
ယူကရိန်းနိုင်ငံလွတ်မြောက်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်နေတဲ့
နာမည်ကျော်တင်းနစ်သမားစတက်ကော့ဗ်စကီးဟာ
ရုရှားအားကစားသမားတွေအတွက် စာနာပေးနေတဲ့
စပါးအသင်းနည်းပြကွန်တီကို တု့ံပြန်ပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း
ကဏ္ဍအသီးသီးမှာ ရုရှားနိုင်ငံကို ပိတ်ဆို့မှုတွေပြုလုပ်နေပြီး
အားကစားကဏ္ဍမှာလည်း ရုရှားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ
ထုတ်ပယ်ခဲ့သလို တခြားအားကစားပြိုင်ပွဲတွေမှာလည်း
ရုရှားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခဲ့တာကြောင့်
ကွန်တီက အဲဒီအတွက်စိတ်မကောင်းဖြစ်ရတဲ့အပြင်
တရားမျှတမှုမရှိဘူးလို့ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အဲဒီအတွက် စတက်ကော့ဗ်စကီးက ကွန်တီအနေနဲ့ ရုရှားတို့ရဲ့
ကျူးကျော်စစ်ကို သေသေချာချာနားမလည်ဘဲ အိပ်ပျော်နေတာကနေ
နိုးထဖို့ကောင်းနေပြီဆိုပြီးတော့ လှောင်ပြောင်တုံ့ပြန်ခဲ့တာပါ။
စတက်ကော့ဗ်စကီးက သူ့ Instagram မှာ “ယူကရိန်းနိုင်ငံရဲ့အခြေအနေကို
ခင်ဗျား(ကွန်တီကိုဆိုလို)နားလည်ပေးနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။
အဲဒါကြောင့် ရုရှားအားကစားသမားတွေနဲ့စီးပွားရေးသမားတွေကို
စာနာစကားပြောနိုင်တာပေ့ါ။ ရုရှားတို့ရဲ့ကျူးကျော်စစ်ကြောင့်
ယူကရိန်းပြည်သူသန်းပေါင်းများစွာဟာ ကိုယ့်အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး
တခြားသန်းပေါင်းများစွာရှိတဲ့ပြည်သူတွေက ရုရှားစစ်တပ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ကိုယ့်မြို့ရွာမှာ ငရဲခန်းကျသလိုနေ,နေရတယ်။
ကျေးဇူးပြုပြီး အိပ်ပျော်နေတာကနေ နိုးထလိုက်ပါတော့။
ယူကရိန်းနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အပျက်အစီးတွေဟာ
ရုရှားတို့ရဲ့အပြစ်တွေပါပဲ”လို့ရေးသားခဲ့ပါတယ်။
zawgyi
ဘာမှသေချာနားမလည်ဘဲ စာနာမှုတွေလုပ်မနေနဲ့လို့ ကွန်တီကို ယူကရိန်းတင်းနစ်အကျော်အမော် လှောင်ပြောင်တုံ့ပြန်
ယူကရိန္းႏိုင္ငံလြတ္ေျမာက္ေရးအတြက္ လက္နက္ဆြဲကိုင္ေတာ္လွန္ေနတဲ့
နာမည္ေက်ာ္တင္းနစ္သမားစတက္ေကာ့ဗ္စကီးဟာ
႐ုရွားအားကစားသမားေတြအတြက္ စာနာေပးေနတဲ့
စပါးအသင္းနည္းျပကြန္တီကို တု႔ံျပန္ေျပာဆိုလိုက္ပါတယ္။
႐ုရွားႏိုင္ငံက ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္စစ္ဆင္ႏႊဲခဲ့ၿပီးေနာက္ပိုင္း
က႑အသီးသီးမွာ ႐ုရွားႏိုင္ငံကို ပိတ္ဆို႔မႈေတြျပဳလုပ္ေနၿပီး
အားကစားက႑မွာလည္း ႐ုရွားအသင္းကို ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲကေန
ထုတ္ပယ္ခဲ့သလို တျခားအားကစားၿပိဳင္ပြဲေတြမွာလည္း
႐ုရွားကစားသမားေတြကို ၿပိဳင္ပြဲဝင္ခြင့္ပိတ္ပင္ခဲ့တာေၾကာင့္
ကြန္တီက အဲဒီအတြက္စိတ္မေကာင္းျဖစ္ရတဲ့အျပင္
တရားမွ်တမႈမရွိဘူးလို႔ေဝဖန္ခဲ့တာျဖစ္ပါတယ္။
အဲဒီအတြက္ စတက္ေကာ့ဗ္စကီးက ကြန္တီအေနနဲ႔ ႐ုရွားတို႔ရဲ႕
က်ဴးေက်ာ္စစ္ကို ေသေသခ်ာခ်ာနားမလည္ဘဲ အိပ္ေပ်ာ္ေနတာကေန
ႏိုးထဖို႔ေကာင္းေနၿပီဆိုၿပီးေတာ့ ေလွာင္ေျပာင္တုံ႔ျပန္ခဲ့တာပါ။
စတက္ေကာ့ဗ္စကီးက သူ႔ Instagram မွာ “ယူကရိန္းႏိုင္ငံရဲ႕အေျခအေနကို
ခင္ဗ်ား(ကြန္တီကိုဆိုလို)နားလည္ေပးႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ဘူး။
အဲဒါေၾကာင့္ ႐ုရွားအားကစားသမားေတြနဲ႔စီးပြားေရးသမားေတြကို
စာနာစကားေျပာႏိုင္တာေပ့ါ။ ႐ုရွားတို႔ရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္
ယူကရိန္းျပည္သူသန္းေပါင္းမ်ားစြာဟာ ကိုယ့္အိုးအိမ္ေတြကို စြန႔္ခြာထြက္ေျပးေနရၿပီး
တျခားသန္းေပါင္းမ်ားစြာရွိတဲ့ျပည္သူေတြက ႐ုရွားစစ္တပ္ေတြရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္
ကိုယ့္ၿမိဳ႕႐ြာမွာ ငရဲခန္းက်သလိုေန,ေနရတယ္။
ေက်းဇူးျပဳၿပီး အိပ္ေပ်ာ္ေနတာကေန ႏိုးထလိုက္ပါေတာ့။
ယူကရိန္းႏိုင္ငံမွာ က်ဴးလြန္ခဲ့တဲ့ သတ္ျဖတ္မႈေတြ၊ အပ်က္အစီးေတြဟာ
႐ုရွားတို႔ရဲ႕အျပစ္ေတြပါပဲ”လို႔ေရးသားခဲ့ပါတယ္။