ဘာသာရေးမှိုင်းကြောင့် လက်ရွေးစင်အသင်းကနေ ပေါ့ဘာ နှုတ်ထွက်မှာမဟုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်သမ္မတ မက်ခရွန်က အစ္စလာမ်ဘာသာကို နိုင်ငံတကာအကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်တစ်ခုလို မှတ်ချက်ပေးခဲ့တာကြောင့်

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ

ပြင်သစ်လက်ရွေးစင်အသင်းကနေ နုတ်ထွက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒီသတင်းတွေကို ပေါ့ဘာက ဒေါသတကြီး ငြင်းဆိုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းသတင်းအရင်းအမြစ်တွေရဲ့အဆိုအရ ပြင်သစ်မှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဂယက်တွေကြောင့် ပေါ့ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဘယ်တော့မှ ကစားမှာမဟုတ်ဘူးလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

ပေါ့ဘာဟာ အသက် ၂၀နှစ်ကျော်အရွယ်လောက်ကစလို့ အစ္စလာမ်ဘာသာအဖြစ် ကူးပြောင်းခဲ့သူပါ။

၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဖြစ်အောင် ဦးဆောင်ကူညီပေးခဲ့သူဖြစ်ပါတယ်။

မကြာသေးခင်က ပြင်သစ်နိုင်ငံအတွင်း ပေါ်ပေါက်လာတဲ့ ဘာသာရေးဂယက်တွေကြောင့် သူကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်နေရပေမယ့် လက်ရွေးစင်အသင်းကနေ အနားယူမယ်ဆိုတဲ့သတင်းတွေကိုတော့ ငြင်းဆိုလိုက်ပါတယ်။

သူ့အင်စတာဂရမ်မှာ “လုံးဝလက်မခံနိုင်ချင်စရာပဲ။ သတင်းအတုတွေပါ”လို့ ပေါ့ဘာက ရေးပါတယ်။

မကြာသေခင်းက ပဲရစ်မြို့ပြင်နားက စာသင်ကျောင်းတစ်ကျောင်းမှာ ပြင်သစ်ကျောင်းဆရာတစ်ဦးကို မော်ရိုကိုနွယ်ဖွား အသက် ၁၈နှစ်အရွယ်ရှိ အစ္စလာမ်အစွန်းရောက်အကြမ်းဖက်သမားတစ်ဦးက ခေါင်းဖြတ်သတ်ခဲ့ပါတယ်။

ဒီပြင်သစ်ကျောင်းဆရာဟာ အကြမ်းဖက်မှုမခံရခင် စာသင်ခန်းထဲမှာ တမန်တော်မိုဟာမက်ရဲ့ ကာတွန်ပုံတွေ နဲ့ သင်ခန်းစာတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ်ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ကြားက ဘာသာရေးအစွန်းရောက်အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ကိုယ်တိုင်က အစ္စလာမ်ဘာသာအပေါ် အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ ပေးလာလို့ တူရကီလို အစ္စလာမ်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တင်းမာမှုတွေရှိလာပါတယ်။

ခန့်မှန်းခြေအရ ပြင်သစ်မှာ အစ္စလာမ်ဘာသာဝင် ၆ သန်းလောက်ရှိပြီး ဒီ အကြမ်းဖက်မှုကြောင့် ပေါ့ဘာတို့လို အစ္စလာမ်ဘာသာဝင်တွေပေါ် မုန်းတီးမှု မြင့်တက်လာ မှာကို စိုးရိမ်ရပါတယ်။

ဒါပေမယ့် ပေါ့ဘာကတော့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဦးမှာမဟုတ်ဘဲ လက်ရွေးစင်အသင်းနဲ့တူ နောက်ထပ်အောင်မြင်မှုတွေရအောင် ပစ်မှတ်ထားကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာသာေရးမႈိင္းေၾကာင့္ လက္ေရြးစင္အသင္းကေန ေပါ့ဘာ ႏႈတ္ထြက္မွာမဟုတ္

ျပင္သစ္သမၼတ မက္ခရြန္က အစၥလာမ္ဘာသာကို ႏိုင္ငံတကာအၾကမ္းဖက္မႈေတြရဲ႕ အရင္းအျမစ္တစ္ခုလို မွတ္ခ်က္ေပးခဲ့တာေၾကာင့္

အစၥလာမ္ဘာသာ၀င္တစ္ဦးျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ

ျပင္သစ္လက္ေရြးစင္အသင္းကေန ႏုတ္ထြက္မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ဒီသတင္းေတြကို ေပါ့ဘာက ေဒါသတႀကီး ျငင္းဆိုလိုက္ပါတယ္။

အေရွ႕အလယ္ပိုင္းသတင္းအရင္းအျမစ္ေတြရဲ႕အဆိုအရ ျပင္သစ္မွာ ျဖစ္ေပၚေနတဲ့ ဘာသာေရးဂယက္ေတြေၾကာင့္ ေပါ့ဘာဟာ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ ဘယ္ေတာ့မွ ကစားမွာမဟုတ္ဘူးလို႔ ေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ေပါ့ဘာဟာ အသက္ ၂၀ႏွစ္ေက်ာ္အရြယ္ေလာက္ကစလို႔ အစၥလာမ္ဘာသာအျဖစ္ ကူးေျပာင္းခဲ့သူပါ။

၂၀၁၈ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္း ခ်န္ပီယံျဖစ္ေအာင္ ဦးေဆာင္ကူညီေပးခဲ့သူျဖစ္ပါတယ္။

မၾကာေသးခင္က ျပင္သစ္ႏိုင္ငံအတြင္း ေပၚေပါက္လာတဲ့ ဘာသာေရးဂယက္ေတြေၾကာင့္ သူကိုယ္တိုင္ စိတ္အေႏွာင့္အယွက္ျဖစ္ေနရေပမယ့္ လက္ေရြးစင္အသင္းကေန အနားယူမယ္ဆိုတဲ့သတင္းေတြကိုေတာ့ ျငင္းဆိုလိုက္ပါတယ္။

သူ႔အင္စတာဂရမ္မွာ “လံုး၀လက္မခံႏိုင္ခ်င္စရာပဲ။ သတင္းအတုေတြပါ”လို႔ ေပါ့ဘာက ေရးပါတယ္။

မၾကာေသခင္းက ပဲရစ္ၿမိဳ႕ျပင္နားက စာသင္ေက်ာင္းတစ္ေက်ာင္းမွာ ျပင္သစ္ေက်ာင္းဆရာတစ္ဦးကို ေမာ္ရိုကိုႏြယ္ဖြား အသက္ ၁၈ႏွစ္အရြယ္ရွိ အစၥလာမ္အစြန္းေရာက္အၾကမ္းဖက္သမားတစ္ဦးက ေခါင္းျဖတ္သတ္ခဲ့ပါတယ္။

ဒီျပင္သစ္ေက်ာင္းဆရာဟာ အၾကမ္းဖက္မႈမခံရခင္ စာသင္ခန္းထဲမွာ တမန္ေတာ္မိုဟာမက္ရဲ႕ ကာတြန္ပံုေတြ နဲ႔ သင္ခန္းစာေတြကို ရွင္းျပခဲ့တယ္လို႔ ဆိုပါတယ္။

ျပင္သစ္ေက်ာင္းဆရာ ေခါင္းျဖတ္သတ္ခံရၿပီးေနာက္ ျပင္သစ္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ၾကားက ဘာသာေရးအစြန္းေရာက္အၾကမ္းဖက္မႈေတြကို ဆန္႔က်င္ေၾကာင္း ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ပါတယ္။

ျပင္သစ္သမၼတ မက္ခရြန္ကိုယ္တိုင္က အစၥလာမ္ဘာသာအေပၚ အပ်က္သေဘာေဆာင္တဲ့ မွတ္ခ်က္ေတြ ေပးလာလို႔ တူရကီလို အစၥလာမ္ႏိုင္ငံေတြနဲ႔ သံတမန္ဆက္ဆံေရး တင္းမာမႈေတြရွိလာပါတယ္။

ခန္႔မွန္းေျခအရ ျပင္သစ္မွာ အစၥလာမ္ဘာသာ၀င္ ၆ သန္းေလာက္ရွိၿပီး ဒီ အၾကမ္းဖက္မႈေၾကာင့္ ေပါ့ဘာတို႔လို အစၥလာမ္ဘာသာ၀င္ေတြေပၚ မုန္းတီးမႈ ျမင့္တက္လာ မွာကို စိုးရိမ္ရပါတယ္။

ဒါေပမယ့္ ေပါ့ဘာကေတာ့ လက္ေရြးစင္ကစားသမားဘ၀ကေန အနားယူဦးမွာမဟုတ္ဘဲ လက္ေရြးစင္အသင္းနဲ႔တူ ေနာက္ထပ္ေအာင္ျမင္မႈေတြရေအာင္ ပစ္မွတ္ထားႀကိဳးစားသြားမယ္လို႔ ဆံုးျဖတ္ထားေၾကာင္း ေဒးလီးေမးလ္သတင္းမွာ ေဖာ္ျပထားပါတယ္။