
ဆော်ဒီပိုင်ရှင်သစ်တွေလက်ထက် နည်းပြသစ်ခန့်ရေးအတွက် အခက်တွေ့နေတဲ့
နယူးကာဆယ်ဟာ နောက်ဆုံးတော့ အဲဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပါပြီ။
နယူးကာဆယ်ဟာ ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီကို ၂ နှစ်ခွဲစာချုပ်နဲ့
ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ ၄၃ နှစ်အရွယ် အက်ဒီဟိုဝီဟာ
လွန်ခဲ့တဲ့နှစ်ရာသီ ပရီးမီးယားလိဂ်ကနေ ဘုန်းမောက်တန်းဆင်းသွားပြီးကတည်းက
အသင်းနဲ့လမ်းခွဲပြီး ကလပ်လက်မဲ့ဖြစ်နေတာပါ။
အခုတော့ အဲဒီဘုန်းမောက်နည်းပြဟောင်းဟာ ဆော်ဒီပိုင်ရှင်သစ်တွေလက်ထက်
နယူးကာဆယ်ရဲ့ပထမဆုံးနည်းပြဖြစ်လာတော့မှာပါ။
နယူးကာဆယ်ဟာ ထုတ်ပယ်လိုက်တဲ့စတိဗ်ဘရုစ်နေရာအစားထိုးဖို့
မကြာသေးခင်က ဗီလာရီးရဲလ်နည်းပြအမ်မရီကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ အခုသူတို့ခန့်အပ်တော့မယ့် အက်ဒီဟိုဝီဟာ နယူးကာဆယ်ကစားသမားအချို့နဲ့
ရင်းနှီးပြီးသားဖြစ်နေတာပါ။ တိုက်စစ်မှုးကယ်လမ်ဝီလ်ဆင်၊
တောင်ပံကစားသမားတွေဖြစ်တဲ့ ဖရေဆာနဲ့ ရစ်ချီတို့ဟာ ဘုန်းမောက်မှာရှိစဉ်က
အက်ဒီဟိုဝီနဲ့လက်တွဲခဲ့သူတွေပါ။ အက်ဒီဟိုဝီဟာ ဘုန်းမောက်ကို
အင်္ဂလန်တတိယတန်းကနေ ပရီးမီးယားလိဂ်ဆီပို့ဆောင်ပေးနိုင်ခဲ့ပြီး
အဲဒီမှာ ၅ ရာသီကြာဆက်ရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
လက်ရှိမှာတော့ နယူးကာဆယ်ဟာ ယာယီနည်းပြဂရေမီဂျုံးစ်လက်ထက်
ပဲလေ့စ်နဲ့သရေကျပြီး ချဲလ်ဆီးကို ဂိုးပြတ်ရှုံးထားပါတယ်။
နယူးကာဆယ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ နိုင်ပွဲမရှိသေးဘဲ ၄ မှတ်သာ
ရရှိသေးမှုနဲ့အတူ တန်းဆင်းဇုန်ထဲရောက်ရှိနေတာပါ။
zawgyi
ဘုန္းေမာက္နည္းျပေဟာင္းဟာ နယူးကာဆယ္ရဲ႕ပထမဆုံးနည္းျပျဖစ္လာေတာ့မယ္
ေဆာ္ဒီပိုင္ရွင္သစ္ေတြလက္ထက္ နည္းျပသစ္ခန႔္ေရးအတြက္ အခက္ေတြ႕ေနတဲ့
နယူးကာဆယ္ဟာ ေနာက္ဆုံးေတာ့ အဲဒီအက်ပ္အတည္းကို ေျဖရွင္းႏိုင္ခဲ့ပါၿပီ။
နယူးကာဆယ္ဟာ ဘုန္းေမာက္နည္းျပေဟာင္းအက္ဒီဟိုဝီကို ၂ ႏွစ္ခြဲစာခ်ဳပ္နဲ႔
ခန႔္အပ္ဖို႔ သေဘာတူညီမႈရရွိခဲ့တာပါ။ ၄၃ ႏွစ္အ႐ြယ္ အက္ဒီဟိုဝီဟာ
လြန္ခဲ့တဲ့ႏွစ္ရာသီ ပရီးမီးယားလိဂ္ကေန ဘုန္းေမာက္တန္းဆင္းသြားၿပီးကတည္းက
အသင္းနဲ႔လမ္းခြဲၿပီး ကလပ္လက္မဲ့ျဖစ္ေနတာပါ။
အခုေတာ့ အဲဒီဘုန္းေမာက္နည္းျပေဟာင္းဟာ ေဆာ္ဒီပိုင္ရွင္သစ္ေတြလက္ထက္
နယူးကာဆယ္ရဲ႕ပထမဆုံးနည္းျပျဖစ္လာေတာ့မွာပါ။
နယူးကာဆယ္ဟာ ထုတ္ပယ္လိုက္တဲ့စတိဗ္ဘ႐ုစ္ေနရာအစားထိုးဖို႔
မၾကာေသးခင္က ဗီလာရီးရဲလ္နည္းျပအမ္မရီကို ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ျခင္းခံခဲ့ရပါတယ္။
ဒါေပမဲ့ အခုသူတို႔ခန႔္အပ္ေတာ့မယ့္ အက္ဒီဟိုဝီဟာ နယူးကာဆယ္ကစားသမားအခ်ိဳ႕နဲ႔
ရင္းႏွီးၿပီးသားျဖစ္ေနတာပါ။ တိုက္စစ္မႈးကယ္လမ္ဝီလ္ဆင္၊
ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဖေရဆာနဲ႔ ရစ္ခ်ီတို႔ဟာ ဘုန္းေမာက္မွာရွိစဥ္က
အက္ဒီဟိုဝီနဲ႔လက္တြဲခဲ့သူေတြပါ။ အက္ဒီဟိုဝီဟာ ဘုန္းေမာက္ကို
အဂၤလန္တတိယတန္းကေန ပရီးမီးယားလိဂ္ဆီပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး
အဲဒီမွာ ၅ ရာသီၾကာဆက္ရွိႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။
လက္ရွိမွာေတာ့ နယူးကာဆယ္ဟာ ယာယီနည္းျပဂေရမီဂ်ဳံးစ္လက္ထက္
ပဲေလ့စ္နဲ႔သေရက်ၿပီး ခ်ဲလ္ဆီးကို ဂိုးျပတ္ရႈံးထားပါတယ္။
နယူးကာဆယ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ႏိုင္ပြဲမရွိေသးဘဲ ၄ မွတ္သာ
ရရွိေသးမႈနဲ႔အတူ တန္းဆင္းဇုန္ထဲေရာက္ရွိေနတာပါ။