ဘာအခုမှ မှားပါပြီတဲ့လဲ ရော်နယ်ကိုးမန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

” ဒီရာသီဟာ မက်ဆီအတွက် အကောင်းဆုံးရာသီတစ်ခု ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းက ပိုပြီး ကောင်းမွန်ကောင်း ကောင်းမွန်လာနိုင်ပါတယ် ” ဆိုတဲ့ စကားတွေကို ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် ဖာရန်ဗားရို့စ်နဲ့ပွဲမတိုင်မီ ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းက မီဒီယာတွေရှေ့မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဂီတာဖေးနဲ့ပွဲအပါအဝင် အသင်းရဲ့ ရာသီအစပွဲစဉ်တွေအတွင်း မက်ဆီရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ သွင်းဂိုးပျောက်ဆုံးမှုတွေကြောင့် ဒီကစားသမားဟာ ခက်ခဲမှုတွေ ကြုံနေရတယ်လို့ ကိုးမန်းက ထင်မြင်ချက်ပေးခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဖာရန်ဗားရို့စ်နဲ့ပွဲမှာတော့ မက်ဆီဟာ သူ့ရဲ့ ၃ပွဲဆက်သွင်းဂိုးပျောက်ဆုံးမှုကို ပင်နယ်တီသွင်းဂိုးနဲ့အတူ ရပ်တန့်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဒီပင်နယ်တီကို သူကပဲ ဖန်တီးရယူခဲ့တာဖြစ်သလို သူဖန်တီးခဲ့တဲ့ ပင်နယ်တီကို ဂိုးအဖြစ် သူကိုယ်တိုင် ပြန်လည် အဆုံးသတ်နိုင်ခဲ့တာပါ။

ထူးခြားတာကတော့ ကွင်းလယ်စည်းအကျော်ကနေ သူ့ရဲ့ တစ်ကိုယ်တော်အလိမ်အခေါက်စွမ်းရည်တွေနဲ့ ပင်နယ်တီစည်းအတွင်း ဆွဲပြေးခဲ့ရကနေတဆင့် အခုလိုပင်နယ်တီ ရရှိခဲ့တာဖြစ်သလို သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရှိနေဆဲဆိုတာကို ဒီစွမ်းဆောင်ရည်နဲ့ သက်သေပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပင်နယ်တီသွင်းဂိုးထက် သူ့ရဲ့ ဒီပွဲစဉ်မှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေက နည်းပြ ကိုးမန်းရဲ့ ထင်မြင်ယူဆချက်ကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကိုးမန်းကိုယ်တိုင်က ” သူ့ရဲ့အားထုတ်ခဲ့မှုတွေနဲ့ ဒီညက ပုံစံမျိုးအတိုင်းသာ ကစားနေခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့အပေါ် စောဒက တက်နေစရာတောင်မရှိပါဘူး”လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ၁၆ ရာသီဆက်တိုက် သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ဒါအပြင် သူဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မျိုးမှာ သွင်းဂိုး ၆၉ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ အုပ်စုအဆင့်သမိုင်းစဉ်အတွင်းမှာတော့ သူ့ထက်ပိုပြီး ဂိုးသွင်းထားနိုင်တဲ့ ကစားသမားမရှိသေးတာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာအခုမွ မွားပါၿပီတဲ့လဲ ေရာ္နယ္ကိုးမန္း

” ဒီရာသီဟာ မက္ဆီအတြက္ အေကာင္းဆုံးရာသီတစ္ခု ျဖစ္လာမွာမဟုတ္ဘူး။ ဒါေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ပိုင္းက ပိုၿပီး ေကာင္းမြန္ေကာင္း ေကာင္းမြန္လာႏိုင္ပါတယ္ ” ဆိုတဲ့ စကားေတြကို ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္ ဖာရန္ဗား႐ို႕စ္နဲ႔ပြဲမတိုင္မီ ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္ကိုးမန္းက မီဒီယာေတြေရွ႕မွာ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဂီတာေဖးနဲ႔ပြဲအပါအဝင္ အသင္းရဲ႕ ရာသီအစပြဲစဥ္ေတြအတြင္း မက္ဆီရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ သြင္းဂိုးေပ်ာက္ဆုံးမႈေတြေၾကာင့္ ဒီကစားသမားဟာ ခက္ခဲမႈေတြ ႀကဳံေနရတယ္လို႔ ကိုးမန္းက ထင္ျမင္ခ်က္ေပးခဲ့တာပါ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ဖာရန္ဗား႐ို႕စ္နဲ႔ပြဲမွာေတာ့ မက္ဆီဟာ သူ႔ရဲ႕ ၃ပြဲဆက္သြင္းဂိုးေပ်ာက္ဆုံးမႈကို ပင္နယ္တီသြင္းဂိုးနဲ႔အတူ ရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၂၇ မိနစ္မွာ သြင္းယူႏိုင္ခဲ့တဲ့ ဒီပင္နယ္တီကို သူကပဲ ဖန္တီးရယူခဲ့တာျဖစ္သလို သူဖန္တီးခဲ့တဲ့ ပင္နယ္တီကို ဂိုးအျဖစ္ သူကိုယ္တိုင္ ျပန္လည္ အဆုံးသတ္ႏိုင္ခဲ့တာပါ။

ထူးျခားတာကေတာ့ ကြင္းလယ္စည္းအေက်ာ္ကေန သူ႔ရဲ႕ တစ္ကိုယ္ေတာ္အလိမ္အေခါက္စြမ္းရည္ေတြနဲ႔ ပင္နယ္တီစည္းအတြင္း ဆြဲေျပးခဲ့ရကေနတဆင့္ အခုလိုပင္နယ္တီ ရရွိခဲ့တာျဖစ္သလို သူဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ ရွိေနဆဲဆိုတာကို ဒီစြမ္းေဆာင္ရည္နဲ႔ သက္ေသျပႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပင္နယ္တီသြင္းဂိုးထက္ သူ႔ရဲ႕ ဒီပြဲစဥ္မွာ ျပသႏိုင္ခဲ့တဲ့ စြမ္းေဆာင္ရည္ေတြက နည္းျပ ကိုးမန္းရဲ႕ ထင္ျမင္ယူဆခ်က္ကို ေျပာင္းျပန္လွန္ပစ္လိုက္ႏိုင္ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ကိုးမန္းကိုယ္တိုင္က ” သူ႔ရဲ႕အားထုတ္ခဲ့မႈေတြနဲ႔ ဒီညက ပုံစံမ်ိဳးအတိုင္းသာ ကစားေနခဲ့မယ္ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ သူ႔အေပၚ ေစာဒက တက္ေနစရာေတာင္မရွိပါဘူး”လို႔ ျပန္လည္ ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာ ဒီပြဲစဥ္မွာ သြင္းဂိုး ၁ ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းမွာ ၁၆ ရာသီဆက္တိုက္ သြင္းဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ႏိုင္ခဲ့ပါတယ္။ ဒါအျပင္ သူဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မ်ိဳးမွာ သြင္းဂိုး ၆၉ ဂိုးေျမာက္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္သမိုင္းစဥ္အတြင္းမွာေတာ့ သူ႔ထက္ပိုၿပီး ဂိုးသြင္းထားႏိုင္တဲ့ ကစားသမားမရွိေသးတာပဲ ျဖစ္ပါတယ္။