ဘိုင်ယန်နောက်ခံလူအလာဘာရဲ့ကိုယ်စားလှယ်တွေနဲ့ တရားဝင်ဆက်သွယ်လိုက်တဲ့ မန်ယူ

နောက်ခံလူဒေးဗစ်အလာဘာရဲ့ကိုယ်စားလှယ်တွေနဲ့တရားဝင်ဆက်သွယ်လိုက်ပြီးတဲ့နောက် မန်ယူဟာ အဲဒီဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို ကြိုးပမ်းနေကြသူတွေရဲ့ပြိုင်ဆိုင်မှုထဲကို ဝင်ရောက်လိုက်ပါတယ်။

အဲဒီသြစတြီးယားသားရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၁ နွေရာသီမှာ ကုန်ဆုံးဖို့ရှိပြီး ဘိုင်ယန်ဘက်က အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့် စာချုပ်သစ်အတွက် သဘောတူညီမှုမရခဲ့လို့ အလာဘာဟာ ထွက်ခွာဖွယ်ရှိတယ်လို့လည်း အသင်းအမှုဆောင်ချုပ်ရူမင်နစ်ဂီက လက်ခံထားပါတယ်။

ဒါကြောင့် အလာဘာဟာ လာမယ့်ဇန်နဝါရီရောက်ရင် တခြားကလပ်တွေနဲ့ ဆွေးနွေးခွင့်ရတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ဟာ  သူ့ကိုခေါ်ယူနိုင်ဖို့ ရေပန်းစားနေကြတာပါ။

ဒါပေမဲ့လည်း အဲဒီသြစတြီးယားလက်ရွေးစင်ကို စိတ်ဝင်စားတဲ့အသင်းတွေထဲမှာ မန်ယူလည်း ပါဝင်လာပြီဖြစ်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြလိုက်ပါတယ်။

မန်ယူဟာ ချန်ပီယံလိဂ် ၂ ကြိမ်ရဖူးတဲ့ အလာဘာရဲ့ကိုယ်စားလှယ်တွေနဲ့ တရားဝင်ဆက်သွယ်မှုတောင် ပြုလုပ်ခဲ့တယ်လို့ AS က ဖော်ပြခဲ့တာပါ။

လက်ရှိမန်ယူဗဟိုခံစစ်အတွဲဖြစ်တဲ့ မက်ဂွိုင်းယားနဲ့လင်ဒီလော့ဖ်တို့ဟာ ခြေစွမ်းမမှန်ဖြစ်နေတာကြောင့် မန်ယူဟာ ထပ်မံအားဖြည့်မှုပြုလုပ်လိုနေတာပါ။

မန်ယူဟာ လစ်ပ်ဇစ်နောက်ခံလူအူပါမီကာနိုကို စိတ်ဝင်စားမှုလျော့ကျသွားခဲ့ပြီးတဲ့နောက် အလာဘာအတွက် အစွမ်းကုန်ကြိုးပမ်းလိမ့်မယ်လို့ AS က ဖော်ပြထားပါတယ်။

အဲဒီစွယ်စုံရနောက်ခံလူဟာ အောင်မြင်ခဲ့တဲ့ ၁၀ နှစ်တာအပြီးမှာ ဘိုင်ယန်က ထွက်ခွာတော့မှာဖြစ်ပြီး သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေကလည်း ဝိုင်းဝိုင်းလည်နေကြတာပါ။

သူ့ရဲ့အရင်ကစားနေကျ နောက်တန်းဘယ်အစွန်မှာ အယ်ဖွန်ဆိုဒါဗီးစ် တောက်ပလာပြီးနောက် အလာဟာ မကြာသေးခင်ရာသီတွေမှာ ဗဟိုခံစစ်မှုးတစ်ယောက်ဖြစ်လာခဲ့တာပါ။

သူ့ရဲ့စွယ်စုံရမှုနဲ့ ဘွန်ဒက်စ်လီဂါမှာ ၉ ကြိမ်၊ ချန်ပီယံလိဂ်မှာ ၂ ကြိမ်ဆိုတဲ့ ဆုဖလားအောင်မြင်မှုအတွေ့အကြုံတို့ကြောင့် ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ်ယူနိုင်မယ့်အခွင့်အရေးဟာ ဘယ်အသင်းအတွက်မဆို အချောင်ရလိုက်သလိုဖြစ်မှာပါ။

Zawgyi

ဘိုင္ယန္ေနာက္ခံလူအလာဘာရဲ႕ကိုယ္စားလွယ္ေတြနဲ႔ တရား၀င္ဆက္သြယ္လိုက္တဲ့ မန္ယူ

ေနာက္ခံလူေဒးဗစ္အလာဘာရဲ႕ကိုယ္စားလွယ္ေတြနဲ႔တရား၀င္ဆက္သြယ္လုိက္ၿပီးတဲ့ေနာက္ မန္ယူဟာ အဲဒီဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ကို ႀကိဳးပမ္းေနၾကသူေတြရဲ႕ၿပိဳင္ဆုိင္မႈထဲကို ၀င္ေရာက္လုိက္ပါတယ္။

အဲဒီၾသစႀတီးယားသားရဲ႕စာခ်ဳပ္သက္တမ္းဟာ ၂၀၂၁ ေႏြရာသီမွာ ကုန္ဆုံးဖုိ႔ရွိၿပီး ဘိုင္ယန္ဘက္က အစြမ္းကုန္ႀကိဳးပမ္းခဲ့ေပမယ့္ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈမရခဲ့လုိ႔ အလာဘာဟာ ထြက္ခြာဖြယ္ရွိတယ္လုိ႔လည္း အသင္းအမႈေဆာင္ခ်ဳပ္ရူမင္နစ္ဂီက လက္ခံထားပါတယ္။

ဒါေၾကာင့္ အလာဘာဟာ လာမယ့္ဇန္န၀ါရီေရာက္ရင္ တျခားကလပ္ေတြနဲ႔ ေဆြးေႏြးခြင့္ရေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတို႔ဟာ  သူ႔ကုိေခၚယူႏိုင္ဖို႔ ေရပန္းစားေနၾကတာပါ။

ဒါေပမဲ့လည္း အဲဒီၾသစႀတီးယားလက္ေရြးစင္ကို စိတ္၀င္စားတဲ့အသင္းေတြထဲမွာ မန္ယူလည္း ပါ၀င္လာၿပီျဖစ္ေၾကာင္း စပိန္သတင္းစာ AS က ေဖာ္ျပလိုက္ပါတယ္။

မန္ယူဟာ ခ်န္ပီယံလိဂ္ ၂ ႀကိ္မ္ရဖူးတဲ့ အလာဘာရဲ႕ကိုယ္စားလွယ္ေတြနဲ႔ တရား၀င္ဆက္သြယ္မႈေတာင္ ျပဳလုပ္ခဲ့တယ္လုိ႔ AS က ေဖာ္ျပခဲ့တာပါ။

လက္ရွိမန္ယူဗဟိုခံစစ္အတြဲျဖစ္တဲ့ မက္ဂြိဳင္းယားနဲ႔လင္ဒီေလာ့ဖ္တုိ႔ဟာ ေျခစြမ္းမမွန္ျဖစ္ေနတာေၾကာင့္ မန္ယူဟာ ထပ္မံအားျဖည့္မႈျပဳလုပ္လိုေနတာပါ။

မန္ယူဟာ လစ္ပ္ဇစ္ေနာက္ခံလူအူပါမီကာႏိုကို စိတ္၀င္စားမႈေလ်ာ့က်သြားခဲ့ၿပီးတဲ့ေနာက္ အလာဘာအတြက္ အစြမ္းကုန္ႀကိဳးပမ္းလိမ့္မယ္လုိ႔ AS က ေဖာ္ျပထားပါတယ္။

အဲဒီစြယ္စုံရေနာက္ခံလူဟာ ေအာင္ျမင္ခဲ့တဲ့ ၁၀ ႏွစ္တာအၿပီးမွာ ဘိုင္ယန္က ထြက္ခြာေတာ့မွာျဖစ္ၿပီး သူ႔ကိုေခၚယူလိုတဲ့အသင္းေတြကလည္း ၀ုိင္း၀ိုင္းလည္ေနၾကတာပါ။

သူ႔ရဲ႕အရင္ကစားေနက် ေနာက္တန္းဘယ္အစြန္မွာ အယ္ဖြန္ဆိုဒါဗီးစ္ ေတာက္ပလာၿပီးေနာက္ အလာဟာ မၾကာေသးခင္ရာသီေတြမွာ ဗဟိုခံစစ္မႈးတစ္ေယာက္ျဖစ္လာခဲ့တာပါ။

သူ႔ရဲ႕စြယ္စုံရမႈနဲ႔ ဘြန္ဒက္စ္လီဂါမွာ ၉ ႀကိမ္၊ ခ်န္ပီယံလိဂ္မွာ ၂ ႀကိမ္ဆုိတဲ့ ဆုဖလားေအာင္ျမင္မႈအေတြ႕အႀကံဳတုိ႔ေၾကာင့္ ေျပာင္းေရႊ႕ေၾကးမေပးရဘဲ ေခၚယူႏိုင္မယ့္အခြင့္အေရးဟာ ဘယ္အသင္းအတြက္မဆို အေခ်ာင္ရလိုက္သလိုျဖစ္မွာပါ။