ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့တဲ့ ဘာဘာတော့ဗ်

မန်ယူနှင့်စပါးစ်တိုက်စစ်မှူးဟောင်းဒီမီထရီဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယား

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ့်

သွားခဲ့ပါတယ်။


ကစားသမားဘဝမှအနားယူထားပြီးဖြစ်တဲ့ဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယား

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲမှာလက်ရှိဥက္ကဌဘိုရီဆလပ်ဗ်မီဟေး

လော့ဗ်ကိုမဲအနည်းငယ်ဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မီဟေးလော့ဗ်ဟာမဲ၂၄၁ဖြင့်

ဥက္ကဌရွေးကောက်ပွဲတွင်နိုင်ပွဲရခဲ့တာဖြစ်ပြီးဘာဘာတော့ဗ်က၂၃၀ဖြင့်ရှုံးနိမ့်ခဲ့တာပါ။
ဘာဘာတော့ဗ်ဟာပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်ကြတဲ့စတဲလ်လီယန်

ပီထရော့ဗ်နှင့်မာတင်ပီထရော့ဗ်တို့ရဲ့ထောက်ခံချက်များရရှိထားသူဖြစ်ပြီးဥက္ကဌသစ်

ဖြစ်လာပါကအပြောင်းအလဲများစွာမျှော်လင့်နေခဲ့သူလည်းဖြစ်ပါတယ်။

ရီးဒင်းဂိုးသမားဟောင်းမီဟေးလော့ဗ်ဟာဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ်

ဆယ်စုနှစ်တစ်ခုကျော်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။သူဟာလွန်ခဲ့တဲ့

နှစ်နှစ်တုန်းကဘူလ်ဂေးရီးယားတွင်အင်္ဂလန်အား၆-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပရိသတ်များက

အင်္ဂလန်ကစားသမားများကိုလူမျိုးရေးခွဲခြားမှုအပေါ်တာဝန်ယူတဲ့အနေဖြင့်ရာထူးမှ

နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

သူ့နေရာတွင်ယာယီထမ်းဆောင်တဲ့ကာဆာဘော့ဗ်ကလည်းဧပြီလတုန်းကရာထူးမှ

နုတ်ထွက်ခဲ့မှုနဲ့အတူရွေးကောက်ပွဲပြန်လည်ကျင်းပလာရာမှာပြန်လည်ယှဉ်ပြိုင်ပြီး

အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Zawgyi

ဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့တဲ့ ဘာဘာေတာ့ဗ္
မန္ယူႏွင့္စပါးစ္တိုက္စစ္မႉးေဟာင္းဒီမီထရီဘာဘာေတာ့ဗ္ဟာဘူလ္ေဂးရီးယား

ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌေ႐ြးေကာက္ပြဲအတြက္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာရႈံးနိမ့္

သြားခဲ့ပါတယ္။
ကစားသမားဘဝမွအနားယူထားၿပီးျဖစ္တဲ့ဘာဘာေတာ့ဗ္ဟာဘူလ္ေဂးရီးယား

ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌေ႐ြးေကာက္ပြဲမွာလက္ရွိဥကၠဌဘိုရီဆလပ္ဗ္မီေဟး

ေလာ့ဗ္ကိုမဲအနည္းငယ္ျဖင့္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။မီေဟးေလာ့ဗ္ဟာမဲ၂၄၁ျဖင့္

ဥကၠဌေ႐ြးေကာက္ပြဲတြင္ႏိုင္ပြဲရခဲ့တာျဖစ္ၿပီးဘာဘာေတာ့ဗ္က၂၃၀ျဖင့္ရႈံးနိမ့္ခဲ့တာပါ။
ဘာဘာေတာ့ဗ္ဟာပရီးမီးယားလိဂ္ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့စတဲလ္လီယန္

ပီထေရာ့ဗ္ႏွင့္မာတင္ပီထေရာ့ဗ္တို႔ရဲ႕ေထာက္ခံခ်က္မ်ားရရွိထားသူျဖစ္ၿပီးဥကၠဌသစ္

ျဖစ္လာပါကအေျပာင္းအလဲမ်ားစြာေမွ်ာ္လင့္ေနခဲ့သူလည္းျဖစ္ပါတယ္။
ရီးဒင္းဂိုးသမားေဟာင္းမီေဟးေလာ့ဗ္ဟာဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအျဖစ္

ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။သူဟာလြန္ခဲ့တဲ့

ႏွစ္ႏွစ္တုန္းကဘူလ္ေဂးရီးယားတြင္အဂၤလန္အား၆-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပရိသတ္မ်ားက

အဂၤလန္ကစားသမားမ်ားကိုလူမ်ိဳးေရးခြဲျခားမႈအေပၚတာဝန္ယူတဲ့အေနျဖင့္ရာထူးမွ

ႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။

သူ႔ေနရာတြင္ယာယီထမ္းေဆာင္တဲ့ကာဆာေဘာ့ဗ္ကလည္းဧၿပီလတုန္းကရာထူးမွ

ႏုတ္ထြက္ခဲ့မႈနဲ႔အတူေ႐ြးေကာက္ပြဲျပန္လည္က်င္းပလာရာမွာျပန္လည္ယွဥ္ၿပိဳင္ၿပီး

အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။