
မီခေးလ်အာတီတာဟာမနေ့ညတုန်းကနော်တင်ဟမ်ဖောရက်စ်နှင့်
အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာပွဲချိန် ၃၃မိနစ်မှာဘဲ
ဘယ်နောက်ခံလူနူနိုတာဗာရက်စ်ကိုလူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။
အသက်၂၁နှစ်ရှိပေါ်တူဂီယူ-၂၁လက်ရွေးစင်ဟာ စီးတီးဂရောင်းမှာ
ကစားတဲ့အက်ဖ်အေဖလားပွဲမှာပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့အာတီတာဟာတာဗာရက်စ်ရဲ့ဘောလုံးဆုံးရှုံးမှုများစွာကို
မြင်တွေ့ရပြီးနောက်လူစားလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။တာဗာရက်စ်နေရာကို
ပထမဦးစားပေးဘယ်နောက်ခံလူတီယာနေးကိုထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။
တာဗာရက်စ်ဟာလူစားလဲလှယ်ခြင်းခံရပြီးနောက်လက်အိတ်ကိုချွတ်ပြီး
ကွင်းမြက်ခင်းမှာလွှင့်ပစ်ခဲ့သလိုဆံပင်စည်းထားမှုကိုလည်းဖြေချခဲ့ပါတယ်။
သူ့ပုံစံကဒေါသတကြီးနိုင်နေပါတယ်။
အာဆင်နယ်နည်းပြအဖွဲ့ဝင်တစ်ဦးကသူ့ကိုနှစ်သိမ့်မှုပြုလုပ်ခဲ့ပေမဲ့
သူ့ကလက်ခံချင်ပုံမရပါဘူး။တကယ်တော့တာဗာရက်စ်ဟာယင်းပွဲမှာ
ခြေစွမ်းတော်တော်ဆိုးရွားခဲ့တာပါ။မိနစ်၃၀အတွင်းမှာဘဲ
ဘောလုံးဆုံးရှုံးမှု၉ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်ဟာတာဗာရက်စ်ကိုစောစောစီးစီးလူစားလဲလှယ်မှုပြုလုပ်ခဲ့ပေမဲ့
အသင်းငယ်လေးနော်တင်ဟမ်ဖောရက်စ်ကိုပွဲချိန်၈၃မိနစ်မှာ
ဘရစ်ဘင်သွင်းယူတဲ့ဂိုးကြောင့်၁-ဝဂိုးဖြင့်ရှုံးနိမ့်ပြီး
အက်ဖ်အေဖလားပြိုင်ပွဲမှစောစောစီးစီးထွက်ခဲ့ရပါတယ်။
zawgyi
ေဘာလုံးဆုံးရႈံးမႈမ်ားစြာလုပ္ခဲ့လို႔ အာတီတာရဲ႕ လူစားလဲမႈအေပၚ တာဗာရက္စ္ ေပါက္ကြဲ
မီေခးလ္အာတီတာဟာမေန႔ညတုန္းကေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္
အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာပြဲခ်ိန္ ၃၃မိနစ္မွာဘဲ
ဘယ္ေနာက္ခံလူႏူႏိုတာဗာရက္စ္ကိုလူစားလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။
အသက္၂၁ႏွစ္ရွိေပၚတူဂီယူ-၂၁လက္ေ႐ြးစင္ဟာ စီးတီးဂေရာင္းမွာ
ကစားတဲ့အက္ဖ္ေအဖလားပြဲမွာပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။
ဒါေပမဲ့အာတီတာဟာတာဗာရက္စ္ရဲ႕ေဘာလုံးဆုံးရႈံးမႈမ်ားစြာကို
ျမင္ေတြ႕ရၿပီးေနာက္လူစားလဲဖို႔ဆုံးျဖတ္ခဲ့ပါတယ္။တာဗာရက္စ္ေနရာကို
ပထမဦးစားေပးဘယ္ေနာက္ခံလူတီယာေနးကိုထည့္သြင္းခဲ့တာလည္းျဖစ္ပါတယ္။
တာဗာရက္စ္ဟာလူစားလဲလွယ္ျခင္းခံရၿပီးေနာက္လက္အိတ္ကိုခြၽတ္ၿပီး
ကြင္းျမက္ခင္းမွာလႊင့္ပစ္ခဲ့သလိုဆံပင္စည္းထားမႈကိုလည္းေျဖခ်ခဲ့ပါတယ္။
သူ႔ပုံစံကေဒါသတႀကီးႏိုင္ေနပါတယ္။
အာဆင္နယ္နည္းျပအဖြဲ႕ဝင္တစ္ဦးကသူ႔ကိုႏွစ္သိမ့္မႈျပဳလုပ္ခဲ့ေပမဲ့
သူ႔ကလက္ခံခ်င္ပုံမရပါဘူး။တကယ္ေတာ့တာဗာရက္စ္ဟာယင္းပြဲမွာ
ေျခစြမ္းေတာ္ေတာ္ဆိုး႐ြားခဲ့တာပါ။မိနစ္၃၀အတြင္းမွာဘဲ
ေဘာလုံးဆုံးရႈံးမႈ၉ႀကိမ္အထိျပဳလုပ္ခဲ့ပါတယ္။
အာဆင္နယ္ဟာတာဗာရက္စ္ကိုေစာေစာစီးစီးလူစားလဲလွယ္မႈျပဳလုပ္ခဲ့ေပမဲ့
အသင္းငယ္ေလးေနာ္တင္ဟမ္ေဖာရက္စ္ကိုပြဲခ်ိန္၈၃မိနစ္မွာ
ဘရစ္ဘင္သြင္းယူတဲ့ဂိုးေၾကာင့္၁-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီး
အက္ဖ္ေအဖလားၿပိဳင္ပြဲမွေစာေစာစီးစီးထြက္ခဲ့ရပါတယ္။