
ဘောလုံးအားကစားလောကမှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်မှုတွေရှိတဲ့
အမျိုးသား၊ အမျိုးသမီးတွေရှိကြပါတယ်။ အခုတင်ဆက်ပေးချင်တာကတော့
အာရှတိုက်က ပျိုဖြူချော အကြောင်းပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ဗန်ကောက်၊ ရမ်အင်ထာနယ်မြေ၊
ဂရင်းဖီးလ်ဒ်ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ စိုင်ယမ်ကီလာအသင်းရဲ့
အထူး ပွဲစဉ်မှာ အမျိုးသားတွေနဲ့ယှဉ်ပြီးခြေစွမ်းပြခဲ့တဲ့ မိန်းမပျို လေးတစ်ဦးရဲ့ပုံတွေ
အွန်လိုင်းပေါ်ပျံ့နှံ့သွားတဲ့နောက်မှာ ဘောလုံးပရိသတ်တွေအကြားလူပြောများပြီး
သူမကို နေ့ချင်းညချင်း စိတ်ဝင်စားသူများလာပါတယ်။
ဘောလုံးကစားတဲ့ ပျိုမေလေးရဲ့နာမည်ကတော့ “ဆန်နီ”ခေါ်
ထန်ယာရတ် နောင်ဝရန်ဖွန် ဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံနာမည်ကြီး
မဟိဒွန်းတက္ကသိုလ်မှာ ပညာသင်ကြားနေစဉ်က တက္ကသိုလ်အသင်းမှာ ပါဝင်ကစားဖူးပါတယ်။
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က Metropolitan University ကနေ
ဈေးကွက်ဘာသာရပ်အထူးပြုနဲ့ ကျောင်းပြီးထားတဲ့သူမဟာ
The Mall Group လုပ်ငန်းစုမှာ မားကက်တင်းအလုပ်ကိုလုပ်ကိုင်နေပါတယ်။
ချောမော လှပတဲ့သူမဟာ အနုပညာ လောကနဲ့ လည်း မစိမ်းပါဘူး။
ဆန်နီဟာ ကြော်ငြာတွေ၊ အမ်တီဗီတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာလည်း
သရုပ်ဆောင်ဖူးသူတစ်ဦးဖြစ်ပါတယ်။
ဆန်နီဟာ ထိုင်းလူမျိုးစစ်စစ်တစ်ဦးဆိုပေမယ့် အင်္ဂလိပ်နဲ့တရုတ်ဘာသာစကားကို
ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သလို ဘတ်စကက်ဘော၊ ဘော်လီဘော၊
ကြက်တောင်၊ တင်းနစ်၊ ရေကူး စတဲ့အားကစားတွေကိုနှစ်သက်သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဂျူဒို၊ ကွန်ဖူး၊ တိုင်ကွမ်ဒို၊ ကရာတေး စတဲ့ကိုယ်ခံပညာတွေကိုလည်း
တတ်မြောက်ထားပါတယ်။ သူမအခုံမင်ဆုံးအားကစားကတော့ဘောလုံး
အားကစားဖြစ်ပါတယ်။ မန်ချက်စတာမြို့မှာကျောင်းတက်ခဲ့ပေမယ့်သူမဟာ
လီဗာပူးအသင်းရဲ့ပရိသတ်တစ်ဦးဖြစ်ပါတယ်။
zawgyi
ေဘာလုံးပရိသတ္ေတြအၾကားလူေျပာမ်ားၿပီး သူမကို ေန႔ခ်င္းညခ်င္း စိတ္ဝင္စားသူမ်ားလာတဲ့ ထိုင္းေဘာလုံးသမေလး
ေဘာလုံးအားကစားေလာကမွာ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္မႈေတြရွိတဲ့
အမ်ိဳးသား၊ အမ်ိဳးသမီးေတြရွိၾကပါတယ္။ အခုတင္ဆက္ေပးခ်င္တာကေတာ့
အာရွတိုက္က ပ်ိဳျဖဴေခ်ာ အေၾကာင္းပါ။
ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၉ ရက္ေန႔က ဗန္ေကာက္၊ ရမ္အင္ထာနယ္ေျမ၊
ဂရင္းဖီးလ္ဒ္ေဘာလုံးကြင္းမွာ က်င္းပခဲ့တဲ့ စိုင္ယမ္ကီလာအသင္းရဲ႕
အထူး ပြဲစဥ္မွာ အမ်ိဳးသားေတြနဲ႔ယွဥ္ၿပီးေျခစြမ္းျပခဲ့တဲ့ မိန္းမပ်ိဳ ေလးတစ္ဦးရဲ႕ပုံေတြ
အြန္လိုင္းေပၚပ်ံ႕ႏွံ႔သြားတဲ့ေနာက္မွာ ေဘာလုံးပရိသတ္ေတြအၾကားလူေျပာမ်ားၿပီး
သူမကို ေန႔ခ်င္းညခ်င္း စိတ္ဝင္စားသူမ်ားလာပါတယ္။
ေဘာလုံးကစားတဲ့ ပ်ိဳေမေလးရဲ႕နာမည္ကေတာ့ “ဆန္နီ”ေခၚ
ထန္ယာရတ္ ေနာင္ဝရန္ဖြန္ ျဖစ္ပါတယ္။ သူမဟာ ထိုင္းႏိုင္ငံနာမည္ႀကီး
မဟိဒြန္းတကၠသိုလ္မွာ ပညာသင္ၾကားေနစဥ္က တကၠသိုလ္အသင္းမွာ ပါဝင္ကစားဖူးပါတယ္။
အဂၤလန္ႏိုင္ငံ မန္ခ်က္စတာၿမိဳ႕က Metropolitan University ကေန
ေဈးကြက္ဘာသာရပ္အထူးျပဳနဲ႔ ေက်ာင္းၿပီးထားတဲ့သူမဟာ
The Mall Group လုပ္ငန္းစုမွာ မားကက္တင္းအလုပ္ကိုလုပ္ကိုင္ေနပါတယ္။
ေခ်ာေမာ လွပတဲ့သူမဟာ အႏုပညာ ေလာကနဲ႔ လည္း မစိမ္းပါဘူး။
ဆန္နီဟာ ေၾကာ္ျငာေတြ၊ အမ္တီဗီေတြနဲ႔႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း
သ႐ုပ္ေဆာင္ဖူးသူတစ္ဦးျဖစ္ပါတယ္။
ဆန္နီဟာ ထိုင္းလူမ်ိဳးစစ္စစ္တစ္ဦးဆိုေပမယ့္ အဂၤလိပ္နဲ႔တ႐ုတ္ဘာသာစကားကို
ကြၽမ္းကြၽမ္းက်င္က်င္ေျပာႏိုင္သလို ဘတ္စကက္ေဘာ၊ ေဘာ္လီေဘာ၊
ၾကက္ေတာင္၊ တင္းနစ္၊ ေရကူး စတဲ့အားကစားေတြကိုႏွစ္သက္သူလည္းျဖစ္ပါတယ္။
ဒါ့အျပင္ ဂ်ဴဒို၊ ကြန္ဖူး၊ တိုင္ကြမ္ဒို၊ ကရာေတး စတဲ့ကိုယ္ခံပညာေတြကိုလည္း
တတ္ေျမာက္ထားပါတယ္။ သူမအခုံမင္ဆုံးအားကစားကေတာ့ေဘာလုံး
အားကစားျဖစ္ပါတယ္။ မန္ခ်က္စတာၿမိဳ႕မွာေက်ာင္းတက္ခဲ့ေပမယ့္သူမဟာ
လီဗာပူးအသင္းရဲ႕ပရိသတ္တစ္ဦးျဖစ္ပါတယ္။