ဘောလုံးကပေးတဲ့ဖိအားကိုခံနိုင်မယ့် စိတ်ဓာတ်အင်အားမရှိတော့လို့ကိုယ့်အတွက်နောက်ဆုံးကမ္ဘာ့ဖလားလို့ပဲမြင်နေပါတယ် – နေမာ

ဘရာဇီးတိုက်စစ်မှူးနေမာကလက်ရွေးစင်အသင်းအတွက်ကစားရမှုဖိအားကို

ကိုင်တွယ်နိုင်ရန်ရုန်းကန်ရမှုနဲ့အတူ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်

ဘရာဇီးလက်ရွေးစင်ကစားသမားဘဝမှအနားယူနိုင်ကြောင်းဖွင့်ဟလာပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲပြီးချိန်တွင်

အသက်၃၀နှစ်မျှသာရှိနေသေးရာလက်ရွေးစင်အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ရနေသူ

တစ်ဦးအတွက်အနားယူရန်စောနေသေးတဲ့အသက်အရွယ်လည်းဖြစ်ပါတယ်။

နေမာဟာ၂၀၁၀ခုနှစ်တွင်ဘရာဇီးအတွက်စတင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး

၁၁၃ပွဲကစားကာ၆၉ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့်ပီအက်စ်ဂျီ

တိုက်စစ်မှူးက၂၀၂၂ကမ္ဘာ့ဖလားအပြီးတွင်ဘရာဇီးအတွက်ဆက်ကစားရန်

မသေချာတော့ကြောင်းဖွင့်ဟလာပါတယ်။

၎င်းက “ဒါကကျွန်တော့်အတွက်နောက်ဆုံး

ကမ္ဘာ့ဖလားဖြစ်လာမယ်လို့ထင်ပါတယ်။ဘောလုံးကပေးတဲ့ဖိအားကိုခံနိုင်မယ့်

စိတ်ဓာတ်အင်အားမရှိတော့လို့ကိုယ့်အတွက်နောက်ဆုံးကမ္ဘာ့ဖလားလို့

ပဲမြင်နေပါတယ်။ကိုယ့်နိုင်ငံအတွက်အောင်မြင်မှုအားလုံးရအောင်အစွမ်းကုန်

ကြိုးပမ်းပေးသွားပါမယ်။ဒါကလည်းကျွန်တော်ငယ်ငယ်ကတည်းကမက်လာတဲ့

အိပ်မက်ပါ။လုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ေဘာလုံးကေပးတဲ့ဖိအားကိုခံႏိုင္မယ့္ စိတ္ဓာတ္အင္အားမရွိေတာ့လို႔ကိုယ့္အတြက္ေနာက္ဆုံးကမာၻ႔ဖလားလို႔ပဲျမင္ေနပါတယ္ – ေနမာ

ဘရာဇီးတိုက္စစ္မႉးေနမာကလက္ေ႐ြးစင္အသင္းအတြက္ကစားရမႈဖိအားကို

ကိုင္တြယ္ႏိုင္ရန္႐ုန္းကန္ရမႈနဲ႔အတူ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္

ဘရာဇီးလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူႏိုင္ေၾကာင္းဖြင့္ဟလာပါတယ္။

ဘရာဇီးတိုက္စစ္မႉးဟာလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးခ်ိန္တြင္

အသက္၃၀ႏွစ္မွ်သာရွိေနေသးရာလက္ေ႐ြးစင္အသင္းတြင္ပုံမွန္ပြဲထြက္ခြင့္ရေနသူ

တစ္ဦးအတြက္အနားယူရန္ေစာေနေသးတဲ့အသက္အ႐ြယ္လည္းျဖစ္ပါတယ္။

ေနမာဟာ၂၀၁၀ခုႏွစ္တြင္ဘရာဇီးအတြက္စတင္ကစားခြင့္ရရွိခဲ့သူျဖစ္ၿပီး

၁၁၃ပြဲကစားကာ၆၉ဂိုးသြင္းယူထားသူလည္းျဖစ္ပါတယ္။ ဒါေပမယ့္ပီအက္စ္ဂ်ီ

တိုက္စစ္မႉးက၂၀၂၂ကမာၻ႔ဖလားအၿပီးတြင္ဘရာဇီးအတြက္ဆက္ကစားရန္

မေသခ်ာေတာ့ေၾကာင္းဖြင့္ဟလာပါတယ္။ ၎က “ဒါကကြၽန္ေတာ့္အတြက္ေနာက္ဆုံး

ကမာၻ႔ဖလားျဖစ္လာမယ္လို႔ထင္ပါတယ္။ေဘာလုံးကေပးတဲ့ဖိအားကိုခံႏိုင္မယ့္

စိတ္ဓာတ္အင္အားမရွိေတာ့လို႔ကိုယ့္အတြက္ေနာက္ဆုံးကမာၻ႔ဖလားလို႔

ပဲျမင္ေနပါတယ္။ကိုယ့္ႏိုင္ငံအတြက္ေအာင္ျမင္မႈအားလုံးရေအာင္အစြမ္းကုန္

ႀကိဳးပမ္းေပးသြားပါမယ္။ဒါကလည္းကြၽန္ေတာ္ငယ္ငယ္ကတည္းကမက္လာတဲ့

အိပ္မက္ပါ။လုပ္ေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။