ဘာပေရဲ့ အတ္တစိတ်ကြီးမားမှုက ပြင်သစ်အသင်းအတွက် ပြဿနာဖြစ်နေတယ်လို့ နာမည်ကျော်ကစားသမားဟောင်း သုံးသပ်

ပြင်သစ်နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရိုသန်က အဓိကတိုက်စစ်ကစားသမား ဘာပေရဲ့ တစ်ကိုယ်ရည်အတ္တစိတ်ကြီးမားနေတာက နည်းပြဒက်စ်ချမ့်စ်အတွက်သာမက ပြင်သစ်အသင်းအတွက်ပါ ကြီးမားတဲ့ပြဿနာဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အသက်(၄၃)နှစ်အရွယ်ရှိပြီဖြစ်သူ ရိုသန်ဟာ မိုနာကို၊ PSG အသင်းတို့မှာကစားခဲ့သလို ၂၀၀၃-၀၄ ရာသီမှာ မိုနာကိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့ပြီး ပြင်သစ်အသင်းအတွက် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိကစားခဲ့သူပါ။

လက်ရှိအချိန်မှာ ပြင်သစ်အသင်းဟာ ယူရို-၂၀၂၀ပြိုင်ပွဲရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပေမယ့် အသင်းရဲ့ အဓိက,ကစားသမားဖြစ်တဲ့ ဘာပေဟာ တစ်ဂိုးမှမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုတစ်ကြိမ်မှ မလုပ်နိုင်သေးပါဘူး။

ယူရိုပြိုင်ပွဲမတိုင်ခင်တုန်းက ပြင်သစ်အသင်းတိုက်စစ်မှူးဂျရူးက အသင်းဖော်တွေက သူ့ကို လုံလောက်တဲ့ပံ့ပိုးမှုတွေမလုပ်ပေးဘူးလို့ လူသိရှင်ကြားဖွင့်ဟပြောဆိုခဲ့ပြီး ဂျရူးဟာ ဘာပေကို ရည်ညွှန်းပြီးပြောခဲ့တာဖြစ်လို့ သူတို့နှစ်ယောက်ကြားမှာ မပြေမလည်ဖြစ်ခဲ့ဖူးပါတယ်။

အခု ရိုသန်ကလည်း ဘာပေရဲ့တစ်ကိုယ်ကောင်းစိတ်က ပိုပြီးကြီးမားလာတာကြောင့် နည်းပြဒက်စ်ချမ့်စ်အတွက် ဖြေရှင်းရခက်တဲ့အခြေအနေဖြစ်လာပြီး ယူရိုအုပ်စုပွဲအပြီးအထိ ဘာပေရဲ့ခြေစွမ်းကို ပရိသတ်တွေ အားမလိုအားမရဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

“ကွင်းထဲမှာ ငါက Leader တစ်ဦးလို့ ဘာပေ ကိုယ့်ကိုယ်ကိုယ်ထင်နေတာက ပြဿနာမရှိပေမယ့် ကွင်းပြင်ပမှာပါ အဲဒီအတ္တစိတ်ရှိနေတာကတော့ ကျွန်တော် လက်ခံလို့မရပါဘူး။

ဒါကို ဒက်စ်ချမ့်စ်ကိုယ်တိုင်လည်း ကောင်းကောင်းကိုင်တွယ်မဖြေရှင်းနိုင်သလို ဒီကိစ္စက အသင်းအတွက်ပါ ပြဿနာတစ်ခုဖြစ်လာပါပြီ။

ဘာပေကို ဒက်စ်ချမ့်စ် စိတ်ထင်တိုင်းလုပ်ခွင့်ပေးထားတာက အံ့အားသင့်စရာပါပဲ။

ဘာပေဟာ ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်တယ်ဆိုပြီး သတ်မှတ်လို့မရပါဘူး။

ဘာပေဆီအနေနဲ့ ဒီထက်ကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသဖို့ ကျွန်တော်တို့မျှော်လင့်ထားတာပါ။

ဘာပေဟာ ဥရောပရဲ့အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် အားလုံးက ယူဆထားကြပေမယ့် အကောင်းဆုံးစာရင်းမှာ

ထည့်သွင်းခံရတဲ့ကစားသမားတစ်ဦးရဲ့ ခြေစွမ်းက ဒီလောက်ပဲရှိမယ်ဆိုရင် ကျေနပ်စရာမကောင်းပါဘူး”လို့ ရိုသန်က ပြင်သစ်သတင်းမီဒီယာ RMC Sport နဲ့ အင်တာဗျူးမှာ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Zawgyi

ဘာေပရဲ႕ အတၱစိတ္ႀကီးမားမႈက ျပင္သစ္အသင္းအတြက္ ျပႆနာျဖစ္ေနတယ္လို႔ နာမည္ေက်ာ္ကစားသမားေဟာင္း သုံးသပ္

ျပင္သစ္နာမည္ေက်ာ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ႐ိုသန္က အဓိကတိုက္စစ္ကစားသမား ဘာေပရဲ႕ တစ္ကိုယ္ရည္အတၱစိတ္ႀကီးမားေနတာက နည္းျပဒက္စ္ခ်မ့္စ္အတြက္သာမက ျပင္သစ္အသင္းအတြက္ပါ ႀကီးမားတဲ့ျပႆနာျဖစ္ေနတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ အသက္(၄၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ႐ိုသန္ဟာ မိုနာကို၊ PSG အသင္းတို႔မွာကစားခဲ့သလို ၂၀၀၃-၀၄ ရာသီမွာ မိုနာကိုအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ခဲ့ၿပီး ျပင္သစ္အသင္းအတြက္ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိကစားခဲ့သူပါ။ လက္ရွိအခ်ိန္မွာ ျပင္သစ္အသင္းဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲရႈံးထြက္အဆင့္ကို တက္ေရာက္သြားၿပီျဖစ္ေပမယ့္ အသင္းရဲ႕ အဓိက,ကစားသမားျဖစ္တဲ့ ဘာေပဟာ တစ္ဂိုးမွမသြင္းႏိုင္ေသးသလို ဂိုးဖန္တီးမႈတစ္ႀကိမ္မွ မလုပ္ႏိုင္ေသးပါဘူး။ ယူ႐ိုၿပိဳင္ပြဲမတိုင္ခင္တုန္းက ျပင္သစ္အသင္းတိုက္စစ္မႉးဂ်႐ူးက အသင္းေဖာ္ေတြက သူ႔ကို လုံေလာက္တဲ့ပံ့ပိုးမႈေတြမလုပ္ေပးဘူးလို႔ လူသိရွင္ၾကားဖြင့္ဟေျပာဆိုခဲ့ၿပီး ဂ်႐ူးဟာ ဘာေပကို ရည္ၫႊန္းၿပီးေျပာခဲ့တာျဖစ္လို႔ သူတို႔ႏွစ္ေယာက္ၾကားမွာ မေျပမလည္ျဖစ္ခဲ့ဖူးပါတယ္။

အခု ႐ိုသန္ကလည္း ဘာေပရဲ႕တစ္ကိုယ္ေကာင္းစိတ္က ပိုၿပီးႀကီးမားလာတာေၾကာင့္ နည္းျပဒက္စ္ခ်မ့္စ္အတြက္ ေျဖရွင္းရခက္တဲ့အေျခအေနျဖစ္လာၿပီး ယူ႐ိုအုပ္စုပြဲအၿပီးအထိ ဘာေပရဲ႕ေျခစြမ္းကို ပရိသတ္ေတြ အားမလိုအားမရျဖစ္ေနတယ္လို႔ ေဝဖန္ခဲ့ပါတယ္။ “ကြင္းထဲမွာ ငါက Leader တစ္ဦးလို႔ ဘာေပ ကိုယ့္ကိုယ္ကိုယ္ထင္ေနတာက ျပႆနာမရွိေပမယ့္ ကြင္းျပင္ပမွာပါ အဲဒီအတၱစိတ္ရွိေနတာကေတာ့ ကြၽန္ေတာ္ လက္ခံလို႔မရပါဘူး။ ဒါကို ဒက္စ္ခ်မ့္စ္ကိုယ္တိုင္လည္း ေကာင္းေကာင္းကိုင္တြယ္မေျဖရွင္းႏိုင္သလို ဒီကိစၥက အသင္းအတြက္ပါ ျပႆနာတစ္ခုျဖစ္လာပါၿပီ။ ဘာေပကို ဒက္စ္ခ်မ့္စ္ စိတ္ထင္တိုင္းလုပ္ခြင့္ေပးထားတာက အံ့အားသင့္စရာပါပဲ။ ဘာေပဟာ ယူ႐ိုၿပိဳင္ပြဲမွာ အေကာင္းဆုံးကစားႏိုင္တယ္ဆိုၿပီး သတ္မွတ္လို႔မရပါဘူး။ ဘာေပဆီအေနနဲ႔ ဒီထက္ေကာင္းတဲ့စြမ္းေဆာင္ရည္မ်ိဳးျပသဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားတာပါ။ ဘာေပဟာ ဥေရာပရဲ႕အေကာင္းဆုံးကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္ အားလုံးက ယူဆထားၾကေပမယ့္ အေကာင္းဆုံးစာရင္းမွာ ထည့္သြင္းခံရတဲ့ကစားသမားတစ္ဦးရဲ႕ ေျခစြမ္းက ဒီေလာက္ပဲရွိမယ္ဆိုရင္ ေက်နပ္စရာမေကာင္းပါဘူး”လို႔ ႐ိုသန္က ျပင္သစ္သတင္းမီဒီယာ RMC Sport နဲ႔ အင္တာဗ်ဴးမွာ သုံးသပ္ေျပာဆိုခဲ့ပါတယ္။