
ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဖြစ်ခဲ့ဘူးတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း
ဒန်နီလ်ဆင် ဟာအသက် ၄၄ နှစ်ရှိနေပြီဖြစ်ပေမယ့်
ဘောလုံးကစားဦးမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
သူ့နာမည်အပြည့်အစုံက ဒန်နီလ်ဆင်ဒီအိုလီလီဗီအဲရာ ဖြစ်ပြီး
ဒန်နီလ်ဆင် လို့သာလူသိများသူဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့ ၁၂ နှစ်ဖြစ်တဲ့ ၂၀၁၀ ကတည်းကဘောလုံးသမားဘဝကနေ
အနားယူသွားတာဖြစ်ပေမယ့် လက်ရှိမှာတော့
ဘရာဇီးအဆင့်နိမ့်တန်းကလပ်တစ်ခုဖြစ်တဲ့ Ibis Sport Club နဲ့
စာချုပ်လက် မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။
သူဟာဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ၁၉၉၆ ကနေ ၂၀၀၃ အထိကစားခဲ့ပြီး
တောင် ကိုရီးယားနဲ့ဂျပန်တို့ပူးတွဲကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ
ဘရာဇီးနဲ့အတူ ချန်ပီယံဘွဲ့ကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
တောင်ပံကစားသမားဖြစ်ပြီးဘရာဇီးအတွက် ၆၁ ပွဲကစားခဲ့ တဲ့
ဒန်နီလ်ဆင်ဟာ ၁၉၉၈ တုန်းက သူ့မွေးရပ်မြေကလပ် ဆော်ပိုလို ကနေ
ပေါင် ၂၁.၅ သန်းနဲ့ ဘက်တစ်ကိုပြောင်းခဲ့ပြီးတဲ့ နောက်
အဲဒီအချိန်က ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ်လည်း
ရပ်တည်နိုင်ခဲ့ပါသေးတယ်။ ဒန်နီလ်ဆင် ဟာ ၂၀၁၀ တုန်းက
ဂရိဒုတိယတန်းကလပ် ကာဗာလာ အသင်းမှာကစားရင် အနားယူခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်နောက် ၁၂ နှစ်ကြာပြီးတဲ့နောက်သူ့တွစ်တာကနေ ဒန်နီလ်ဆင်က
” ဖေဖေပြန်လာပါပြီ။ အခုသဘောတူညီချက် က တရားဝင်လို့ ကျွန်တော်ပြောလိုပါတယ်။
ကျွန်တော့်ကိုကမ်းလှမ်းမှုဟာ မိသားစုကိုလည်းရိုက်ခတ်ပြီး စိတ်လှုပ်ရှား စေရပါတယ်။
ဒါကြောင့်အနားယူပြီးနောက် ၁၂ နှစ်အကြာမှာ
ဘောလုံးပြန်ကစားဖို့ ဖေဖေဆုံးဖြတ်လိုက်တာပါ။
ဒီကနေ့ ကစပြီး Ibis Sport Club ရဲ့အင်္ကျီကို
ကျွန်တော်ဝတ်ဆင်ပါတော့မယ်” လို့ပြောသွားပါတယ်။
ဗီယက်နမ်ကလပ်တစ်ခုဖြစ် တဲ့ ဟိုင်ဖုန်းအသင်းမှာ ကစားခဲ့ဘူးသေးတဲ့
ဒန်နီလ်ဆင်ဟာ ၂၀၁၈ က 888poker ရဲသံတမန်အဖြစ်ဆောင်ရွက်ခဲ့သေးသူ ဖြစ်ပြီး
လာဗီဂတ်စ်မြို့က World Poker series မှာဝင်ပြိုင်ခဲ့သေးသူလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ ပိုကာဝိုင်းက
အစိမ်းရောင်ကော်ဇော ပြင်တွေထက် မြက်ခင်းစိမ်းပေါ်ကို
ပြန်သွားဖို့ဆုံးဖြတ်လိုက် သူလည်းဖြစ်ပါတယ်။
သူဟာကစားသမားဘဝတုန်းက ဆော်ပိုလိုနဲ့ ဘက်တစ် တို့မှာရှိနေတုန်းကသာ
အကောင်းဆုံးအချိန် တွေကိုရရှိခဲ့တာဖြစ်ပြီး
နောက်ပိုင်းမှာကွင်းပြင်ပနေထိုင်မှုပုံစံအမှားအချို့နဲ့အတူ
ခြေစွမ်းကျဆင်းကာ နာမည်အရှိန်အဝါ လည်းကျခဲ့ရပါတယ်။
zawgyi
ေဘာလုံးကစားဦးမွာျဖစ္တယ္လို႔ ေၾကညာလိုက္တဲ့ အသက္ ၄၄ ႏွစ္အ႐ြယ္ ဘရာဇီးသား ဒန္နီလ္ဆင္
ကမာၻ႔တန္ေၾကးအျမင့္ဆုံးျဖစ္ခဲ့ဘူးတဲ့ ဘရာဇီးလက္ေ႐ြးစင္ေဟာင္း
ဒန္နီလ္ဆင္ ဟာအသက္ ၄၄ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္
ေဘာလုံးကစားဦးမွာျဖစ္တယ္လို႔ ေၾကညာလိုက္ပါတယ္။
သူ႔နာမည္အျပည့္အစုံက ဒန္နီလ္ဆင္ဒီအိုလီလီဗီအဲရာ ျဖစ္ၿပီး
ဒန္နီလ္ဆင္ လို႔သာလူသိမ်ားသူျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ့ ၁၂ ႏွစ္ျဖစ္တဲ့ ၂၀၁၀ ကတည္းကေဘာလုံးသမားဘဝကေန
အနားယူသြားတာျဖစ္ေပမယ့္ လက္ရွိမွာေတာ့
ဘရာဇီးအဆင့္နိမ့္တန္းကလပ္တစ္ခုျဖစ္တဲ့ Ibis Sport Club နဲ႔
စာခ်ဳပ္လက္ မွတ္ေရးထိုးလိုက္တာျဖစ္ပါတယ္။
သူဟာဘရာဇီးလ္လက္ေ႐ြးစင္အသင္းမွာ ၁၉၉၆ ကေန ၂၀၀၃ အထိကစားခဲ့ၿပီး
ေတာင္ ကိုရီးယားနဲ႔ဂ်ပန္တို႔ပူးတြဲက်င္းပခဲ့တဲ့ ၂၀၀၂ ကမာၻ႔ဖလားမွာ
ဘရာဇီးနဲ႔အတူ ခ်န္ပီယံဘြဲ႕ကိုလည္း ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။
ေတာင္ပံကစားသမားျဖစ္ၿပီးဘရာဇီးအတြက္ ၆၁ ပြဲကစားခဲ့ တဲ့
ဒန္နီလ္ဆင္ဟာ ၁၉၉၈ တုန္းက သူ႔ေမြးရပ္ေျမကလပ္ ေဆာ္ပိုလို ကေန
ေပါင္ ၂၁.၅ သန္းနဲ႔ ဘက္တစ္ကိုေျပာင္းခဲ့ၿပီးတဲ့ ေနာက္
အဲဒီအခ်ိန္က ကမာၻ႔တန္ေၾကးအျမင့္ဆုံးကစားသမားအျဖစ္လည္း
ရပ္တည္ႏိုင္ခဲ့ပါေသးတယ္။ ဒန္နီလ္ဆင္ ဟာ ၂၀၁၀ တုန္းက
ဂရိဒုတိယတန္းကလပ္ ကာဗာလာ အသင္းမွာကစားရင္ အနားယူခဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္ေနာက္ ၁၂ ႏွစ္ၾကာၿပီးတဲ့ေနာက္သူ႔တြစ္တာကေန ဒန္နီလ္ဆင္က
” ေဖေဖျပန္လာပါၿပီ။ အခုသေဘာတူညီခ်က္ က တရားဝင္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။
ကြၽန္ေတာ့္ကိုကမ္းလွမ္းမႈဟာ မိသားစုကိုလည္း႐ိုက္ခတ္ၿပီး စိတ္လႈပ္ရွား ေစရပါတယ္။
ဒါေၾကာင့္အနားယူၿပီးေနာက္ ၁၂ ႏွစ္အၾကာမွာ
ေဘာလုံးျပန္ကစားဖို႔ ေဖေဖဆုံးျဖတ္လိုက္တာပါ။
ဒီကေန႔ ကစၿပီး Ibis Sport Club ရဲ႕အက်ႌကို
ကြၽန္ေတာ္ဝတ္ဆင္ပါေတာ့မယ္” လို႔ေျပာသြားပါတယ္။
ဗီယက္နမ္ကလပ္တစ္ခုျဖစ္ တဲ့ ဟိုင္ဖုန္းအသင္းမွာ ကစားခဲ့ဘူးေသးတဲ့
ဒန္နီလ္ဆင္ဟာ ၂၀၁၈ က 888poker ရဲသံတမန္အျဖစ္ေဆာင္႐ြက္ခဲ့ေသးသူ ျဖစ္ၿပီး
လာဗီဂတ္စ္ၿမိဳ႕က World Poker series မွာဝင္ၿပိဳင္ခဲ့ေသးသူလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း အဆုံးသတ္မွာေတာ့ ပိုကာဝိုင္းက
အစိမ္းေရာင္ေကာ္ေဇာ ျပင္ေတြထက္ ျမက္ခင္းစိမ္းေပၚကို
ျပန္သြားဖို႔ဆုံးျဖတ္လိုက္ သူလည္းျဖစ္ပါတယ္။
သူဟာကစားသမားဘဝတုန္းက ေဆာ္ပိုလိုနဲ႔ ဘက္တစ္ တို႔မွာရွိေနတုန္းကသာ
အေကာင္းဆုံးအခ်ိန္ ေတြကိုရရွိခဲ့တာျဖစ္ၿပီး
ေနာက္ပိုင္းမွာကြင္းျပင္ပေနထိုင္မႈပုံစံအမွားအခ်ိဳ႕နဲ႔အတူ
ေျခစြမ္းက်ဆင္းကာ နာမည္အရွိန္အဝါ လည္းက်ခဲ့ရပါတယ္။