ဘိုင်လီအတွက် မဖြစ်နိုင်တဲ့ ကာကွယ်မှုဆိုတာမရှိခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းကိုအနိုင်ရယူခဲ့တာကြောင့် ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ ရမှတ်တူသွားခဲ့ပါပြီ။ ဒီနေ့နိုင်ပွဲဟာတိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေကြောင့် (၃)မှတ်ရရှိခဲ့တယ်ဆိုပေမယ့် နောက်တန်းခံစစ်မှူးတွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်းအသိအမှတ်ပြုသွားရမှာပါ။

“အဲရစ်က ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ သိပ်ကောင်းတဲ့ ကာကွယ်မှုတစ်ခုကို လုပ်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ နောက်ဆုံး ၁၀ မိနစ်ဟာ တကယ့်ဖိုင်နယ်ပွဲလို ခံစားမိခဲ့ရတဲ့အထိပါ။ ဒါဟာ ပျော်စရာ မကောင်းပါဘူး ။ ဒါကြောင့် ပွဲကိုဒီ့ထက် ပိုကောင်းအောင် ကစားဖို့အတွက် ကျွန်တော်တို့လေ့လာဖို့လိုအပ်နေပါသေးတယ်။” လို့ ဆိုးလ်ရှားကပြောသွားခဲ့ပါတယ်။

ပွဲအပြီးမှာလည်း တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေကို အချီးအနှီးမဖြစ်စေဖို့ အစွမ်းကုန် ကာကွယ်ပေးသွားခဲ့ပြီး ပွဲစဉ်တစ်ခုလုံးမှာ အကောင်းဆုံးခြေစွမ်းပြ ကစားသွားနိုင်ခဲ့တဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီကို ယူနိုက်တက်အသင်းသားတွေက ဝိုင်းဖက်ပြီး ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

ဘိုင်လီအတွက် မဖြစ်နိုင်တဲ့ ကာကွယ်မှုဆိုတာမရှိခဲ့

ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဗီလာက ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားခဲ့ပြီး ဖိအားပေးခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဘယ်တောင်ပံကနေ ယူနိုက်တက်အသင်းရဲ့ ဂိုးဧရိယာအတွင်းသို့ ဖြတ်တင်ဘောပေးပို့ခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဂွိုင်ယားနှင့် တိုက်စစ်မှူးကီနန်ဒေးဗီးစ်တို့ ခေါင်းခုန်တိုက်ပြီး ယှဉ်လုခဲ့ကြရာမှာ မက်ဂွိုင်ယားဆီကလွတ်ထွက်သွားတဲ့ ဘောလုံးဟာ ဒေးဗီးစ်ရဲ့ခြေထောက်ထဲကို ရောက်ရှိသွားခဲ့ပြီး ဒေးဗီးစ်က ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို အားပါတဲ့ကန်ချက်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာ အခြေအနေကိုစောင့်ကြည့်နေတဲ့ ဘိုင်လီက အနာခံပြီး မြန်မြန်ဆန်ဆန်ပဲ မြေပြင်ပေါ်လှဲချကာ အကောင်းဆုံးကာကွယ်မှုကို ပြုလုပ်ခဲ့ပါတယ်။

ဒီဖြတ်ထုတ်မှုဟာ အခန့်မသင့်ရင် ဘိုင်လီ ခြေထောက်ကျိုးသွားနိုင်တဲ့ အနေအထားမှာတောင်ရှိခဲ့ပေမယ့် ဂရုမပြုဘဲ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ ဘောလုံးဟာ ဘိုင်လီကို ထိမှန်ပြီး ဂိုးဧရိယာအပြင်ကို ပြေးထွက်သွားခဲ့ပြီး အောင်မြင်တဲ့ဖြတ်ထုတ်ကာကွယ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ သူသာ မဟန့်တားနိုင်ခဲ့ရင် ယူနိုက်တက်တို့ ဂိုးပေးရဖို့ရှိနေပြီး တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျမှာဖြစ်ကာ ယူနိုက်တက်တို့ ကြီးမားတဲ့နစ်နာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရမှာဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူ အဲရစ်ဘိုင်လီဟာ ဒီနေ့ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ တိကျတဲ့ပေးပို့မှု ၈၁% ရှိခဲ့ပြီး၊ ဘောလုံးရှင်းထုတ်မှု ၆ ကြိမ်ထိပြုလုပ်ခဲ့ကာ၊ ဘောလုံးပြန်လည် ဆယ်ယူနိုင်မှု – ၇ ကြိမ်၊ သွင်းဂိုးကာကွယ်နိုင်မှု – ၁ ကြိမ် ရှိပါတယ်။

ဘိုင်လီသာ ဒဏ်ရာတွေ နှိပ်စက်မနေဘူးဆိုရင် ယူနိုက်တက်အသင်းရဲ့ ခံစစ်မှာ မက်ဂွိုင်းယားနဲ့ တွဲဖက်အမိဆုံးကစားသမားဖြစ်လာနိုင်ပါတယ်။

ဒီဂီယာဆိုတာ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမား

ဒီနေ့ပွဲလို တိုက်စစ်အားသန်ပြီး ဂိုးပေါက်တည့်တဲ့အကြိမ်တွေများခဲ့တဲ့ပွဲမှာ ဂိုးသမားနှစ်ယောက်စလုံးဟာလည်း အပိုင်သေချာတဲ့ သွင်းဂိုးတွေကို ကာကွယ်သွားနိုင်ခဲ့ကြပါတယ်။ ဒီဂီယားကလည်း ဒီနေ့ဗီလာကိုအနိုင်ရယူခဲ့တဲ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ထည့်မပြောရင် မရလောက်တဲ့အထိ သေချာပေါက်ဂိုးတွေကို လက်‌စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဗီလာအသင်းဟာလည်း ဂိုးသမား မာတီနက်ဇ်ရဲ့ အပိုင်အလုံးတွေကို ကာကွယ်နိုင်ခဲ့တာရယ်ကြောင့်သာ ရလဒ်က ပြတ်ပြတ် သားသား မဖြစ်ခဲ့တာပါ။

ယူနိုက်တက်ကစားသမား ပေါ့ဂ်ဘာ….

ဘိုင်လီလို့ ဒီနေ့ပွဲမှာထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်တစ်ယောက်ကတော့ ပေါ့ဂ်ဘာ ဖြစ်ပြီး ဖာနန်ဒက်စ် နဲ့ အတွက်အဖက်ညီခဲ့ပါတယ်။ အသင်းမှာ ကစားချိန်တွေမှာ စိတ်မပါသလို ကစားတတ်တဲ့ ပေါ့ဂ်ဘာ ဆိုတဲ့ကစားသမားကိုတော့ ဒီနေ့ပွဲမှာ မတွေ့ရတော့ပဲ ကမ္ဘာ့အဆင့်ကွင်းလယ်လူ ပေါ့ဂ်ဘာကိုသာမြင်တွေ့ခဲ့ရတဲ့ပွဲဖြစ်ပါတယ်။

ဒီပွဲမှာ ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည် တွေကတော့ တိုက်စစ်ပေးပို့မှု (၄၈)ကြိမ်၊ အောင်မြင်တဲ့ပေးပို့မှု (၃၇)ကြိမ်၊ ဂိုးဧရိယာထဲမှာ တိုက်စစ်ကိုပေးပို့နိုင်မှု (၂၆)ကြိမ်၊ ဘောလုံးယှဉ်လုယူမှု (၄)ကြိမ်၊ ဂိုးပေါက်ကန်သွင်း မှု (၄)ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု (၃)ကြိမ်၊ ပြစ်ဒဏ်ရယူနိုင်မှု (၂)ကြိမ်မှာ ပင်နယ်တီ တစ်ကြိမ်ရရှိခဲ့ပါတယ်။

ပွဲစဉ်အကျဉ်းချုပ်

ယူနိုက်တက် အတွက် ပထမဂိုးကို ပထမပိုင်း မိနစ်၄၀ မှာ နောက်ခံလူ ဝမ်ဘစ်ဆာကာက ညာတောင်ပံကနေ ဂိုးရှေ့ ဖြတ်တင် ပေးလိုက်တဲ့ဘောလုံးကို မာရှယ် က ခေါင်းတိုက်ပြီးသွင်းယူ ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ အက်စတန်ဗီလာ ကစားသမား ထရာအိုရေး ချေပဂိုး သွင်းယူပေးခဲ့လို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပေမယ့် မန်ယူဘက်က ၆၁ မိနစ်မှာ ပေါ့ဂ်ဘာကြောင့် ရတဲ့ ပင်နင်တီကို ဘရူနို ဖာနန်ဒက်စ်က သွင်းယူခဲ့တာပါ။ ဒီရာသီ ပရီမီးယာလိဂ် (၁၆)ပွဲကစားပြီးချိန်မှာ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရရှိခဲ့တဲ့ သွင်းဂိုးတွေထဲမှာ (၁၈)ဂိုးဟာ သူပါဝင် ပတ်သက်နေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘိုင္လီအတြက္ မျဖစ္ႏိုင္တဲ့ ကာကြယ္မႈဆိုတာမရွိခဲ့…..

ယူႏိုက္တက္အသင္းဟာ အက္စတြန္ဗီလာအသင္းကိုအႏိုင္ရယူခဲ့တာေၾကာင့္ ဇယားထိပ္က လီဗာပူးလ္အသင္းနဲ႕ ရမွတ္တူသြားခဲ့ပါၿပီ။ ဒီေန႕ႏိုင္ပြဲဟာတိုက္စစ္မွဴးေတြရဲ႕ သြင္းဂိုးေတြေၾကာင့္ (၃)မွတ္ရရွိခဲ့တယ္ဆိုေပမယ့္ ေနာက္တန္းခံစစ္မွဴးေတြရဲ႕ စြမ္းေဆာင္ရည္ေတြကိုလည္းအသိအမွတ္ျပဳသြားရမွာပါ။

“အဲရစ္က ပြဲၿပီးခါနီး ေနာက္ဆုံးမိနစ္မွာ သိပ္ေကာင္းတဲ့ ကာကြယ္မႈတစ္ခုကို လုပ္သြားႏိုင္ခဲ့ပါတယ္။ ဒီပြဲရဲ႕ ေနာက္ဆုံး ၁၀ မိနစ္ဟာ တကယ့္ဖိုင္နယ္ပြဲလို ခံစားမိခဲ့ရတဲ့အထိပါ။ ဒါဟာ ေပ်ာ္စရာ မေကာင္းပါဘူး ။ ဒါေၾကာင့္ ပြဲကိုဒီ့ထက္ ပိုေကာင္းေအာင္ ကစားဖို႔အတြက္ ကြၽန္ေတာ္တို႔ေလ့လာဖို႔လိုအပ္ေနပါေသးတယ္။” လို႔ ဆိုးလ္ရွားကေျပာသြားခဲ့ပါတယ္။

ပြဲအၿပီးမွာလည္း တိုက္စစ္မႉးေတြရဲ႕ သြင္းဂိုးေတြကို အခ်ီးအႏွီးမျဖစ္ေစဖို႔ အစြမ္းကုန္ ကာကြယ္ေပးသြားခဲ့ၿပီး ပြဲစဥ္တစ္ခုလုံးမွာ အေကာင္းဆုံးေျခစြမ္းျပ ကစားသြားႏိုင္ခဲ့တဲ့ ေနာက္ခံကစားသမား အဲရစ္ဘိုင္လီကို ယူႏိုက္တက္အသင္းသားေတြက ဝိုင္းဖက္ၿပီး ခ်ီးက်ဴးေထာပနာျပဳခဲ့ၾကပါတယ္။

ဘိုင္လီအတြက္ မျဖစ္ႏိုင္တဲ့ ကာကြယ္မႈဆိုတာမရွိခဲ့ – ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဗီလာက ေခ်ပဂိုးရဖို႔ တိုက္စစ္ဆင္ကစားခဲ့ၿပီး ဖိအားေပးခဲ့ပါတယ္။ အက္စတြန္ဗီလာအသင္းဟာ ဘယ္ေတာင္ပံကေန ယူႏိုက္တက္အသင္းရဲ႕ ဂိုးဧရိယာအတြင္းသို႔ ျဖတ္တင္ေဘာေပးပို႔ခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ မက္ဂြိဳင္ယားႏွင့္ တိုက္စစ္မႉးကီနန္ေဒးဗီးစ္တို႔ ေခါင္းခုန္တိုက္ၿပီး ယွဥ္လုခဲ့ၾကရာမွာ မက္ဂြိဳင္ယားဆီကလြတ္ထြက္သြားတဲ့ ေဘာလံုးဟာ ေဒးဗီးစ္ရဲ႕ေျခေထာက္ထဲကို ေရာက္ရွိသြားခဲ့ၿပီး ေဒးဗီးစ္က ယူႏိုက္တက္ရဲ႕ ဂိုးေပါက္ကို အားပါတဲ့ကန္ခ်က္နဲ႕ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းခြင့္ရခဲ့ပါတယ္။ ဒီအခ်ိန္မွာ အေျခအေနကိုေစာင့္ၾကည့္ေနတဲ့ ဘိုင္လီက အနာခံၿပီး ျမန္ျမန္ဆန္ဆန္ပဲ ေျမျပင္ေပၚလွဲခ်ကာ အေကာင္းဆုံးကာကြယ္မႈကို ျပဳလုပ္ခဲ့ပါတယ္။

ဒီျဖတ္ထုတ္မႈဟာ အခန႔္မသင့္ရင္ ဘိုင္လီ ေျခေထာက္က်ိဳးသြားႏိုင္တဲ့ အေနအထားမွာေတာင္ရွိခဲ့ေပမယ့္ ဂ႐ုမျပဳဘဲ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ခဲ့ပါတယ္။ ေဘာလုံးဟာ ဘိုင္လီကို ထိမွန္ၿပီး ဂိုးဧရိယာအျပင္ကို ေျပးထြက္သြားခဲ့ၿပီး ေအာင္ျမင္တဲ့ျဖတ္ထုတ္ကာကြယ္မႈ တစ္ခုျဖစ္ခဲ့ပါတယ္။ သူသာ မဟန႔္တားႏိုင္ခဲ့ရင္ ယူႏိုက္တက္တို႔ ဂိုးေပးရဖို႔ရွိေနၿပီး တစ္ဖက္ႏွစ္ဂိုးစီနဲ႔ သေရက်မွာျဖစ္ကာ ယူႏိုက္တက္တို႔ ႀကီးမားတဲ့နစ္နာမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္ေနာက္ခံလူ အဲရစ္ဘိုင္လီဟာ ဒီေန႔ကစားခဲ့တဲ့ အက္စတြန္ဗီလာနဲ႔ ပြဲမွာ တိက်တဲ့ေပးပို႔မႈ ၈၁% ရွိခဲ့ၿပီး၊ ေဘာလုံးရွင္းထုတ္မႈ ၆ ႀကိမ္ထိျပဳလုပ္ခဲ့ကာ၊ ေဘာလုံးျပန္လည္ ဆယ္ယူႏိုင္မႈ – ၇ ႀကိမ္၊ သြင္းဂိုးကာကြယ္ႏိုင္မႈ – ၁ ႀကိမ္ ရွိပါတယ္။ ဘိုင္လီသာ ဒဏ္ရာေတြ ႏွိပ္စက္မေနဘူးဆိုရင္ ယူႏိုက္တက္အသင္းရဲ႕ ခံစစ္မွာ မက္ဂြိဳင္းယားနဲ႔ တြဲဖက္အမိဆုံးကစားသမားျဖစ္လာႏိုင္ပါတယ္။

ဒီဂီယာဆိုတာ ယူႏိုက္တက္ရဲ႕ ပြဲထြက္ကစားသမား – ဒီေန႔ပြဲလို တိုက္စစ္အားသန္ၿပီး ဂိုးေပါက္တည့္တဲ့အႀကိမ္ေတြမ်ားခဲ့တဲ့ပြဲမွာ ဂိုးသမားႏွစ္ေယာက္စလုံးဟာလည္း အပိုင္ေသခ်ာတဲ့ သြင္းဂိုးေတြကို ကာကြယ္သြားႏိုင္ခဲ့ၾကပါတယ္။ ဒီဂီယားကလည္း ဒီေန႔ဗီလာကိုအႏိုင္ရယူခဲ့တဲ့ပြဲမွာ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြကို ထည့္မေျပာရင္ မရေလာက္တဲ့အထိ ေသခ်ာေပါက္ဂိုးေတြကို လက္‌စြမ္းျပကာကြယ္သြားခဲ့ပါတယ္။ ရႈံးနိမ့္ခဲ့တဲ့ ဗီလာအသင္းဟာလည္း ဂိုးသမား မာတီနက္ဇ္ရဲ႕ အပိုင္အလုံးေတြကို ကာကြယ္ႏိုင္ခဲ့တာရယ္ေၾကာင့္သာ ရလဒ္က ျပတ္ျပတ္ သားသား မျဖစ္ခဲ့တာပါ။

ယူႏိုက္တက္ကစားသမား ေပါ့ဂ္ဘာ…. – ဘိုင္လီလို႔ ဒီေန႔ပြဲမွာထူးထူးျခားျခား ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေနာက္တစ္ေယာက္ကေတာ့ ေပါ့ဂ္ဘာ ျဖစ္ၿပီး ဖာနန္ဒက္စ္ နဲ႔ အတြက္အဖက္ညီခဲ့ပါတယ္။ အသင္းမွာ ကစားခ်ိန္ေတြမွာ စိတ္မပါသလို ကစားတတ္တဲ့ ေပါ့ဂ္ဘာ ဆိုတဲ့ကစားသမားကိုေတာ့ ဒီေန႔ပြဲမွာ မေတြ႕ရေတာ့ပဲ ကမၻာ့အဆင့္ကြင္းလယ္လူ ေပါ့ဂ္ဘာကိုသာျမင္ေတြ႕ခဲ့ရတဲ့ပြဲျဖစ္ပါတယ္။ ဒီပြဲမွာ ေပါ့ဂ္ဘာရဲ႕ စြမ္းေဆာင္ရည္ ေတြကေတာ့ တိုက္စစ္ေပးပို႕မႈ (၄၈)ၾကိမ္၊ ေအာင္ျမင္တဲ့ေပးပို႕မႈ (၃၇)ၾကိမ္၊ ဂိုးဧရိယာထဲမွာ တိုက္စစ္ကိုေပးပို႕ႏိုင္မႈ (၂၆)ၾကိမ္၊ ေဘာလုံးယွဥ္လုယူမႈ (၄)ၾကိမ္၊ ဂိုးေပါက္ကန္သြင္း မႈ (၄)ၾကိမ္၊ ေဘာလံုးရွင္းထုတ္ႏိုင္မႈ (၃)ၾကိမ္၊ ျပစ္ဒဏ္ရယူႏိုင္မႈ (၂)ၾကိမ္မွာ ပင္နယ္တီ တစ္ၾကိမ္ရရွိခဲ့ပါတယ္။

ပြဲစဥ္အက်ဥ္းခ်ဳပ္ – ယူႏိုက္တက္ အတြက္ ပထမဂိုးကို ပထမပိုင္း မိနစ္၄၀ မွာ ေနာက္ခံလူ ဝမ္ဘစ္ဆာကာက ညာေတာင္ပံကေန ဂိုးေရွ႕ ျဖတ္တင္ ေပးလိုက္တဲ့ေဘာလံုးကို မာရွယ္ က ေခါင္းတိုက္ၿပီးသြင္းယူ ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ၅၈ မိနစ္မွာေတာ့ အက္စတန္ဗီလာ ကစားသမား ထရာအိုေရး ေခ်ပဂိုး သြင္းယူေပးခဲ့လို႔ ၁ ဂိုးစီ သေရျဖစ္ခဲ့ေပမယ့္ မန္ယူဘက္က ၆၁ မိနစ္မွာ ေပါ့ဂ္ဘာေၾကာင့္ ရတဲ့ ပင္နင္တီကို ဘ႐ူႏို ဖာနန္ဒက္စ္က သြင္းယူခဲ့တာပါ။ ဒီရာသီ ပရီမီးယာလိဂ္ (၁၆)ပြဲကစားၿပီးခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းရရွိခဲ့တဲ့ သြင္းဂိုးေတြထဲမွာ (၁၈)ဂိုးဟာ သူပါဝင္ ပတ္သက္ေနခဲ့ပါတယ္။