ဘောက်ဆင်ဒေးပွဲမတိုင်ခင် ပရီးမီးယားလိဂ်ရာသီအဆုံးသတ်ကို ကြိုတင်ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စူပါကွန်ပြူတာရဲ့ အခုနောက်ဆုံးခန့်မှန်းလိုက်တဲ့ ရာသီပိတ်ပရီးမီးယားလိဂ်အမှတ်ပေးဇယား ရပ်တည်မှုအရ လီဗာပူးဟာ အမှတ်ပေးချန်ပီယံဆု ကာကွယ်နိုင်မှာဖြစ်ပေမယ့် ဒီပုံစံအတိုင်းဆိုရင် အာဆင်နယ်ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

အခုမှ ပရီးမီးယားလိဂ်ရာသီစတင်တာ ပွဲစဉ် ၁၄ပဲ ရောက်သေးပေမယ့် ပြီးခဲ့တဲ့ရာသီကထက် ပိုမိုအကြိတ်အနယ်ရှိနေပြီး မနှစ်ကတော့ လီဗာပူးဟာ ဒုတိယနေရာက မန်စီးတီးကို ၁၈ မှတ်အထိ ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့တာပါ။

ဒီရာသီမှာတော့ လီဗာပူးဟာ ဒုတိယနေရာက လက်စတာကို ၄ မှတ်ပဲ ဖြတ်ထားနိုင်သလို တကယ်လို့ တတိယနေရာက ယူနိုက်တက်သာ လက်ကျန်ပွဲအနိုင်ရခဲ့ရင် လီဗာပူးနဲ့ ၂ မှတ်အကွာအထိ ဖိအားပေးနိုင်မှာဖြစ်ပါတယ်။

ဒီရာသီမှာ ချန်ပီယံလုပွဲက ပိုမိုအကြိတ်အနယ်ရှိလာနိုင်ပေမယ့် လီဗာပူးပဲ ချန်ပီယံဖြစ်လာလိမ့်မယ်လို့ The Sun သတင်းစာရဲ့ စူပါကွန်ပြူတာက ခန့်မှန်းလိုက်တာပါ။

လီဗာပူး၊ လက်စတာ၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရလိမ့်မယ်လို့ စူပါကွန်ပြုတာက ခန့်မှန်းထားပြီး ဒီအတိုင်းဆိုင်ရင် လက်စတာအနေနဲ့ မနှစ်ကလို ရာသီအဆုံးသတ်ကာလမှာ မလဲပြိုတော့ဘဲ ဒီရာသီမှာ ဒုတိယနေရာရရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။


ဆောက်သမ်တန်နဲ့ အဲဗာတန်တို့ကလည်း အဆင့် ၅နဲ့ အဆင့် ၆နေရာတွေမှာ အသီးသီးရပ်တည်နိုင်လိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပေမယ့် အသင်းကြီးတချို့အတွက်တော့ စိုးရိမ်စရာကောင်းနေပါတယ်။


ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းကမှ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ စပါးဟာ စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်အရ ရာသီအကုန်မှာ အဆင့် ၇နေရာသာရရှိမှာဖြစ်ပြီး ချန်ပီယံဟောင်း မန်စီးတီးဆိုရင် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ သုံးသပ်ထားရာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၄သင်းပြင်ပ ရောက်ဖွယ်ရှိနေပါတယ်။


အာဆင်နယ်အသင်း တန်းမဆင်းရဘူးလို့ စူပါကွန်ပြူတာက ခန့်မှန်းထားတာကြောင့် နည်းပြအာတီတာအတွက် စိတ်သက်သာရာရနိုင်ပေမယ့် အဆင့် ၁၆ နေရာမှာ ရပ်တည်နိုင်မယ့်အချက်ကတော့ အာဆင်နယ်ပရိသတ်တွေအတွက် လိုချင်တဲ့ရပ်တည်မှုမဟုတ်တာ သေချာပါတယ်။

စိတ်ဝင်စားစရကောင်းတာက ဖူလ်ဟမ်အသင်းဟာ တန်းမဆင်းရရေးတိုက်ပွဲမှာ အောင်မြင်သွားပြီး ရှက်ဖီးယူနိုက်တက်က အောက်ဆုံးကနေ ရုန်းထွက်နိုင်မှာဖြစ်ပေမယ့် တန်းဆင်းရမှာဖြစ်တယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာက္ဆင္ေဒးပြဲမတုိင္ခင္ ပရီးမီးယားလိဂ္ရာသီအဆုံးသတ္ကို ႀကိဳတင္ခန္႔မွန္းလုိက္တဲ့ စူပါကြန္ျပဴတာ

စူပါကြန္ျပဴတာရဲ႕ အခုေနာက္ဆုံးခန္႔မွန္းလုိက္တဲ့ ရာသီပိတ္ပရီးမီးယားလိဂ္အမွတ္ေပးဇယား ရပ္တည္မႈအရ လီဗာပူးဟာ အမွတ္ေပးခ်န္ပီယံဆု ကာကြယ္ႏိုင္မွာျဖစ္ေပမယ့္ ဒီပုံစံအတိုင္းဆုိရင္ အာဆင္နယ္ပရိသတ္ေတြအတြက္ စုိးရိမ္စရာျဖစ္လာႏိုင္ပါတယ္။ အခုမွ ပရီးမီးယားလိဂ္ရာသီစတင္တာ ပြဲစဥ္ ၁၄ပဲ ေရာက္ေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီကထက္ ပိုမိုအႀကိတ္အနယ္ရွိေနၿပီး မႏွစ္ကေတာ့ လီဗာပူးဟာ ဒုတိယေနရာက မန္စီးတီးကို ၁၈ မွတ္အထိ ျဖတ္ကာ ခ်န္ပီယံျဖစ္ခဲ့တာပါ။

ဒီရာသီမွာေတာ့ လီဗာပူးဟာ ဒုတိယေနရာက လက္စတာကို ၄ မွတ္ပဲ ျဖတ္ထားႏိုင္သလုိ တကယ္လုိ႔ တတိယေနရာက ယူႏိုက္တက္သာ လက္က်န္ပြဲအႏိုင္ရခဲ့ရင္ လီဗာပူးနဲ႔ ၂ မွတ္အကြာအထိ ဖိအားေပးနိုင္မွာျဖစ္ပါတယ္။ ဒီရာသီမွာ ခ်န္ပီယံလုပြဲက ပိုမိုအႀကိတ္အနယ္ရွိလာႏိုင္ေပမယ့္ လီဗာပူးပဲ ခ်န္ပီယံျဖစ္လာလိမ့္မယ္လုိ႔ The Sun သတင္းစာရဲ႕ စူပါကြန္ျပဴတာက ခန္႔မွန္းလုိက္တာပါ။

လီဗာပူး၊ လက္စတာ၊ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔က ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရလိမ့္မယ္လုိ႔ စူပါကြန္ျပဳတာက ခန္႔မွန္းထားၿပီး ဒီအတုိင္းဆုိင္ရင္ လက္စတာအေနနဲ႔ မႏွစ္ကလုိ ရာသီအဆုံးသတ္ကာလမွာ မလဲၿပိဳေတာ့ဘဲ ဒီရာသီမွာ ဒုတိယေနရာရရွိလိမ့္မယ္လုိ႔ ခန္႔မွန္းပါတယ္။ ေဆာက္သမ္တန္နဲ႔ အဲဗာတန္တုိ႔ကလည္း အဆင့္ ၅နဲ႔ အဆင့္ ၆ေနရာေတြမွာ အသီးသီးရပ္တည္ႏိုင္လိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းထားေပမယ့္ အသင္းႀကီးတခ်ိဳ႕အတြက္ေတာ့ စိုးရိမ္စရာေကာင္းေနပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းကမွ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့တဲ့ စပါးဟာ စူပါကြန္ျပဴတာရဲ႕ခန္႔မွန္းခ်က္အရ ရာသီအကုန္မွာ အဆင့္ ၇ေနရာသာရရွိမွာျဖစ္ၿပီး ခ်န္ပီယံေဟာင္း မန္စီးတီးဆုိရင္ အဆင့္ ၈ ေနရာမွာသာ ရပ္တည္ႏိုင္လိမ့္မယ္လုိ႔ သုံးသပ္ထားရာ ၂၀၁၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ထိပ္ဆုံး ၄သင္းျပင္ပ ေရာက္ဖြယ္ရွိေနပါတယ္။ အာဆင္နယ္အသင္း တန္းမဆင္းရဘူးလုိ႔ စူပါ ကြန္ျပဴတာက ခန္႔မွန္းထားတာေၾကာင့္ နည္းျပအာတီတာအတြက္ စိတ္သက္သာရာရႏုိင္ေပမယ့္ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ႏိုင္မယ့္အခ်က္ကေတာ့ အာဆင္နယ္ပရိသတ္ေတြအတြက္ လိုခ်င္တဲ့ရပ္တည္မႈမဟုတ္တာ ေသခ်ာပါတယ္။

စိတ္၀င္စားစရေကာင္းတာက ဖူလ္ဟမ္အသင္းဟာ တန္းမဆင္းရေရးတုိက္ပြဲမွာ ေအာင္ျမင္သြားၿပီး ရွက္ဖီးယူႏုိက္တက္က ေအာက္ဆုံးကေန ႐ုန္းထြက္ႏိုင္မွာျဖစ္ေပမယ့္ တန္းဆင္းရမွာျဖစ္တယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းထားပါတယ္။