
ဘိုင်ယန်မြူးနစ်ဟာမနေ့ညတုန်းကမိုချင်ဂလက်ဘတ်ကိုဂျာမန်ပိုကယ်ဖလား
ဒုတိယအဆင့်တွင်၅-ဝဖြင့်အရှက်တကွဲဂိုးပြတ်ရှုံးနိမ့်ကာ၁၉၇၈ခုနှစ်နောက်ပိုင်း
အဆိုးရွားဆုံးအရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ မိုချင်ဂလက်ဘတ်ဟာပွဲအစ
၂မိနစ်တွင်ပင်ဦးဆောင်ဂိုးရရှိပြီးနောက် ၂၁မိနစ်အတွင်းတွင်သုံးဂိုးရယူနိုင်ခဲ့ပါတယ်။
ကိုနေးကကလပ်အတွက်သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူပြီးနောက်
ရာမီဘင်ဆီဘိုင်နီကဒုတိယဂိုးကိုဟော့ဖ်မန်းရဲ့ဖြတ်တင်ဘောမှလည်းကောင်း၊
တတိယဂိုးကိုပင်နယ်တီမှလည်းကောင်းသွင်းယူခဲ့ပါတယ်။
ဘရဲလ်အမ်ဘိုလိုကဘိုင်ယန်နောက်တန်းအမှားကနေစတုတ္ထဂိုးနဲ့
လူကာနက်ဇ်ရဲ့ဖြတ်တင်ဘောကနေပဉ္စမဂိုးသွင်းယူခဲ့ကြပါတယ်။
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာဆာလီဟာမစ်ဇစ်က
“အရမ်းတုန်လှုပ်ရပါတယ်။ကျွန်တော်တို့ဘာမှမလုပ်နိုင်ခဲ့ကြဘူး။
ပထမပိုင်းမှာဘောလုံးဖျက်ထုတ်မှု၊ထိပ်တိုက်တွေ့မှုတစ်ကြိမ်မှတောင်
မနိုင်ခဲ့ပါဘူး။အားလုံးကမှားပြီးရင်းမှားရင်းဖြစ်နေခဲ့တယ်။အခြေအနေ
အရပ်ရပ်တိုင်းမှာလွဲချော်နေခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။
မိုချင်ဂလက်ဘတ်ဟာဂိုးပေါက်တည့်ကန်ချက်၆ကြိမ်တွင်၅ဂိုး
ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်ဟာတစ်ဂိုးမျှမရရှိခဲ့ပေမယ့်လည်း
ဘောလုံးပိုင်ဆိုင်မှုပိုမိုရရှိကာအခွင့်အရေးလည်းရခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာနည်းပြနာဂယ်မန်းလက်အောက်မှာဒုတိယမြောက်
ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး၈၅ပွဲဆက်ဂိုးသွင်းနိုင်တဲ့မှတ်တမ်းလည်းရပ်တန့်သွားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ၁၉၇၈ခုနှစ်တုန်းကရှော်လ်ကေးကို၇-ဝဂိုးဖြင့်ရှုံးနိမ့်ပြီး
နောက်အကြီးမားဆုံးရှုံးပွဲကြုံခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ပိုကယ်ဖလားအကြိမ်
၂၀ အထိရယူထားတဲ့ဘိုင်ယန်ဟာပိုကယ်ဖလားပြိုင်ပွဲမှာအကြီးမားဆုံး
အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ မိုချင်ဂလက်ဘတ်ဟာ
နောက်ဆုံးရှစ်ပွဲမှာလေးပွဲအထိရှုံးနိမ့်ထားပြီးဘွန်ဒက်စ်လီဂါအမှတ်ပေး
ဇယားအလယ်ပိုင်းမှာရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်။
zawgyi
ဘိုင္ယန္ျမဴးနစ္ဟာ မိုခ်င္ဂလက္ဘတ္ကို ဂ်ာမန္ပိုကယ္ဖလားဒုတိယအဆင့္တြင္ ၅-ဝျဖင့္ အရွက္တကြဲဂိုးျပတ္ရႈံးနိမ့္ခဲ့
ဘိုင္ယန္ျမဴးနစ္ဟာမေန႔ညတုန္းကမိုခ်င္ဂလက္ဘတ္ကိုဂ်ာမန္ပိုကယ္ဖလား
ဒုတိယအဆင့္တြင္၅-ဝျဖင့္အရွက္တကြဲဂိုးျပတ္ရႈံးနိမ့္ကာ၁၉၇၈ခုႏွစ္ေနာက္ပိုင္း
အဆိုး႐ြားဆုံးအရႈံးႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ မိုခ်င္ဂလက္ဘတ္ဟာပြဲအစ
၂မိနစ္တြင္ပင္ဦးေဆာင္ဂိုးရရွိၿပီးေနာက္ ၂၁မိနစ္အတြင္းတြင္သုံးဂိုးရယူႏိုင္ခဲ့ပါတယ္။
ကိုေနးကကလပ္အတြက္သူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းယူၿပီးေနာက္
ရာမီဘင္ဆီဘိုင္နီကဒုတိယဂိုးကိုေဟာ့ဖ္မန္းရဲ႕ျဖတ္တင္ေဘာမွလည္းေကာင္း၊
တတိယဂိုးကိုပင္နယ္တီမွလည္းေကာင္းသြင္းယူခဲ့ပါတယ္။
ဘရဲလ္အမ္ဘိုလိုကဘိုင္ယန္ေနာက္တန္းအမွားကေနစတုတၳဂိုးနဲ႔
လူကာနက္ဇ္ရဲ႕ျဖတ္တင္ေဘာကေနပၪၥမဂိုးသြင္းယူခဲ့ၾကပါတယ္။
ဘိုင္ယန္ျမဴးနစ္အားကစားဒါ႐ိုက္တာဆာလီဟာမစ္ဇစ္က
“အရမ္းတုန္လႈပ္ရပါတယ္။ကြၽန္ေတာ္တို႔ဘာမွမလုပ္ႏိုင္ခဲ့ၾကဘူး။
ပထမပိုင္းမွာေဘာလုံးဖ်က္ထုတ္မႈ၊ထိပ္တိုက္ေတြ႕မႈတစ္ႀကိမ္မွေတာင္
မႏိုင္ခဲ့ပါဘူး။အားလုံးကမွားၿပီးရင္းမွားရင္းျဖစ္ေနခဲ့တယ္။အေျခအေန
အရပ္ရပ္တိုင္းမွာလြဲေခ်ာ္ေနခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။
မိုခ်င္ဂလက္ဘတ္ဟာဂိုးေပါက္တည့္ကန္ခ်က္၆ႀကိမ္တြင္၅ဂိုး
ရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။ဘိုင္ယန္ျမဴးနစ္ဟာတစ္ဂိုးမွ်မရရွိခဲ့ေပမယ့္လည္း
ေဘာလုံးပိုင္ဆိုင္မႈပိုမိုရရွိကာအခြင့္အေရးလည္းရခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာနည္းျပနာဂယ္မန္းလက္ေအာက္မွာဒုတိယေျမာက္
ရႈံးပြဲႀကဳံခဲ့တာျဖစ္ၿပီး၈၅ပြဲဆက္ဂိုးသြင္းႏိုင္တဲ့မွတ္တမ္းလည္းရပ္တန႔္သြားပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ၁၉၇၈ခုႏွစ္တုန္းကေရွာ္လ္ေကးကို၇-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီး
ေနာက္အႀကီးမားဆုံးရႈံးပြဲႀကဳံခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ပိုကယ္ဖလားအႀကိမ္
၂၀ အထိရယူထားတဲ့ဘိုင္ယန္ဟာပိုကယ္ဖလားၿပိဳင္ပြဲမွာအႀကီးမားဆုံး
အရႈံးနဲ႔ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။ မိုခ်င္ဂလက္ဘတ္ဟာ
ေနာက္ဆုံးရွစ္ပြဲမွာေလးပြဲအထိရႈံးနိမ့္ထားၿပီးဘြန္ဒက္စ္လီဂါအမွတ္ေပး
ဇယားအလယ္ပိုင္းမွာ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ပါတယ္။