
မန်ချက်စတာယူနိုက်တက်အသင်းနာမည်ကျော်တိုက်စစ်မှူးဟောင်း
ဘာဘာတော့ဗ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ခရစ္စတယ်ပဲလေ့စ်အသင်းတို့
ကစားမယ့်ပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ ခန့်မှန်းလိုက်ပြီး
သူက အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကို အနိုင်ပေးရွေးချယ်
ထားပါတယ်။ ယူနိုက်တက်နဲ့ပဲလေ့စ်အသင်းတို့ဟာ မနက်ဖြန်
မြန်မာစံတော်ချိန် ည(၈:၃၀)အချိန်မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး
ယူနိုက်တက်အသင်းက မကြာသေးခင်က အာဆင်နယ်ကို အိမ်ကွင်းမှာ
အနိုင်ယူပြီးတော့ ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရှာနိုင်ခဲ့ပေမယ့် ဗီအဲရာရဲ့
ပဲလေ့စ်အသင်းဟာ ဗီလာ၊ လိဒ်စ်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ယာယီနည်းပြသစ်ရန်နစ်ခ် ပထမဆုံး
ကိုင်တွယ်မှာဖြစ်ပြီး ဘာဘာတော့ဗ်က “အိုးလ်ထရက်ဖို့ဒ်မှာ ရန်နစ်ခ်ရဲ့
ယူနိုက်တက်ယာယီနည်းပြဘဝအဖွင့်ပွဲ ဘယ်လိုဖြစ်လာမလဲဆိုတာ
အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
ကစားသမားတွေအနေနဲ့ သူ့တို့စွမ်းဆောင်ရည် ဘယ်လောက်ရှိတယ်ဆိုတာ
ရန်နစ်ခ်ကို ပြသဖို့ကြိုးစားမှာဖြစ်သလို အာဆင်နယ်ကို အနိုင်ရခဲ့တဲ့
အရှိန်ကလည်း အခုပွဲအထိရှိနေဦးမှာပါ။ ယူနိုက်တက်တို့ (၂-၁)ဂိုးနဲ့
အနိုင်ယူသွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ဘာဘာေတာ့ဗ္ကေတာ့ ယူႏိုက္တက္ကို အႏိုင္ေပးေ႐ြးခ်ယ္
မန္ခ်က္စတာယူႏိုက္တက္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း
ဘာဘာေတာ့ဗ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ခရစၥတယ္ပဲေလ့စ္အသင္းတို႔
ကစားမယ့္ပြဲမွာ ဘယ္လိုရလဒ္ထြက္ေပၚလာမလဲဆိုတာ ခန႔္မွန္းလိုက္ၿပီး
သူက အသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ေပးေ႐ြးခ်ယ္
ထားပါတယ္။ ယူႏိုက္တက္နဲ႔ပဲေလ့စ္အသင္းတို႔ဟာ မနက္ျဖန္
ျမန္မာစံေတာ္ခ်ိန္ ည(၈:၃၀)အခ်ိန္မွာယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး
ယူႏိုက္တက္အသင္းက မၾကာေသးခင္က အာဆင္နယ္ကို အိမ္ကြင္းမွာ
အႏိုင္ယူၿပီးေတာ့ ပရီးမီးယားလိဂ္ႏိုင္ပြဲျပန္ရွာႏိုင္ခဲ့ေပမယ့္ ဗီအဲရာရဲ႕
ပဲေလ့စ္အသင္းဟာ ဗီလာ၊ လိဒ္စ္အသင္းတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့တာ
ျဖစ္ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္ယာယီနည္းျပသစ္ရန္နစ္ခ္ ပထမဆုံး
ကိုင္တြယ္မွာျဖစ္ၿပီး ဘာဘာေတာ့ဗ္က “အိုးလ္ထရက္ဖို႔ဒ္မွာ ရန္နစ္ခ္ရဲ႕
ယူႏိုက္တက္ယာယီနည္းျပဘဝအဖြင့္ပြဲ ဘယ္လိုျဖစ္လာမလဲဆိုတာ
အားလုံးက စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကပါတယ္။
ကစားသမားေတြအေနနဲ႔ သူ႔တို႔စြမ္းေဆာင္ရည္ ဘယ္ေလာက္ရွိတယ္ဆိုတာ
ရန္နစ္ခ္ကို ျပသဖို႔ႀကိဳးစားမွာျဖစ္သလို အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့
အရွိန္ကလည္း အခုပြဲအထိရွိေနဦးမွာပါ။ ယူႏိုက္တက္တို႔ (၂-၁)ဂိုးနဲ႔
အႏိုင္ယူသြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။