ဘာနေဗြူးက ထွက်ခွာချင်နေတဲ့ အစ္စကိုအတွက် ကမ်းလှမ်းတစ်ခုမှ ရရှိထားခြင်း မရှိသေးတဲ့ ရီးရဲလ်မက်ဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းက ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူ အစ္စကိုအတွက် ကမ်းလှမ်းမှုတွေ မရရှိသေးဘူးလို့ သိရပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဘာနေဗြူးမှာ နေရာရခြင်း မရှိတော့ပဲ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၀ပွဲသာ ပါဝင်ထားရကာ သွင်းဂိုး ၁ဂိုးမှလည်း မသွင်းနိုင်ခဲ့ပါဘူး။


အစ္စကိုဟာ နည်းပြ ဇီဒန်းလက်ထက် ဂါရတ်ဘေးလ် ပုံမျိုး နေရာပျောက်နေခဲ့ကာ ပွဲမကစားရခြင်းအတွက် စိတ်ပျက်လျက် ရှိနေပါတယ်။

ASရဲ့ ဖော်ပြချက်အရ စပိန်သားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ထွက်ခွာနိုင်ပေမဲ့ ယခုအချိန်ထိ ဘာကမ်းလှမ်းမှုမှ မရရှိသေးဘူးလို့ သိရပါတယ်။


၂၈နှစ်သားဟာ ဘာနေဗြူးမှာ ၂၀၂၂ခုနှစ် ဇွန်လထိ စာချုပ်သက်တမ်း ရှိနေပြီး အသင်းကလည်း တန်ကြေးကို လျော့ပေးပြီး မရောင်းချချင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုရိုနာကပ်ရောဂါကြောင့် ဘဏ္ဍာရေး အခြေအနေ ရုန်းကန်နေရပြီး အစ္စကိုအား အငှားထက်စာရင် မျှတတဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့သာ ရောင်းချချင်နေပါတယ်။


အစ္စကိုရဲ့ ဖခင်ကလည်း သားဖြစ်သူဟာ ပြည်ပကို ပြောင်းရွှေ့ချင်နေကြောင်း ယမန်နေ့က အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။ သတင်းတွေအရ အစ္စကို ကို အာဆင်နယ်၊ ဆီဗီလာ၊ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီကတော့ ဇန်နဝါရီမှာ အစ္စကိုအား ခေါ်ယူမယ်ဆိုတဲ့ ကောလာဟာလတွေကို ငြင်းဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာေနျဗဴးက ထြက္ခြာခ်င္ေနတဲ့ အစၥကိုအတြက္ ကမ္းလွမ္းတစ္ခုမွ ရရွိထားျခင္း မရွိေသးတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းက ထြက္ခြာခ်င္ေနတဲ့ ကြင္းလယ္လူ အစၥကိုအတြက္ ကမ္းလွမ္းမႈေတြ မရရွိေသးဘူးလို႔ သိရပါတယ္။ ကြင္းလယ္တုိက္စစ္ကစားသမားဟာ ဘာေနျဗဴးမွာ ေနရာရျခင္း မရွိေတာ့ပဲ ယခုႏွစ္ရာသီ ျပိဳင္ပဲြစံု ၁၀ပြဲသာ ပါ၀င္ထားရကာ သြင္းဂိုး ၁ဂိုးမွလည္း မသြင္းႏုိင္ခဲ့ပါဘူး။ အစၥကိုဟာ နည္းျပ ဇီဒန္းလက္ထက္ ဂါရတ္ေဘးလ္ ပံုမ်ိဳး ေနရာေပ်ာက္ေနခဲ့ကာ ပဲြမကစားရျခင္းအတြက္ စိတ္ပ်က္လ်က္ ရွိေနပါတယ္။

ASရဲ႕ ေဖာ္ျပခ်က္အရ စပိန္သားဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလအတြင္း ထြက္ခြာႏိုင္ေပမဲ့ ယခုအခ်ိန္ထိ ဘာကမ္းလွမ္းမႈမွ မရရွိေသးဘူးလို႔ သိရပါတယ္။ ၂၈ႏွစ္သားဟာ ဘာေနျဗဴးမွာ ၂၀၂၂ခုႏွစ္ ဇြန္လထိ စာခ်ဳပ္သက္တမ္း ရွိေနျပီး အသင္းကလည္း တန္ေၾကးကို ေလ်ာ့ေပးျပီး မေရာင္းခ်ခ်င္တဲ့ အေနအထားမွာ ရွိေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ကိုရိုနာကပ္ေရာဂါေၾကာင့္ ဘ႑ာေရး အေျခအေန ရုန္းကန္ေနရျပီး အစၥကိုအား အငွားထက္စာရင္ မွ်တတဲ့ ေျပာင္းေရႊ႕ေၾကးတစ္ခုနဲ႔သာ ေရာင္းခ်ခ်င္ေနပါတယ္။

အစၥကိုရဲ႕ ဖခင္ကလည္း သားျဖစ္သူဟာ ျပည္ပကို ေျပာင္းေရႊ႕ခ်င္ေနေၾကာင္း ယမန္ေန႔က အင္တာဗ်ဴးတစ္ခုမွာ ေျပာျပသြားခဲ့ပါတယ္။ သတင္းေတြအရ အစၥကို ကို အာဆင္နယ္၊ ဆီဗီလာ၊ ဂ်ဴဗင္တပ္စ္နဲ႔ ေအစီမီလန္အသင္းေတြက ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီကေတာ့ ဇန္န၀ါရီမွာ အစၥကိုအား ေခၚယူမယ္ဆုိတဲ့ ေကာလာဟာလေတြကို ျငင္းဆုိသြားခဲ့ပါတယ္။