ဘောလုံးကို ဂိုးထဲပြန်ပုတ်ထည့်တဲ့ ဂိုးသမားကြောင့် နည်းပြအာတီတာ ဖိအားဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးကို ၄-၁ နဲ့အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆိုးရွားတဲ့အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား အဲလက်စ်ရူနာဆန်ကြောင့် ဘန်းလီနိုကိုမသုံးခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ဆုံးဖြတ်ချက်ကို ပရိသတ်တွေက ဝေဖန်မေးခွန်းထုတ်နေကြပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာ အာဆင်နယ်ဂိုးဧရိယာထိပ်မှာ မန်စီးတီးက ဖရီးကစ်ရခဲ့ပါတယ်။ ဒါကို မာရက်ဇ်က ကန်သွင်းရာမှာ ရူနာဆန်က အလွယ်တကူပုတ်ထုတ်နိုင်တဲ့ အနေအထားဖြစ်ပေမယ့် သူ့ရဲ့ဘောလုံးကို လက်သီးနဲ့ထိုးချက်မပီပြင်မှုကြောင့် ဘောလုံးကို ဂိုးထဲပုတ်ထည့်သလို ဖြစ်သွားရတာပါ။

ရူနာဆန်က ဘောလုံးကိုပုတ်ထုတ်ချိန်မှာ အဝေးကိုရောက်သွားမယ်လို့ ထင်မှတ်ခဲ့ပေမယ့် ဂိုးထဲတန်းရောက်သွားလို့ အံအားသင့်ခဲ့ကြရပါတယ်။ ဒီဂိုးကြောင့် မန်စီးတီးဟာ အာဆင်နယ်ကို ၂-၁ နဲ့ဦးဆောင်နိုင်ခဲ့တာပါ။

ရူနာဆန်ဟာ မန်စီးတီးက အဖွင့်ဂိုးအတွက်လည်း မှားယွင်းခဲ့သေးသူဖြစ်ပြီး ဂျီးဆပ်ရဲ့ခေါင်းတိုက်ချက်ကို အလွယ်တကူ ခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ သူတို့ရဲ့ဒီရာသီတစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက် ဖြစ်နိုင်တဲ့ လိဂ်ဖလားကနေ ထွက်လိုက်ရပြီဖြစ်လို့ အရေးကြီးတဲ့ ကွာတားဖိုင်နယ်လိုပွဲမျိုးမှာ ဦးစားပေးဂိုးသမား ဘန်းလီနိုကို မသုံးခဲ့တဲ့အပေါ် ပွဲအပြီးမှာ ပရိသတ်တွေကရော ကျွမ်းကျင်သူတွေကပါ အာတီတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

Sky Sports ရဲ့ဘောလုံးပွဲသုံသပ်သူတစ်ဦးဖြစ်တဲ့ ဂျေမီရက်နပ်ကဆိုရင် ရူနာဆန်ကို ထုတ်သုံးခဲ့တာဟာ အာတီတာရဲ့မဟာအမှားကြီးဘဲလို့ မှတ်ချက်ပြုပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီက ဂိုးသမား အီမီလီယန်နိုမာတီနက်ဇ်ကို အက်စ်တွန်ဗီလာထံရောင်းချပြီး ရူနာဆန် နဲ့အစားထိုးခဲ့တာပါ။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အတွက် လက်စွမ်းပြနိုင်ခဲ့သေးသလို ဒီရာသီမှာလည်း ဗီလာအတွက် လက်စွမ်းပြပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဂိုးသမားတွေထဲမှာပါဝင်တဲ့သူအဖြစ်သတ်မှတ်ခံထားရပါတယ်။

အိုက်စလန်လက်ရွေးစင်ဖြစ်တဲ့ ရူနာဆန်ဟာ ဒီဂျွန်ကနေပြောင်းလာတဲ့သူဖြစ်ပြီး၄ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးထားသူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးကို ဂိုးထဲျပန္ပုတ္ထည့္တဲ့ ဂိုးသမားေၾကာင့္ နည္းျပအာတီတာ ဖိအားဝင္

မန္စီးတီးကို ၄-၁ နဲ႔အိမ္ကြင္းမွာရႈံးနိမ့္ခဲ့တဲ့ လိဂ္ဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ဆိုး႐ြားတဲ့အမွားက်ဴးလြန္ခဲ့တဲ့ ဂိုးသမား အဲလက္စ္႐ူနာဆန္ေၾကာင့္ ဘန္းလီႏိုကိုမသုံးခဲ့တဲ့ အာဆင္နယ္နည္းျပ အာတီတာရဲ႕ဆုံးျဖတ္ခ်က္ကို ပရိသတ္ေတြက ေဝဖန္ေမးခြန္းထုတ္ေနၾကပါတယ္။ ပြဲခ်ိန္ ၅၄ မိနစ္မွာ အာဆင္နယ္ဂိုးဧရိယာထိပ္မွာ မန္စီးတီးက ဖရီးကစ္ရခဲ့ပါတယ္။ ဒါကို မာရက္ဇ္က ကန္သြင္းရာမွာ ႐ူနာဆန္က အလြယ္တကူပုတ္ထုတ္ႏိုင္တဲ့ အေနအထားျဖစ္ေပမယ့္ သူ႔ရဲ႕ေဘာလုံးကို လက္သီးနဲ႔ထိုးခ်က္မပီျပင္မႈေၾကာင့္ ေဘာလုံးကို ဂိုးထဲပုတ္ထည့္သလို ျဖစ္သြားရတာပါ။

႐ူနာဆန္က ေဘာလုံးကိုပုတ္ထုတ္ခ်ိန္မွာ အေဝးကိုေရာက္သြားမယ္လို႔ ထင္မွတ္ခဲ့ေပမယ့္ ဂိုးထဲတန္းေရာက္သြားလို႔ အံအားသင့္ခဲ့ၾကရပါတယ္။ ဒီဂိုးေၾကာင့္ မန္စီးတီးဟာ အာဆင္နယ္ကို ၂-၁ နဲ႔ဦးေဆာင္ႏိုင္ခဲ့တာပါ။ ႐ူနာဆန္ဟာ မန္စီးတီးက အဖြင့္ဂိုးအတြက္လည္း မွားယြင္းခဲ့ေသးသူျဖစ္ၿပီး ဂ်ီးဆပ္ရဲ႕ေခါင္းတိုက္ခ်က္ကို အလြယ္တကူ ခြင့္ျပဳေပးလိုက္ရတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ သူတို႔ရဲ႕ဒီရာသီတစ္ခုတည္းေသာ ဆုဖလားေမွ်ာ္လင့္ခ်က္ ျဖစ္ႏိုင္တဲ့ လိဂ္ဖလားကေန ထြက္လိုက္ရၿပီျဖစ္လို႔ အေရးႀကီးတဲ့ ကြာတားဖိုင္နယ္လိုပြဲမ်ိဳးမွာ ဦးစားေပးဂိုးသမား ဘန္းလီႏိုကို မသုံးခဲ့တဲ့အေပၚ ပြဲအၿပီးမွာ ပရိသတ္ေတြကေရာ ကြၽမ္းက်င္သူေတြကပါ အာတီတာကို ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

Sky Sports ရဲ႕ေဘာလံုးပြဲသံုသပ္သူတစ္ဦးျဖစ္တဲ့ ေဂ်မီရက္နပ္ကဆိုရင္ ႐ူနာဆန္ကို ထုတ္သုံးခဲ့တာဟာ အာတီတာရဲ႕မဟာအမွားႀကီးဘဲလို႔ မွတ္ခ်က္ျပဳပါတယ္။ အာတီတာဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဂိုးသမား အီမီလီယန္ႏိုမာတီနက္ဇ္ကို အက္စ္တြန္ဗီလာထံေရာင္းခ်ၿပီး ႐ူနာဆန္ နဲ႔အစားထိုးခဲ့တာပါ။ မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္အတြက္ လက္စြမ္းျပႏိုင္ခဲ့ေသးသလို ဒီရာသီမွာလည္း ဗီလာအတြက္ လက္စြမ္းျပၿပီး ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး ဂိုးသမားေတြထဲမွာပါဝင္တဲ့သူအျဖစ္သတ္မွတ္ခံထားရပါတယ္။ အိုက္စလန္လက္ေ႐ြးစင္ျဖစ္တဲ့ ႐ူနာဆန္ဟာ ဒီဂြၽန္ကေနေျပာင္းလာတဲ့သူျဖစ္ၿပီး၄ ႏွစ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားသူျဖစ္ပါတယ္။