ဘောလုံးပိုင်ဆိုင်မှု ၈၅% ရှိတဲ့စပိန် နိုင်ပွဲပျောက်တဲ့ ပထမဆုံးအသင်းကြီးဖြစ်လာ

ဆီဗီးလ်မှာ ကျင်းပခဲ့တဲ့ပွဲမှာတော့ စပိန်ဟာ ဆွီဓင်အသင်းအပေါ် လွှမ်းမိုးနိုင်မှုကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။
စပိန်ဟာ ဒီနှစ်ယူရိုမှာ နိုင်ပွဲပျောက်တဲ့ ပထမဆုံးအသင်းကြီးဖြစ်လာပြီး တိုက်စစ်နဲ့ ခံစစ် အားပြိုင်မှုမှာ ဆွီဒင်က အသာရသွားပါတယ်။

စပိန်အသင်းအတွက် အကောင်းဆုံးအခွင့်အရေးအဖြစ် တိုက်စစ်မှူး မိုရာတာ အပိုင်ကန်သွင်းခွင့်ရပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။
ဒါ့အပြင် လိုက်ပ်ဇစ်ကွင်းလယ်တိုက်စစ်သမား အိုလ်မိုရဲ့အနီးကပ်ခေါင်းတိုက်ချက်ကို ဆွီဒင်ဂိုးသမား ရော်ဘင်အိုလ်ဆင်ကာကွယ်နိုင်ခဲ့ပြီး ဧရိယာထဲကနေ ကွင်းလယ်လူ ကိုကီရဲ့ကန်သွင်းချက်ကလည်း ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။


စပိန်ခံစစ်ကို ၂၀၂၀-၂၁ လာလီဂါ လူငယ်အကောင်းဆုံးကစားသမားဆုရှင် အီဆက်က အဓိကဒုက္ခပေးသွားပါတယ်။

သူ့ရဲ့ကန်သွင်းချက်တစ်ကြိမ်က စပိန်နောက်ခံလူတစ်ဦးနဲ့ထိကာ တိုင်ထိထွက်လာပြီးမှ စပိန်ဂိးုသမား ဆိုင်မွန် ဖမ်းမိသွားတာပါ။


အီဆက်ဟာ အသင်းဖော် မားကပ်စ်ဘတ်အတွက်လည်း အကောင်းဆုံးအခွင့်အရေးဖန်တီးနိုင်ခဲ့ပေမယ့် မားကပ်စ်ဘတ်ရဲ့ကန်သွင်းချက်က ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။
ယူရို ၂၀၀၈ နဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲတွေမှာ ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ စပိန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၈၅ %အထိရှိပေမယ့် ဆွီဒင်က အကောင်းဆုံးခုခံကစားသွားပါတယ်။


စပိန်ဟာ ပထမပိုင်းမှာပဲ ဘောလုံးပေးပို့မှု ၄၁၉ ကြိမ်အထိရှိရာ အချက်အလက်တွေ စတင်စုဆောင်းခဲ့တဲ့ ၁၉၈၀ နောက်ပိုင်း ယူရိုမှာ ပထမပိုင်းအတွင်း ဘောလုံးပေးပို့မှုအများဆုံးအသင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
စုစုပေါင်း ဘောလုံးပေးပို့မှု ၉၁၇ ကြိမ်ရှိခဲ့တဲ့ စပိန်ဟာ ပွဲထွက်စာရင်းမှာ အဆုံးသတ်ကစားသမားပါဝင်မှု ကင်းမဲ့နေတာက အဓိကပြဿနာဖြစ်ပါတယ်။


မိုရာတာက ၁၉ဂိုးသွင်းယူကာ ကလပ်အသင်းကြီးတွေမှာ ကစားခဲ့၊ ကစားနေဆဲဖြစ်ပေမယ့် သူ့ရဲ့ရွေ့လျားမှု၊ နေရာယူမှုတွေက အလုပ်မဖြစ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်အတွက် ဂိုး ၃၀သွင်းယူခဲ့တဲ့ တိုက်စစ်မှူး မိုရီနိုက ပွဲချိန် ၇၅ မိနစ်ရောက်တဲ့အထိ အရန်ခုံမှာ ထိုင်နေခဲ့ရသလို ဝင်လာတော့လည်း နာကျင်အချိန်ပိုမှာ အပိုင်အခွင့်အရေးအဖြစ် ခေါင်းတိုက်တာကို ဂိုးသမား အိုလ်ဆင် ကာကွယ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ဟာ အင်္ဂလန်မှာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပေမယ့် သူ့နိုင်ငံအတွက်တော့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး အုပ်စု E ရဲ့တခြားပွဲစဉ်မှာလည်း ပိုလန်ကို ဆလိုဗက်ကီးယားက ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ ဒီအုပ်စုက မှန်းဆရခက်လာနိုင်ပါတယ်။

Zawgyi

ေဘာလုံးပိုင္ဆိုင္မႈ ၈၅% ရွိတဲ့စပိန္ ႏိုင္ပြဲေပ်ာက္တဲ့ ပထမဆုံးအသင္းႀကီးျဖစ္လာ
ဆီဗီးလ္မွာ က်င္းပခဲ့တဲ့ပြဲမွာေတာ့ စပိန္ဟာ ဆြီဓင္အသင္းအေပၚ လႊမ္းမိုးႏိုင္မႈကို ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့ဘဲ စိတ္ပ်က္စရာရလဒ္နဲ႔ ရင္ဆိုင္သြားခဲ့ရပါတယ္။
စပိန္ဟာ ဒီႏွစ္ယူ႐ိုမွာ ႏိုင္ပြဲေပ်ာက္တဲ့ ပထမဆုံးအသင္းႀကီးျဖစ္လာၿပီး တိုက္စစ္နဲ႔ ခံစစ္ အားၿပိဳင္မႈမွာ ဆြီဒင္က အသာရသြားပါတယ္။
စပိန္အသင္းအတြက္ အေကာင္းဆုံးအခြင့္အေရးအျဖစ္ တိုက္စစ္မွဴး မိုရာတာ အပိုင္ကန္သြင္းခြင့္ရေပမယ့္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားပါတယ္။
ဒါ့အျပင္ လိုက္ပ္ဇစ္ကြင္းလယ္တိုက္စစ္သမား အိုလ္မိုရဲ႕အနီးကပ္ေခါင္းတိုက္ခ်က္ကို ဆြီဒင္ဂိုးသမား ေရာ္ဘင္အိုလ္ဆင္ကာကြယ္ႏိုင္ခဲ့ၿပီး ဧရိယာထဲကေန ကြင္းလယ္လူ ကိုကီရဲ႕ကန္သြင္းခ်က္ကလည္း ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားပါတယ္။

စပိန္ခံစစ္ကို ၂၀၂၀-၂၁ လာလီဂါ လူငယ္အေကာင္းဆုံးကစားသမားဆုရွင္ အီဆက္က အဓိကဒုကၡေပးသြားပါတယ္။
သူ႕ရဲ႕ကန္သြင္းခ်က္တစ္ႀကိမ္က စပိန္ေနာက္ခံလူတစ္ဦးနဲ႔ထိကာ တိုင္ထိထြက္လာၿပီးမွ စပိန္ဂိးုသမား ဆိုင္မြန္ ဖမ္းမိသြားတာပါ။
အီဆက္ဟာ အသင္းေဖာ္ မားကပ္စ္ဘတ္အတြက္လည္း အေကာင္းဆုံးအခြင့္အေရးဖန္တီးႏိုင္ခဲ့ေပမယ့္ မားကပ္စ္ဘတ္ရဲ႕ကန္သြင္းခ်က္က ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။
ယူ႐ို ၂၀၀၈ နဲ႔ ယူ႐ို ၂၀၁၂ ၿပိဳင္ပြဲေတြမွာ ဆက္တိုက္ဗိုလ္စြဲခဲ့တဲ့ စပိန္ဟာ ဒီပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၈၅ %အထိရွိေပမယ့္ ဆြီဒင္က အေကာင္းဆုံးခုခံကစားသြားပါတယ္။
စပိန္ဟာ ပထမပိုင္းမွာပဲ ေဘာလုံးေပးပို႔မႈ ၄၁၉ ႀကိမ္အထိရွိရာ အခ်က္အလက္ေတြ စတင္စုေဆာင္းခဲ့တဲ့ ၁၉၈၀ ေနာက္ပိုင္း ယူ႐ိုမွာ ပထမပိုင္းအတြင္း ေဘာလုံးေပးပို႔မႈအမ်ားဆုံးအသင္းအျဖစ္ မွတ္တမ္းတင္ခဲ့ပါတယ္။

စုစုေပါင္း ေဘာလုံးေပးပို႔မႈ ၉၁၇ ႀကိမ္ရွိခဲ့တဲ့ စပိန္ဟာ ပြဲထြက္စာရင္းမွာ အဆုံးသတ္ကစားသမားပါ၀င္မႈ ကင္းမဲ့ေနတာက အဓိကျပႆနာျဖစ္ပါတယ္။
မိုရာတာက ၁၉ဂိုးသြင္းယူကာ ကလပ္အသင္းႀကီးေတြမွာ ကစားခဲ့၊ ကစားေနဆဲျဖစ္ေပမယ့္ သူ႕ရဲ႕ေရြ႕လ်ားမႈ၊ ေနရာယူမႈေတြက အလုပ္မျဖစ္ခဲ့ပါဘူး။
ၿပီးခ့ဲတဲ့ရာသီက ဗီလာရီးရဲလ္အတြက္ ဂိုး ၃၀သြင္းယူခဲ့တဲ့ တိုက္စစ္မွဴး မိုရီႏိုက ပြဲခ်ိန္ ၇၅ မိနစ္ေရာက္တဲ့အထိ အရန္ခုံမွာ ထိုင္ေနခဲ့ရသလို ၀င္လာေတာ့လည္း နာက်င္အခ်ိန္ပိုမွာ အပိုင္အခြင့္အေရးအျဖစ္ ေခါင္းတိုက္တာကို ဂိုးသမား အိုလ္ဆင္ ကာကြယ္ႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္ေနာက္ခံလူ လင္ဒီေလာ့ဖ္ဟာ အဂၤလန္မွာ ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ေနရေပမယ့္ သူ႕ႏိုင္ငံအတြက္ေတာ့ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ၿပီး အုပ္စု E ရဲ႕တျခားပြဲစဥ္မွာလည္း ပိုလန္ကို ဆလိုဗက္ကီးယားက ၁-၂ ဂိုးနဲ႔ အႏိုင္ရခဲ့လို႔ ဒီအုပ္စုက မွန္းဆရခက္လာႏိုင္ပါတယ္။