ္

ဂြၽန္စတုန္းရဲ႕အမည္ကိုေပးထားတာလည္းျဖစ္ပါတယ္။

ဘာနာဒိုေဆးလ္ဗားက “ေခြးတစ္ေကာင္အရမ္းလိုခ်င္ခဲ့ၾကတယ္။

သူ႔ကိုကြၽန္ေတာ့္သူငယ္ခ်င္းဂြၽန္စတုန္းရဲ႕အမည္ေပးထားတယ္။

ကြၽန္ေတာ္တို႔ကအရမ္းခင္ၾကလို႔ဒီလိုအမည္ေပးလိုက္တာပါ။

သူ႔ကိုလည္းငါ့မွာေခြးေမြးျဖစ္ရင္ဂြၽန္လို႔အမည္ေပးလို႔သူ႔ကိုေျပာထားၿပီးသားပါ။

ေတာ္ေတာ္ေကာင္းတဲ့အမည္ပါ။အားလုံးကလည္းဒီအမည္ကိုႀကိဳက္ၾကတယ္။

အင္းစ္(ေဆးလ္ဗားရဲ႕ခ်စ္သူ)ကလည္းႀကိဳက္တယ္။သူနဲ႔လိုက္ဖက္တဲ့အမည္ေလးပါ။

သူကခ်စ္စရာလည္းေကာင္းတယ္။ဉာဏ္လည္းေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဆးလ္ဗားတို႔စုံတြဲဟာမန္ခ်က္စတာရွိလမ္းမ်ားတြင္ေခြးကေလးဂြၽန္နဲ႔အတူ

လမ္းေလွ်ာက္ေလ့ရွိၾကပါတယ္။ဒါ့အျပင္ေပၚတူဂီလက္ေ႐ြးစင္စတားက

မန္စီးတီးႏွင့္ေပၚတူဂီကစားေဖာ္ကန္စီလိုႏွင့္အလြန္ခင္မင္တဲ့အေၾကာင္းႏွင့္

ပြဲမတိုင္မီတစ္နာရီအလိုတြင္ရီယက္ဇ္မရာ့ဇ္နဲ႔အတူေသာက္ဖို႔ေကာ္ဖီတစ္ခြက္

အၿမဲေဖ်ာ္ေလ့ရွိေၾကာင္းလည္းဖြင့္ဟသြားပါတယ္။

ေဆးလ္ဗားဟာယခုရာသီမွာမန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္

ပြဲ၂၀ကစားထားရာမွာ၇ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားပါတယ္။